📷

in #esteem7 years ago

ပြောထွက်​တတ်​တဲ့အဲဒီပါးစပ်​...
PPTT သင်​တန်းရယ်​ မစယသင်​တန်းရယ်​ စုံ​နေလို့
မနားရ မအားရ မ​မောနိုင်​ မပန်းနိုင် တစ်​​ကျောင်းနဲ့တစ်​​ကျောင်း ​ပြေးလွှားသင်​​ပေး​နေကြတဲ့ ပညာ​ရေး​ကောလိပ်​ကဆရာ ဆရာမ​တွေကို အ​မော​ပြေစရာ​ပြောသွားတဲ့စကားက လခစားချင်းအတူတူ​တွေမို့​လာသင်​​ပေးတဲ့ဆရာမ​တွေကို ​ရေ​တောင်​တိုက်​စရာမလိုဘူးဆိုပါလား...ဟယ် သူကတယ်ကိုရိုးပါလားလို့.....ကျမတို့လည်း ရိုးပါတယ်​လို့...မနိုင့်​တာဝန်​​တွေထမ်းရလွန်းလို့ အရိုး​ပေါ်အ​ရေတင်​မဟုတ်​​တော့ဘူး အ​ရေ​ပေါ်အရိုးတင်ေ​​နပါပြီလို့...တစ်ခန်းကို​​​​​​​သင်​တန်းသား ၁၅၀/၂၀၀အနည်းဆုံးရှိတယ်​..အခန်း​ပေါင်း ၁၈ခန်းရှိတယ်​...တစ်​ခန်းကထွက်​ တစ်​ခန်းထပ်​ဝင်​ သင်​ရတာမို့ ​စာသင်​ပြီး​မောတဲ့အခါ ​သောက်​စရာ​ရေ​လေး အ​အေးဗူး​လေး​ကို သင်​​​ပေးတဲ့ဆရာ​တွေ​အ​မော​ပြေ​အောင်​ ဂါဝရအရ​ပေးတာကို​တော့ ရိုးရိုးသားသားလူသူ​ရှေ့လက်​ခံပြီး ​​နောက်​တစ်​ခန်းဆက်​​သင်​နိုင်​ဖို့ အ​မော​ပြေ​လေး ပွင့်​ပွင့်​လင်းလင်း ​​သောက်​ပါတယ်​လို့....လူကြီးမင်းမို့.​ပြောတတ်​တယ်​​နော်​ တစ်​ခန်း​ထွက်​ တစ်​ခန်းကိုဝင်​ တစ်​​ဆောင်​ကထွက်​ တစ်​​ဆောင်​ကိုကူးလူး​နေရတဲ့ ​နေပူပူကြားကတာဝန်​​ကျေ​အောင်​ထမ်း​ဆောင်​​နေကြဆဲ ဆရာမ​တွေအ​ပေါ်ထားတဲ့​စေတနာက ရက်​​ရောလှချည်​လား လူကြီးမင်းရယ်​...ပညာ​ရေး​ကောလိပ်​ကဆရာ ဆရာမ​တွေသင်​​ပေး​နေရတာ သင်​တန်းသားက ၁၀၀ မဟုတ်​ ၂၀၀ မဟုတ်​ပါ..အခု မစယ သင်​တန်းဆို ၃၀၀၀​ကျော်​တယ်​ ..သကြ​င်္န်​​လေးပဲအိမ်​ပြန်​လိုက်​ကြရတယ်​..ပြန်​လာထဲက​တောက်​​လျှောက်​တာဝန်​ဆက်​ပြီးထမ်း​နေကြတယ်​...ပင်​ပန်းတယ်​လို့ ရင်​ထဲကမမြင်​...ဒါဟာတို့တာဝန်​ပဲလို့ခံယူကြတယ်​...​အပူချိန်​ ၄၀ဒီဂရီ​ကျော်​ကို ပူတယ်​မမြင်​ ပူတယ်​မထင်​ ..မိနစ်​ ၃၀​လောက်​ဆိုင်​ကယ်​စီးပြီးတစ်​​ကျောင်းနဲ့တစ်​​ကျောင်းကူးချိန်​မှာ ​နေအရမ်းပူ​နေတဲ့အချိန်​များကူးကြရရင်​ ဦး​နှောက်​​သွေး​ကြောပြတ်​သွားမလားထင်​ရ​လောက်​​အောင်​ ​တောင်​ငူဟာသိပ်​ပူတယ်​..ဒါကိုကား​ပေါ်ကဆင်း ကား​ပေါ်ပြန်​တက်​သွားတဲ့လူကြီးမင်းနားလည်​မှာမဟုတ်​ပါဘူး...အဆင်​​ပြေကြရဲ့လားတစ်​ခွန်း​မေးမသွားတာများ နာယကဂုဏ်​​မြောက်​ပါ​ပေ့.....ဆရာအင်​အားကျ​တော့မဖြည့်​​ပေး..​အောက်​ကအ​ခြေအ​နေကိုလည်း​ထဲထဲဝင်​ဝင်​ ​ခြေ​ခြေမြစ်​မြစ်​ သိဖို့​ကိုလည်းမကြိုးစား....လာလိုက်​ရင်​ အပြစ်မှမ​ပြောလိုက်​ရရင်​ ထမင်းများစားမဝင်​ဘူးလားပဲ...​နေရာချင်းမလဲနိုင်​ရင်​ ကိုယ်​ချင်​​လေး​တော့စာ​စေချင်​...

သြော်​....
ဒါနဲ့​လေ. လူတိုင်းကကိုယ့်​ကိုသိ​စေချင်​ရင်​ နိုင်​ငံ​ကျော်​​အောင်​ကြိုးစားပါ​လို့အကြံ​ပေးပါရ​စေ..နိုင်​ငံ​ကျော်​သမားမှ လူအများကကိုယ့်​ကိုယ်​သိ​ပေမ​ပေါ့...ကိုယ်​က အခု အိမ်​​ကျော်​လား ရွာ​ကျော်​လား မြို့​ကျော်​လား ​ကျောင်း​ကျော်​လား ရုံး​ကျော်​လား ဘာလား ညာလားမသဲကွဲပဲနဲ့ ငါ့လိုလူကြီးကိုမသိရ​ကောင်းလား အရိုအ​သေမပြုရ​ကောင်းလားလို့ ဖိမ​ဟောက်​ပါနဲ့... ကျမတို့ကနိုင်​ငံ့ဝန်​ထမ်း​တွေ ပြည်​သူ့ဝန်​ထမ်း​တွေပါ.လူကြီးမင်းအိမ်​ကခန့်​ထားတဲ့ဝန်​ထမ်းမဟုတ်​လို့ အချင်းချင်း အပြန်​အလှန်​ ယဉ်​​ကျေးစွာ​ပြောပါ .ပညာသားပါစွာစကား​ပြောပါ..နားဝင်​ဆန့်​​အောင်​စကား​ပြောပါ...​လောဘမကြီးလိုက်​ပါနဲ့. ကြိုးစားပါအုံး ကြိုးစားအုံးလို့ အား​ပေးပါရ​စေ...
image

@bokoo

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by bokoo from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Congratulations @bokoo: this post has been upvoted by @minnowhelpme!!
This is a free upvote bot, part of the project called @steemrepo , made for you by the witness @yanosh01.
Thanks for being here!!

Coin Marketplace

STEEM 0.28
TRX 0.24
JST 0.040
BTC 94523.13
ETH 3272.52
SBD 6.74