အချစ်ရဲ့ နောက်ကွယ်မယ် . . မေရယ်
မြင်မြင်ခြင်းဘဲ ခင်မိတယ်လေ
တွေ့တွေ့ခြင်းဘဲ ရင်ခုန်မိတာလေ
မျက်စိထဲက ထွက်ကိုမထွက်ဘူးလေ
အချိန်တိုင်းသတိရနေတာလေ
စိတ်မချတာ ခနခန ဖြစ်နေတယ်လေ
ပိုင်ဆိုင်ချင်တာ တကယ်ပါလေ
ဆုံးရှုံး မှာကို ကြောက်တာလေ
ဝေးသွားမှာကို စိုးတယ်လေ
နေ့တိုင်း တွေ့ချင်နေတာလေ
မျက်စိအောက်က အပြောက်မခံချင်တော့ဘူးလေ
အရမ်းလှနေလို့ ရူးမတတ်ဖြစ်နေတာလေ
ညှို့အားကောင်းတဲ့ ချစ်သူရေ လေ
ချစ်သူမလို့ မခွဲချင်တော့ဘူးလေ
မိဘတွေကို လာတောင်းခိုင်းတော့မယ် လေ
သဘောမတူတူ ရအောင်ယူမယ်လေ
ငွေမရှိရှိ ရအောင်ယူမယ်လေ
လူသားတိုင်း ပြောဖြစ်နေကြ စကားလေးတွေဖြစ်ပေတယ် ။ သို့သော် ချစ်တဲ့သူတိုင်းလည်း မညားကြပေ။ ညားတဲ့ သူတိုင်းတော့ ချစ်ကြပေတော့သည်။ ကတိတွေ အကြိမ်ကြိမ် ပေးသော်လည်း အလွဲများဖြင့် ရင်ဆိုင်ဘူးကြလေတော့သည်။
အတိက် ကံ ရေစက်ပါမှ ပေါင်းရပေမည်မဟုတ်လော။
"အကြိမ်ကြိမ် အခါခါ ရှုံးလည်း ယုံကြည်တာတွေ မစွန့်လွှတ်လိုက်ပါနဲ့ " ဆိုသော သိချင်းလေးက လွမ်းပြနေပေတော့မည်။
လှလို့ဘဲ ချစ်ချစ် ချစ်လို့ဘဲ လှလှ အချစ်တိုင်း ကိုယ်စီကိုယ်စီလှကြပေတော့သည်။ လုံမပျိုလေးတိုင်း အလှကိုယ်စီ အပြုံးကိုယ်စီ အချစ်ကိုယ်စီဖြင့် လောကမယ်
အချိန်တွေနဲ့ ထပ်တူ ရှိနေကြတာကလည်း အချစ်ကမ္ဘာ ကို သံသရာရှည်စေပြီး သံသရာ လည်စေပေတော့သည်။
ကျွန်တော်က မေ့ကို ချစ်သည်။ မေက ချစ်သူရှိနေသည်။ သို့သော် တစ်ဖက်သတ်အချစ်နဲ့ ကျွန်တော်ကတော့ လူပျိုကြီးတော့ အဖြစ်မခံလိုပေ။
တနေ့နေ့တော့ အချစ်တွေဠရှင်သန်ဖို့ ကံကြမ္မာ ဖန်တည်းပေလေပေလိမ့်မည်။
သံယောဇဉ်တွေ ရစ်ကာဖွဲ့လို့ လွှမ်းခြုံထားတဲ့ လောကမယ် အချစ်တွေ တနေရာစီ လွှင့်မြောနေလေတော့သည်။
အချစ်ရှာလျင် အချစ်ရပေမည်။အမုန်းရှာလျင် အမုန်းများ တွေ့လာပေတော့မည်။
နှလုံးသားက တောင့်တကြတယ် ဦးနောက်က လမ်းပြကြတယ် မျက်လုံးက ရှာဖွေနေတယ် အချစ်က ဘယ်ဆီရောက်နေနေ တွေ့လာပေတော့မည်။
ရေထဲမယ် ပုံးနေသော ပုလဲကောင်လေးတောင် ရ အောင်ရှာသေးတယ် အချစ်က လောကမယ် ပိုပေါပေတော့၏။ ကမာကောင် လေးတွေက ပုလဲလေးတွေရလာသလို ကျွန်တော်ချစ်သော မေ့ ဆီကလည်း အချစ်တွေ ရလာပေလိမ့်မည်။
အချစ်က အသက်ကိုရှည်စေ၏။အချစ်ကြောင့် သံယောဇဉ်တွေ ညှို့ယူထားပြီး ကမ္ဘာကြီးကို တင့်တယ် ခမ်းနားစေတော့သည်။
လောကမယ် ဖိုမ နှစ်ခုတည်ရှိနေလို့ ဆွဲငင်အားတွေ ဖြစ်နေပေတော့သည်။
