Poem
နှောင်းလူတို့နားလည်လွယ်အောင်
ကျွန်တော် စကားပြေပြန်ပေးပါရစေ..
ဆရာကြီး😁😁..
ရွှေကျွန်းတောပြောင်
မြက်ယောင်ယောင်ကျန် နိုင်ငံအတွက်
ဘာဆက်လုပ်မည်နည်း...
ကျောက်မျက်မြေသုဉ်း
ဗြုန်း ပင်မကျန် နိုင်ငံအတွက်
ဘာဆက်လုပ်မည်နည်း...
လောင်စာဓာတ်ငွေ့
ပြည့်ပြင်ရောင်းချန် နိုင်ငံအတွက်
ဘာဆက်လုပ်မည်နည်း...
သားငါးပုဇွန်
ကောင်းမကျန်သည့် နိုင်ငံအတွက်
ဘာဆက်လုပ်မည်နည်း...
ရွယ်ကောင်းမောင်းသန်
လုပ်သားကျွန်ဖြစ် နိုင်ငံအတွက်
ဘာဆက်လုပ်မည်နည်း...
သြော်...
နေရာလူမှန်
ကင်းမဲ့ပြန်သည့် နိင်ငံအတွက်
ရှေ့ဆက်ဘာလုပ် သွေးပျက်ဆုတ်လာ
မလှုပ်သာပြီ ရှေ့မှာရောင်ခြည်
ရွှေပြည်မျှော်ငေး ကလေးလို။
နှောင်းလူတို့နားလည်လွယ်အောင်
ကျွန်တော် စကားပြေပြန်ပေးပါရစေ..
ဆရာကြီး😁😁.
အဟန့်....
...
လွယ်လွယ်ပဲပြန်လိုက်ပါမယ်..
(ရွှေ၊ကြေးနီ နှင့်သစ်တောများပျောက်ဆုံးပြီး
မြက်သာယောင်ယောင်ကလေး ကျန်တော့တဲ့
မိမိနိုင်ငံတော်ကြီးအတွက်သင် ဘာဆက်လုပ်
မည်နည်း။
ကျောက်မျက်ရတနာတွေထွက်တဲ့မြေလည်း
မရှိတော့်၊လောင်စာဓာတ်ငွေ့တွေရောင်းစား
လို့လည်းမကျန်တော့၊နိုင်ငံထွက် သားငါး
ပုဇွန်ကောင်းလည်းမရှိတော့၊အားကောင်း
မောင်းသံလှတဲ့ မြန်မာပြည်သားတွေလည်း
သူများနိုင်ငံမှာ ကျွန်ဖြစ်နေရ
အစရှိသည်တို့အတွက် မိမိနိုင်ငံတော်ကြီးအတွက်သင် ဘာဆက်လုပ်
မည်နည်း။
သြော်...
ရှေ့ဆက်တဖြည်းဖြည်း ဆုတ်ယုတ်လာတဲ့
အမိမြန်မာနိုင်ငံတော်ကြီးအတွက်
နေရာမှန် လူမှန်ရောက်လာမည့်နေ့ကို
မျှော်နေမိတဲ့ ငါ့အဖြစ်က
ကလေးတစ်ယောက်လိုပါပဲလား..
ဟန်းးး.....(သက်ပြင်းချသံ😁)
ဆရာ့ရဲ့ ဓားပဲ့ကြီး-Phရန်ပြန်း(ဒေါက်တာ
ရမ်းပြန်😁)