Central Banking

in #esteem6 years ago

ဗဟိုဘဏ်​ လုပ်​ငန်း
❀ ❀ ❀ ❀ ❀ ❀

ဗဟိုဘဏ်​ သည်​ နိုင်​ငံတနိုင်​ငံရှိ ​ငွေ​ကြေးအဖွဲ့ အစည်းများအားလုံး တို့၏ ဦးစီး ဖြစ်​သည်​။ ​ချေး​ငွေနှင့်​ ​ငွေ​ကြေး
ဆိုင်​ရာ ကိစ္စအ၀၀တို့အား ကြီးကြပ်​ထိန်းချုပ်​​သော
တာဝန်​သည်​ ဗဟိုဘဏ်​၏ အဓိက တာဝန်​ ပင်​ဖြစ်
သည်​။ နိုင်​ငံ့အစိုးရ က ချမှတ်​ထား​သော ​ငွေ​ကြေး
ပေါ်လစီကို အ​ကောင်​အထည်​ ​ဖော်​ယင်း ​ငွေ​ကြေး
ဆိုင်​ရာ အဖွဲ့ အစည်းများတို့ကို ထိန်း​ကျောင်း​ပေး
လေသည်​။ပြည်​တွင်​သုံး​ငွေစက္ကူများကို ဗဟိုဘဏ်
က ထုတ်​​ဝေပြီး၊ နိုင်​ငံ့အစိုးရ၏ ဘဏ်​အဖြစ်​ ရပ်
တည်​​ပေးပြီး၊ ​ငွေ​ကြေးဆိုင်​ရာ အဖွဲ့ အစည်းများ
နှင့်​ တခြား​သော ဘဏ်​များအား ​ငွေထုတ်​​ချေး
ပေးခြင်းနှင့်​ ပြည်​တွင်းသုံး​ငွေ​ကြေးပမာဏ ကို
သင့်​တင့်​မျှတ​အောင်​ လုပ်​​ဆောင်​ခြင်း နှင့်​ ​ငွေ
ကြေး​ဖောင်းပွမှူ့ ကို ချိန်​ဆ ထိန်းကွပ်​ခြင်း
စသည့်​ ​ငွေ​ကြေးဆိုင်​ရာ လုပ်​ငန်းကိစ္စ အ၀၀
တို​အား တာဝန်​ယူ လုပ်​​ဆောင်​​ပေး​လေသည်​။
ပြည်​တွင်းဘဏ်​များ၏ အခက်​အခဲ များကို ကူ
ညီ​ဆောင်​ရွက်​​ပေးပြီး၊အစိုးရ၏​ငွေ​ရေး၊​ကြေး​ရေး
ကိစ္စ များကို အစိုးရ ကိုယ်​စား ​ဆောင်​ရွက်​​ပေး
သည်​။ ဗဟိုဘဏ်​ အ​ကြောင်း ပိုစ့်​တစ်​ခု အကျယ်
ရေးထားပြီးဖြစ်​၍ ၎င်းပို့စ်​၌ ဖတ်​ကြပါရန်​•••••••

ကူးသန်း​ရောင်းဝယ်​ ​ရေးဘဏ်​။ ။

ဗဟိုဘဏ်​ မှအပ ကျန်​ တခြား​သော ဘဏ်​များတို့
၏ လုပ်​ငန်း ​ဆောင်​တာများတို​၏ အ​ခြေ ခံလုပ်​ငန်း
များသည်​ ကူးသန်း​ရောင်းဝယ်​ ​ရေးဘဏ်​၏ လုပ်
ငန်းများဖြစ်​သည်​။၎င်းဘဏ်​သည်​ အပ်​​ငွေများကို
လက်​ခံခြင်း၊ ​ငွေထုတ်​​ချေး ခြင်း၊​ငွေလွှဲ စာတမ်းများ
ကိစ္စ​ဆောငိရွက်​ခြင်း၊​ရွှေနှင့်​​ငွေ ကိုဝယ်​ခြင်း၊​ရောင်း
ခြင်း၊ ဘဏ်​မှ တခြားသူများထံမှ ​ငွေ​ချေးယူခြင်း၊
ငွေ​ချေးသက်​​သေခံ လက်​မှတ်​များနှင့်​ အစုရှယ်
ယာ များတို့​ရောင်းဝယ်​ခြင်းတွင်​ ကိုယ်​စားလှယ်
အဖြစ်​​ဆောင်​ရွက်​​ပေးခြင်း၊ပြည်​တွင်း၊ပြည်​ပသို့
ငွေများလွှဲ​ပြောင်းတင်​ပို့​ပေးခြင်း၊ပြည်​တွင်း၊ပြည်​ပ
ငွေ​ကောက်​ခံခြင်းစသည့်​ လုပ်​ငန်းများကို
ဆောင်​ရွက်​​ပေး​လေသည်​။

