ရုပ်ရှင် အကြိုခံစားခြင်း - DAL SOON’S SPRING

in #esteem6 years ago

ပရိသတ်တွေအတွက် ဒီနေ့တော့ တောင်ကိုရီးယားဒရာမာ ဇာတ် လမ်းတွဲလေး အကြိုခံစားထားဖို့ ဖော်ပြလိုက်ပါတယ်။ KBS2 ရုပ်သံလိုင်းကနေ သြဂုတ် ၁၄ ရက်ကစလို့ တနင်္လာ ကနေ သောကြာနေ့တွေမှာ ထုတ်လွှင့်ပြသနေပြီး အပိုင်း၁၂၀ရှုစားရမှာပါ။

ဇာတ်လမ်းတွဲလေးကတော့ ၁၉၄၀ ကနေ ၁၉၇၀ အစောပိုင်းကာလများဆီက ရိုးရာလက်မှု ဖိနပ်ထုတ်လုပ်ငန်းကို အခြေခံပြီးဇာတ်အိမ်တည်ထားတာလည်း ဖြစ်ပါတယ်။

အွန်ဆိုးဟာ ဖိနပ်ထုတ်လုပ် ငန်းပိုင်ရှင်သူဌေးရဲ့ တစ်ဦးတည်း သော သမီးလေးဖြစ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်ထားသူပါ။ တစ်ရက်မှာ တော့ မျှော်လင့်မထားတဲ့ မတော် တဆမှုတစ်ခုကြောင့် အွန်ဆိုးဟာသတိလစ်ပြီး အတိတ်ပါမေ့သွား ခဲ့ပါတယ်။

ဒါပေမဲ့ သတိပြန်လာပြီး နောက်မှာတော့ သူဟာ အွန်ဆိုး ဘ၀နဲ့မဟုတ်တော့ဘဲ ဒယ်ဆွန်းဆိုတဲ့နာမည်နဲ့ ဘ၀သစ်တစ်ခု စတင်ခဲ့ရပါတော့တယ်။ ဉာဏ်ရည်ထက်မြက်သူတစ်ယောက် ဖြစ်သလို အရင်ကတည်းက တရင်းတနှီးထိတွေ့ခဲ့ရတဲ့ ဖိနပ် ထုတ်လုပ်တာနဲ့ ပတ်သက်ပြီး တော့လည်း အထုံပါရမီရှိတာမို့ ဖိနပ်အကြောင်းဆိုရင် အရမ်း စိတ်ဝင်စားခဲ့ပါတယ်။

တကယ့်တော့ ဒယ်ဆွန်းမဖြစ်ခင် အွန်ဆိုးဘ၀မှာကတည်းက မိဘတွေအကြားမှာလူမှုရေး ပြဿနာရှိခဲ့သလို အွန်ဆိုးမတော်တဆမှုဖြစ်ပြီး ပျောက်ဆုံးခဲ့တာ ကလည်း မိသားစုအတွက် အဆိုး ၀ါးဆုံးကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။

လက်ရှိ ဒယ်ဆွန်းဘ၀မှာ ဖိနပ်ထုတ်လုပ်တာနဲ့ပတ်သက်ပြီး စိတ်ဝင်တစားကြိုးစားလေ့လာ ခဲ့တဲ့အတွက် ဒယ်ဆွန်းဟာ ဖိနပ်ထုတ်လုပ်ရာမှာ ဆရာတစ်ဆူဖြစ် လာခဲ့သလို သူ့အတိတ်ဇာတ် ကြောင်းနဲ့ ပတ်သက်ပြီးတော့ လည်း ပြန်မှတ်မိစရာအခြေအနေ တွေနဲ့ ကြုံခဲ့ရပါတယ်။

ဒယ်ဆွန်းတစ်ယောက် သူ့ရဲ့ အတိတ်ဟောင်းကို မှတ်မိသွား တဲ့အခါမှာ ဘ၀အခြေအနေ အပြောင်းအလဲတွေ ကြုံရဦးမှာ လား၊ အဖေအရင်းနဲ့ မွေးစားအဖေကြားက မိသားစုလျှို့ဝှက်ချက် ကို သိသွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းတွဲအပိုင်းလိုက် အလှည့်အပြောင်းလေးတွေနဲ့ တင်ဆက်ထားတာမို့ ပရိသတ်တွေသဘောကျမှာ ပါ။

အွန်ဆိုး/ဂိုဒယ်ဆွန်းအဖြစ် ဟုန်အာရွန်က အဓိကပါဝင်သရုပ် ဆောင်ထားပြီးဆောင်ဝန်ဆော့၊ ယွန်းဒါယောင်း၊ ကန်ဒါဘင်၊ ချွဲ ဂျယ်ဆောင်း၊ ချွဲချိုဟို စသူတွေ ပါဝင်ထားကြ ပါတယ်။

Credit:http://7daydaily.com/story/106546

MSO-031

dalsoonspring.jpg

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 56465.77
ETH 2331.79
USDT 1.00
SBD 2.36