ရုပ်ရှင် အကြိုခံစားခြင်း - MUBARAKAN

in #esteem7 years ago

ပရိသတ်တွေ အကြိုခံစားဖို့ ဒီနေ့ ဖော်ပြပေးမှာကတော့ ရယ်ရင်းမောရင်း ပေါ့ပေါ့ပါးပါးကြည့်ရမယ့် အိန္ဒိယအချစ် ဟာသဇာတ်ကားလေးပါ။ အတွဲလွဲနေပေမယ့် ကိုယ်ချစ်တဲ့ မိန်းကလေးနဲ့ လက်တွဲခွင့်ရဖို့ အမြွှာညီအစ်ကိုနှစ်ဦးရဲ့ ကြိုးပမ်းမှုလေးကို တင်ဆက်ထားတဲ့ ဇာတ်မြူးလေးမို့ ပရိသတ်တွေ သဘောကျမယ်ထင်ပါတယ်။

ကာရန်ဗီယာဆင်းန်နဲ့ ချာရန် ဗီယာဆင်းန်တို့ဟာ အမြွှာညီအစ်ကိုတွေဖြစ်ပေမယ့် ပင်ကိုစရိုက်တွေကတော့ ဖြောင့်ဖြောင့်ကြီးကို ကွာခြားလွန်းပါတယ်။ လန်ဒန်မှာ ကြီးပြင်းခဲ့တဲ့ ကာရန်က မြို့ရည်လည်ပြီး လူလည်ကျတတ်၊ ဟိတ်ဟန်များတတ်ပေမယ့် ပန်ဂျပ်ပြည်နယ်မှာကြီးပြင်းရတဲ့ ချာရန်ကတော့ အနေအေးပြီး ရိုးသားတဲ့ စိတ်ကူးယဉ်သမား တစ်ယောက်ဖြစ်ပါတယ်။

ကာရန်ဟာ ဆွီတီဆိုတဲ့ မိန်းကလေးနဲ့ ချစ်သူဖြစ်နေသလိုချာရန်က နာဖီဆာဆိုတဲ့ မိန်းကလေးကို သဘောကျနေတာ ပါ။ တစ်ရက်မှာတော့ ကာရန်ရဲ့မိသားစုက ကာရန်ကို လန်ဒန်မြို့က အချမ်းသာဆုံးမိသားစုရဲ့သမီး ဘင်ကယ်လ်နဲ့ လက်ဆက်ပေးဖို့ စီစဉ်ပါတော့တယ်။

အဲဒီအခါမှာ လူလည်ကျတဲ့ ကာရန်က သူ့ချစ်သူဆွီတီနဲ့ပဲ လက်ထပ်ချင်တာကြောင့် သူ့အ စား ချာရန်ကို ဘင်ကယ်လ်နဲ့ လက် ထပ်ပေးဖို့ ပြောခဲ့တာကြောင့် မိသားစုဝင်တွေ အကုန်လုံးက လက်ခံပေမယ့် ချာရန်ကတော့ မပျော်နိုင်ပါဘူး။ နောက်ပြီး ကာရန်နဲ့ချာရန်တို့ရဲ့ဦးလေး အန်ကယ်ကာတာရဲ့ စီမံမှုတွေကြောင့် ကာရန်နဲ့ ချာရန်တို့ရဲ့ချစ်သူတွေ အတွဲလွဲကုန်တဲ့အခါမှာ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ရယ်ရင်းမော ရင်းဆက် ကြည့်လိုက်ပါဦးနော်။

ဒီဇာတ်ကားမှာ ကာတာ ဆင်းန်အဖြစ် အနီးလ်ကပူးရ်၊ ကာရန်ဗီယာဆင်းန်နဲ့ ချာရန်ဗီ ယာဆင်းန်အဖြစ် အာဂျွန်ကပူးရ်၊ ဆွီတီအဖြစ် အီလီယန်နာဒီခရုဇ်၊ နာဖီဆာအလီခန်းအဖြစ် နီဟာ ရှားမား၊ ဘင်ကယ်လ်အဖြစ် အသီယာရှက်တီတို့က သရုပ်ဆောင် ထားပါတယ်။

Credit:http://7daydaily.com/story/103730

MSO-31

Mubarkan.jpg

Coin Marketplace

STEEM 0.15
TRX 0.24
JST 0.030
BTC 84433.29
ETH 1595.70
USDT 1.00
SBD 0.81