She

in #esteem5 years ago

သူမက Zhang Ziyi နဲ့တူတယ်​...။
ချစ်​စရာ​ကောင်းသလို ​ဗရုတ်​သုက္ခနိုင်​ပြီး ​ပျော်​တတ်​တယ်​။ သူမကို အမှတ်​သညာပြုဖို့ သ​င်္ကေတတစ်​ခုက ​ခေါင်း​ခေါက်​တာပဲ...လက်​က သိပ်​သွက်​တယ်​။
ဒါ​ပေမယ့်​ စိတ်​ဆိုးစရာ မ​ကောင်းဘူး။ချစ်​စရာ​တောင်​ ​ကောင်း​သေးတယ်​။ ​သေးညှက်​ညှက်​​လေးနဲ့ စကားသိပ်​များတဲ့ သူမ....
Zhang Ziyi ကို စတင်​ပြီး သိခဲ့တာ သူမ​မရှိ​တော့တဲ့ ​နောက်​...
သူမကို လွမ်းတိုင်း ၊ သူမကို သတိရတိုင်း Zhang Ziyi ရဲ့ ဇာတ်​ကား​တွေကိုကြည့်​တယ်​..။
သူမရဲ့ မလှပတဲ့ ဘဝ​တွေထဲက တိတ်​တဆိတ်​ ရုန်းထွက်​ဖို့ ကြိုးစား​နေတတ်​တဲ့ သူမ...
အင်္ကျီဧရာမကြီး​တွေဝတ်​ပြီး ကိုယ်​​တွေကို စိတ်​ကူး​ပေါက်​ရာ​တွေ ချက်​​ကျွေးတတ်​ရဲ့..။
ညညဆို သရဲ ​ကြောက်​လို့တဲ့..။ဘယ်​​တော့မှ မိုးမလင်းခင်​မထတဲ့ သူမ..။ရွာထဲလှည့်​ပြီး ​တွေ့တဲ့အိမ်​မှာ ကြုံသလို ထမင်းဝင်​စားတတ်​တဲ့သူမ..။

အခု​​တော့ ဘယ်​ဆီများ ​ရောက်​​နေခဲ့​လေမလဲ...
ကိုယ့်​မှာ​တော့ သတိ​တွေရ...

I'm ATM. image

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

@ayethatmon, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 57958.96
ETH 2283.65
USDT 1.00
SBD 2.46