ဗဟိုဘဏ်​အတိုး နှူန်း ​ပေါ်လစီ။ ။

ဗဟိုဘဏ်​ အတိုးနှူနိး အ​ပြောင်းအလဲလုပ်​ခြင်းသည်
ကူးသန်း​ရောင်းဝယ်​​ရေး ဘဏ်​များက ​ချေး​ငွေအ​ပေါ်
ယူ​သော အတိုးနှူန်းနှင့်​ ​ငွေ​ကြေး​ဈေးကွက်​ ရှိကာလတို
ချေး​ငွေ အ​ပေါ် ယူ​သော အတိုးနှူန်း အသီးသီးအ​ပေါ်
သက်​​ရောက်​ မှူ့ ရှိ​စေသည်​။ဗဟိုဘဏ်​အတိုးနှူန်းအ​တက်
အကျ ကိုလိုက်​၍ တခြား​သော အတိုးနှူန်းများ အတက်
အကျ လုပ်​​လေ့ရှိကြသည်​။ဗဟိုဘဏ်​အတိုးနှုန်းကို
မြှင့်​လိုက်​ပါက ​ငွေ​ကြေး​ဈေးကွက်​ရှိ အတိုးနှုန်းများ
ပါလိုက်​၍ မြှင့်​ကြသည်​။အလားတူ ဗဟိုဘဏ်​အတိုး
နှူန်းကိုချလိုက်​ပါက တခြား​သောအတိုးနှူနိးများကို
လည်း လိုက်​၍ ချ​လေ့ရှိတတ်​ကြပြီး၊ထိုအခါ၌
ကုမ္ပဏီများတို့သည်​ အတိုးနှူန်းနိမ့်​သညိ့အတွက်
ကြောင့်​ ​ချေး​ငွေ များစွာကို ​ချေးငှါးပြီး လုပ်​ငန်း
တိုးချဲ့မှူ့ လုပ်​ကြသည်​။

အတိုးနှူန်းများ။ ။

`အတိုး´ဆိုသည်​မှာ ​ချေးငှါးသည့်​​ငွေ​ကြေးအ​ပေါ်အတိုး
ယူခြင်းနှင့်​ အပ်​နံ စု​ဆောင်း​ငွေအ​ပေါ် အတိုး​ပေး
ခြင်းတို့ဖြစ်​သညိ။အတိုးယူသည့်​ပုံစံသည်​ တနိုင်​ငံ
နှင့်​တနိုင်​ငံ ၊ တဘဏ်​နှင့်​တဘဏ်​၊​ငွေ​ကြေး​ဈေးကွက်
တခုနှင့်​တခုတို့ မတူညီကြဘဲ ကွဲပြားမှူ့ ရှိကြ​လေသည်​။
နိုင်​ငံတနိုင်​ငံ ၏ဗဟိုဘဏ်​မှ ​ချေးယူသည့်​ ​ငွေ​ကြေးအ
ပေါ် အတိုးယူခြင်းကို Discount Rateဟု​ခေါ်သည်​။
ဘဏ်​အချင်းချင်း တို့ကြား ​​ငွေ​ကြေး အ​ပေါ်​ချေးယူသည့်
အတိုးကို Inter Bank Rateဟု​ခေါ်သည်​။ ကူးသန်း
ရောင်းဝယ်​​ရေးဘဏ်​များမှ ​ချေးယူသည့်​​ငွေ​ကြေးအ
ပေါ် အတိုးယူခြင်းကို Prime Rateဟု​ခေါ်သည်​။
ဘဏ်​အပ်​​ငွေအ​ပေါ် အတိုး​ပေးခြင်းကို Deposit Rate
ဟု​ခေါ်သည်​။ဘဏ်​စု​ဆောင်း​ငွေအ​ပေါ် အတိုး​ပေးခြင်း
ကို Saving Rate ဟု​ခေါ်သည်​။ချေးငှါးသည့်​သက်​တမ်းအ​ပေါ်မူတည်​ပြီး ကာလတို၊ကာလရှည်​ စသဖြင့်​​ခေါ်
သည်​။ ကာလတို ​ချေး​ငွေ အတိုးသည်​ ကာလရှည်
ချေးငှါးအတိုးထက်​ ရာခိုင်​နှူန်း ပိုများ​လေ့ရှိပါသည်​။

ခက်​ဆစ်​အဓိပ္ပါယ်​ ဖွင့်​ဆိုချက်​။ ။ Bank ဟူ​သော
အင်္ဂလိပ်​ ​ဝေါဟာရသည်​ Banco ဟု​ခေါ်​သော
အီတလီ စကားလုံးမှ ဆင်းသက်​လာခြင်းဖြစ်​သည်​။
Banco ၏ အဓိပ္ပါယ်​ မှာ ခုံငယ်​ ဟု အဓိပ္ပါယ်​ ရပြီး
၎င်းခုံငယ်​​လေးများဖြင့်​ ​ငွေ​ကြေးလုပ်​ငန်းလုပ်​​ဆောင်
လာရာမှ စတင်​​ပေါ်​ပေါက်​လာခြင်းဖြစ်​သည်​။အင်္ဂလိပ်
ဝေါဟာရ Bank ကို မြန်​မာတို့က ဘဏ်​ဟူ ၍မြန်​မာ
မှူ့ ပြု ထားသည့်​ စကားလုံးဖြစ်​သည်​။
Credit###
image

Sort:  

Congratulations @bagone! You have completed the following achievement on Steemit and have been rewarded with new badge(s) :

You published your First Post
You got a First Vote

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @bagone! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.25
TRX 0.25
JST 0.040
BTC 94487.77
ETH 3419.70
USDT 1.00
SBD 3.51