လျှပ်စစ်တောင် အဖိုနှင့်အစ်မ တွေ့မှ မီလင်းသလို လူသားတွေလည်း အဖိုနှင့်အစ်မ ပေါင်းစပ်မှ မျိုးဆက်သစ် အလင်းတန်းလူသားများ ပွားများလာပေတော့မည်ဖြစ်ပေလေတော့သည်။
သင်နှင့် ကျွန်တော် တာဝန်သိလျင် တာဝန်ရှိပေ၏။ လူပျိုကြီး နှင့် အပျိုကြီး မဖြစ်ဖို့ အချစ်တွေက ဖိတ်ခေါ်နေတော့သည်။ မျိုးဆက်သစ်တွေ ကိုယ့်သွေးသား အမွေများ ပေးထားရစ်ခဲ့ဖို့ တာဝန်ရှိပေတော့သည်။
စီးပွားရေး မပြေလည်တာတွေ ဦးနောက် အရှုပ် မခံနိုင်သူများ မြန်မြန် အချစ်ရှာပြီး ပျော်ရွှင်သော ဘဝကို တည်ဆောက်ကြရပေမည်။ အခက်အခဲဆိုတာ အချစ်က ကျော်လွှားစေမည်ဖြစ်လေသည်။ အချစ်က တွန်းအား ကန်အား ပေးနေလေတော့သည်။ စိတ်ကို တက်ကြွစေသည်။ လေးမှိုင်နေမှုများကို လန်းဆန်းတက်ကြွစေပေမည်။ အချစ်က လူသားတိုင်းအတွက် ဆေးတစ်ခွက် နှင့်လည်း တူပေတော့၏။
အပျိုကြီး တစ်ယောက်ကို ကျွန်တော် အင်တာဗျူးဘူး၏။
အသက်တွေကြီးလာလို့ အရင်က အချစ်ကို ဦးစားမပေးသူ စီးပွားရေးဇောက်ချ မိသူ သို့သော် ရုပ်မလှ စိတ်ထားကောင်းပြီး အချစ်ကိုမေ့ထားသူဖြစ်လေသည်။
အသေးစိတ် မေးကြည့်တော့ အချစ်မရှိရင် မပြည့်စုံတာ တွေ တွေ့ရတယ်လို့ ပြောပြလေတော့သည်။ မိန်းခလေးများက ယောက်ျားလေးတိုင်းကို ဖိုနှင့်မ မလို့ ရင်ခုန်ကြပေမည်။ သို့သော် ယဉ်ကျေးမှုကိုးကွယ်မှု လူမှုရေးကျင့်ဝတ်များကြောင့် ပြောပိုင်ခွင့်မရပေ။ ရေလာမြောင်းပေး ခင်းကြရပေသည်။ ခင်ကြသည်။ အလေးထားလာမှ အချစ်ဆိုတာ အသက်ဝင်လာသည်မို့ သူချစ်သောသူ အခြားတစ်ယောက်နဲ့ ချစ်သွားခဲ့တာများလည်း ရှိခဲ့လို့ အပျိုကြီးဖြစ်နေကြသူများလည်း များလှပေတော့သည်။
အပျိုကြီးများ တခါတလေ စိတ်မရှည်ကြပေ။ စိတ်မရှည် ရင်းနဲ့ အသက်တွေကြီးလာပေတော့သည်။ အသက်ကြီးတော့ အချစ်တွေ ဝေကွာရင်းဖြင့် ဘဝကို အရှုံးပေးခဲ့သူများလည်း များစွာရှိလေပေတော့သည်။
အခုpost ကို ဖတ်ရင်း message လေးတစ်ခုတော့ ယူသွားစေချင်ပေတယ်။ အချစ်ရဲ့ နောက်ကွယ်မယ် ဖန်တည်းပြီး ရအောင် ယူနိုင်သူများက အချစ်ရဲ့ တန်ခိုးရှင်များ ဖြစ်နေလေတော့သည်။ အချစ်ဟာ မျက်စိမရှိပေမယ့် လူတိုင်းဆီတော့ ရောက်လာကြပေဘူးမည် ။ရောက်လာသောအချိန်များကို လိုသလို သုံးဆောင်ကြပါလို့" အချစ်"ကို တမ်းတလိုက်ပေတော့သတည်း။
by-@chitnaingoo
photo-google
နောက်ကွယ်မှာဘာရှိ
ပကြွေးလေ ဟဲ