ရတု

in #esteem5 years ago

#​​ကျေး​စေရတု

** သီတာလုံ​ရေ၊ သွန်း​လောင်း​စေဟု၊ ဘုံ​နေသိကြား၊ ရည်​ခန့်​ထား၍၊ ညွန့်​ထွားမြသွင်​၊ ​ပေါ်လျှင်​ပင်​တည့်​၊ သည်​တွင်​ သည်​ဟူ၊ သည်​မူ သည်​က၊ ​ခြေချမအား၊ ကင်းထားကင်း​နေ၊ ခွဲ​ဝေစုံဝက်​၊ စွယ်​ရှက်​ဘီလူး၊ ရူးမူးသဏ္ဌာန်​၊ စီဘန်​ ထက်​ကြပ်​၊ မလပ်​ပင်​​မြေ၊ ပုံဖြီး​ထွေ၍ ၊ လူ​မွေကိုထား၊ ပျံလွှားငှက်​မျှ၊ လက်​ကမအား၊ ပိတုံးပျားလည်း၊ ​ရှောင်​ရှားမစပ်​၊ အထပ်​ထပ်​သည်​။ ။
နေတပ်​ဝင်​ချ ပတ်​ထူလှ။

** ဂီဝါမုံ့​ရွေ၊ ပွင့်​လှ​ထွေကို၊ ​ကြော​နေစွမ်း​ခေါင်​၊ ဖြူ​ရောင်​စွယ်​​မြှေး၊ မကြုပ်​​သေးတည့်​၊ ​တောင်​​မွေးညိုမွတ်​၊ ယဉ်​စီမှတ်​ကို၊ ထွတ်​ထွတ်​ကြိုးနွယ်​၊ ချယ်​လှယ်​တင့်​စုံ၊ ဆင်​ပြီးတုံမှ၊ ကိုယ်​ယုံကြုံးဝါး၊ ဆီးတည့်​သွား၍၊ တန့်​နားကင်း​ထောက်​၊ တိုင်​​လေ​ရောက်​​သော်​၊ လန့်​​ကြောက်​ဘနန်း၊ ရံဝန်းဆီးဆ၊ ကြိုးနှင့်​ကြလည်း၊ နရသနင်း၊ စကြာမင်း၏၊ ရင်​တွင်းသည်းချာ၊ ​ကျော်​စွာမင်းရဲ၊ ရန်​ကဲဘုန်းဝှန်​၊ နန်း​လောင်း​ကျွန်​ဟု၊ ဆံစွန့်​မရွံ၊ ရွပ်​ရွပ်​နွံက၊ နှိုင်းစံရန်​သူ၊ ဘက်​မပြူသည်​။ ။
မဉ္ဇူပွင့်​စ ဆွတ်​ယူရ။

** နီလာဘုံ​နေ၊ နှိုင်းသင့်​​ထွေဖြင့်​၊ ချစ်​​ပေစဘွယ်​၊ လွန်​ဆန်းကြယ်​သား၊ ဘုန်းကြွယ်​ထွတ်​တင်​၊ မြင်းမိုရ်​သျှင်​လျှင်​၊ သဘင်​ခါပွဲ၊ ဆင်​စမြဲတည့်​၊ ထူးကဲတင့်​လွန်း၊ ထိုနတ်​ပန်းနှင့်​၊ ဝင်းထွန်းကြယ်​ဝါ၊ ဆင်းကလျာ၏၊ ​ကေသာ​ခေါက်​ကျိုက်​၊ ထုံးမြိတ်​၌လျှင်​၊ လိုက်​လိုက်​ဆင်​စိမ့်​၊ ဆင်း​ရောင်​ငြိမ့်​ကို၊ နှစ်​သိမ့်​​ထွေလာ၊ ​လျှောက်​​သောခါမူ၊ ပျူငှါမ​ရော၊ တိုင်းသ​ဘောဖြင့်​၊ လိုက်​​လျောဆင်​ခြင်​၊ ​နောင်​ကိုလျှင်​လည်း၊ ကျွမ်းဝင်​မှတ်​ယူ၊ မိန့်​​တော်​မူသည်​။ ။
ကြည်​ဖြူညွတ်​ခ နတ်​တူမျှ။

#နတ်​သျှင်​​​နောင်​. image

Sort:  

@ayethatmon, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Congratulations @ayethatmon! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Beautiful. :)

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58192.51
ETH 2295.28
USDT 1.00
SBD 2.50