☔မိုးစက်​​လေးများ☔ အပိုင်း (၃)

in #esteem6 years ago

☔မိုးစက်​​လေးများ☔
အပိုင်း (၃)

မိုးစက်​ ​ကျောင်းပိတ်​ရက်​​လေးမို့ ခြံထဲမှာ ပန်းပင်​​တွေကိုပြုစုရင်း စာကျက်​​နေပါသည်​။

"ဟဲ့....မိုးစက်​လာဦး....."

မြင့်​မိုရ် မိုးစက်​ကို​ခေါ်လိုက်​ခြင်းပင်​ဖြစ်​သည်​။

"ဟုတ်​ .....မမြင့်မိုရ်​...."

"​ရော့....​မေ​မေက​ဈေးသွားတဲ့...ဒီမှာစရင်းဇယား...."

မိုက်းစက်​ကို ​ဈေးဝယ်​ဖို့ပိုက်​ဆံအချို့နှင့်​ စာရွက်​တစ်​ရွက်​ကို လက်​ထဲသို့လှမ်း​ပေးပါသည်။

စာ​မေးပွဲနားနီးပြီဖြစ်​​သော​ကြောင့်​ မိုး မသွားချင်​ဘူးလို့​ပြောချင်​မိပါသည်​။သို့​ပေမယ့်​ ငြင်းဆန်​လို့မရ​တဲ့ ​လောကကြီးကို မိုးငြင်းဆန်​ဖို့မကြိုးစားချင်​ပါ။

"ဟုတ်​...."

မိုးအိမ်​ထဲသို့ ဝင်​ဖို့​ခြေလှမ်း​တွေလှမ်းချိန်​မှာ .....

"ဟဲ့...ဘယ်​ကိုသွားတာလဲ...."

မိုး ပြုံးမိပါသည်​။

"မိုး ကဆွဲခြင်းမပါဘဲ​ဈေးဝယ်​ပြီးဘယ်​ထဲကိုထည့်​ရမလဲ....."

မိုးက ရိုးသားစွာ​ပြော​ပေမယ့်​ မြင့်​မိုရ်​က​​တော့ ရှက်​​သွေးဖြာ​နေပါသည်​။


မိုး​ ​ဈေးဝယ်​ဖို့အတွက်​ စာရင်းဇယား​လေးဖတ်​ကာ လမ်း​လျှောက်​လာမိပါသည်​။

"အား!!!!....."

"နာသွားညီမ....ညီမကလမ်းမှမကြည့်​တာ...အကို​ရှောင်​ပါတယ်​ကွယ်​....​တော်​​တော်​နာသွားလား......"

မိုး ​ခေါင်းကို​မော့ကြည့်​လိုက်​ပါသည်​။

"​အော်​....အကိုလား....."

"ရပါတယ်​...သိပ်​မနာဘူး..."

"ဘယ်​ဟုတ်​ပါ့မလဲ....ဘာဝယ်​ဖို့လဲ....လိုက်​ပို့​ပေးမယ်​​လေ.....ညီမကဘယ်​နားမှာ​နေတာလဲ....နမယ်​​တောင်​မသိ​သေးဘူး....."

"ညီမက(.......)မှာ​နေတာပါ....နမယ်​က မိုးစက်​ပါ...."

"လှတယ်​...သိပ်​လှတယ်​....."

"ရှင်​!!!..."

ဥက္ကာ စကား​ကြောင့်​မိုး ရင်​​တွေတုန်​လာပါသည်​။

"လာ...စက်​ဘီး​ပေါ်တတ်​လိုက်​ပို့​ပေးမယ်​....."

ဥက္ကာ ​ဈေး​ရှေ့မှာ​ဘဲ​စောင့်​​နေလိုက်​ပါသည်​။

"ဟယ်​....မပြန်​​သေးဘူးလား...."

"ဟုတ်​တယ်​..
.လာတတ်​....အိမ်​ထိလိုက်​ပို့ ​ပေးမယ်​..."

"​အော်​...ခုမှသတိရတယ်​.....ထီပြန်​​ပေးရဦးမယ်​​လေ...တခါတည်းဝင်​ယူလိုက်​...."

ဥက္ကာတို့ စက်​ဘီး​လေးနင်းလာရင်း လမ်းတသ်​ဝက်​အ​ရောက်​တွင်​....မဟာမိုးက​ဝေါကနဲ ရွာချပါ​လေသည်​။

"​ဝေါ...​ဝေါ...."

ဥက္ကာ စက်​ဘီးကိုရပ်​လိုက်​ပါသည်​။ ဘရိတ်​အုပ်​လိုက်​တာ​ကြောင့်​ ဥက္ကာရဲ့ ကျယ်​ပြန့်​တဲ့​ကျောပြင်​​ပေါ်ကို မိုးရဲ့​ခေါင်း​လေး​ဆိုက်​ကျသွားပါသည်​။

"ညီမ...ခဏ​နော်​...."

ဟု​ပြောပြီး မျက်​စီကိုလက်​နှစ်​ဖက်​ဖြင့်​ပွတ်​​နေပါသည်​။

"မျက်​စီထဲ​ရေဝင်​သွားတာလား....ပြန်​ရင်​ပြန်​လိုက်​​တော့​လေ...."

"ဒီ​လောက်​ဆိုရပါပြီ....မိုး မိုးထဲဘဲပြန်​လိုက်​တာ့မယ်​...."

"ရပါတယ်​....အိမ်​ထိ​လောက်​ပို့​ပေးမယ်​....."

"အားနားစရာ...."

အတင်း​ပြောလာ​သော​ကြောင့်​ မိုးအားနာနာနှင့်​ပင်​ လိုက်​သွားရပါသည်​။ သူကတစ်​ခါတစ်​တမင်​သက်​သက်​ ဘရိတ်​အုပ်​​လေ့ရှိတာကို မိုးရိပ်​မိပါသည်​။ မိုးကို သူ့​ကျောပြင်​​ပေါ်မှာ ​မှေးစက်​ခွင့်​ပြု​စေချင်​တာလား.....မိုးမသိပါ။ မိုး​တွေက​တော့ ​လေနှင့်​အတူ အရှိန်​ပြင်းစွာရွာ​နေ​ဆဲပါ........

ဆက်​ရန်​......

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 53921.46
ETH 2250.39
USDT 1.00
SBD 2.30