လူလူချင်းဘဲ
တောသားဖြစ်ဖြစ် မြို့သားဖြစ်ဖြစ်
ရိုးသားသူက ရိုးသားတာပဲ
ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်
သစ္စာစောင့်သိသူက သစ္စာရှိတာပဲ
ပညာတတ်သူဖြစ်ဖြစ် ပညာမတတ်သူဖြစ်ဖြစ်
ကိုယ်ချင်းစာတတ်သူက စာနာတတ်တာပဲ
ဘယ်အရာကမှ ပုံသေမရှိပါဘူး
အရေးကြီးတာက သဟဇာတ ဖြစ်အောင်
နေတတ် ပြောတတ် စိတ်ထားတတ်ဖို့ပါပဲ