ခက်တယ်လေ

in #esteem7 years ago

ခါးသီးသောနေ့ရက်များနဲ့အတူ ဖြတ်သန်းခဲ့ရတာတွေရှိသလို နာကျင်သောနှလုံးသားနဲ့အတူအိပ်စက်ခဲ့ရချိန်တွေရှိတယ်



မွန်းကြပ်သောလေကို အသက်မဝစွာရှူရှိုက်ဖူးသလို ကြိမ်ဖန်များစွာသက်ပြင်းချပြီးအသက် ရှင်သန်ဖို့ သည်းခံထားရဖူးတယ်



ဟန်ဆောင်သောအပြုံးတုတွေကို အပြုံးအလှအဖြစ်ထင်မြင်တွေ့ခဲ့ဖူးသလို မာယာကြွယ်သောအပြောတွေကို ချိုမြိန်စွာနဲ့အသုံးချရဖူးတယ်



ရင်ထဲမှာငိုကြွေးမှုများစွာနဲ့ ရယ်မောပျော်ရွှင်ခဲ့ရသလို ပျက်ရယ်ပြုသံတွေကြား မျက်ရည်မကျအောင် အံကြိတ်ကာထိန်းထားခဲ့ဖူးတယ်
image
မလိုချင်တဲ့အဖြစ်အပျက်တွေကို မေ့ပျောက်ကာကြိုးစားရင်း သတိရမိနေသလို မေ့ဖျောက်လို့အောင်မြင်သွားခါမှ သတိတရပြန်ဖြစ်အောင် အစပြန်ဖော်ဖို့ စပ်စုမေးမြန်းတာတွေရှိခဲ့ဖူးတယ်



အဆင်ပြေစွာနဲ့လျှောက်နေရတဲ့လမ်းမှာ အခက်အခဲတစ်ခုကြောင့် လမ်းမှားတယ်ထင်ခဲ့သလို ယုံကြည်စွာနဲ့ဆက်လျှောက်ဖို့အားပေးရင်း လမ်းမှန်ရောက်သွားဖူးတယ်

Coin Marketplace

STEEM 0.16
TRX 0.24
JST 0.033
BTC 93530.63
ETH 2486.79
SBD 0.67