Resd book

in #esteem5 years ago

များပြားလွန်းတဲ့ ဇာတ်​​ကောင်​​တွေ....
ရှုပ်​​ထွေးလှတဲ့ လူမျိုး​တွေ..
ဇာတ်​ကွက်​​တွေကြားထဲက ​ခေတ်​ဆိုးရဲ့ ပုံရိပ်​​တွေ...
ဇာတိမာန်​​တွေနဲ့ တက်​ကြွ​နေကြတဲ့ တိုင်းရင်းသားများစွာ​တွေ..
အဲ့ဒီအထဲက သိပ်​ကို ​စိတ်ဓာတ်​​သေးသိမ်​ညံ့ဖျင်းလွန်းသူ​တွေရဲ့ သူရဲ​ဘော​ကြောင်​မှု​တွေ....
မတည်​မြဲတဲ့ ဘဝရဲ့သ​ဘောတရား​တွေ..
သစ္စာတရား​တွေ...
တိုင်းရင်းသား​တွေရဲ့ ရိုးသားမှုကို ဖြတ်​နင်းခဲ့ကြတဲ့ နယ်​ချဲ့​တွေ...
ရိုးရာဓ​လေ့​တွေ အစဉ်​အလာ​တွေ ​သယံဇာတ ကြွယ်​ဝမှု​တွေနဲ့ ပြည့်​ဝခဲ့တဲ့ နယ်​​မြေ​တွေ...

ဒီစာအုပ်​ကို ဖတ်​လိုက်​တဲ့အခါ အချို့ အဖြစ်​အပျက်​​တွေဟာ အဖိုးတို့အဖွားတို့ရဲ့ ​အ​တွေ့အကြုံ​တွေအများအပြားပါ​နေတာ ​တွေ့ရတယ်​..။
ကချင်​ပြည်​နယ်​က ​ဒေသများစွာကို ကျင်​လည်​စွာ​ရေးဖွဲ့ထားတာ ​တွေ့ရတယ်​..။
တကယ်​ဖြစ်​ပျက်​ခဲ့တဲ့ အဖြစ်​အပျက်​များစွာကို ထည့်​သွင်း​ရေးဖွဲ့ထားတာဖြစ်​တယ်​..။
ရွာနာမည်​အစစ်​အမှန်​​တွေနဲ့ ​ရေးထားတာ ဖြစ်​တယ်​..။
မိုး​ကောင်းမြို့ဟာ ​လေးခါ​လောက်​ ​ပြောင်း​ရွေ့တည်​ခဲ့တယ်​လို့ ကြားဖူးတယ်​..၊
ဒီဝတ္ထုဟာ ဒုတိယတည်​တဲ့ မိုး​ကောင်းမြို့ဝန်းကျင်​မှာ အ​ခြေခံတယ်​..။မင်းတုန်းမင်းလက်​ထက်​က​နေ သီ​ပေါမင်း​ ပါ​တော်​မူပုံပြီးအထိ ခင်းကျင်းထားတယ်။
ကိုလိုနီ ဆန်​ကျင်​​ရေး တိုင်းရင်းသား​တွေရဲ့ လှုပ်​ရှားမှု​တွေကို ထဲထဲဝင်​ဝင်​​လေ့လာနိုင်​တယ်​..။
ဒီဝတ္ထုထဲက မင်း​လောင်း ​မောင်​သိုက်​ဆိုတဲ့လူဟာ တကယ်​ရှိတယ်​ဆိုတာ အဖွား​ပြောပြဖူးတယ်​..။အေ​မ့ရဲ့အ​​မေ ကျွန်​မတို့အဖွားက မင်း​လောင်း​မောင်​သိုက်​​နေခဲ့တဲ့ နန့်​​စော်​​လော်​ဇာတိဖြစ်​တယ်​။အခု အသက(်​၈၈)နှစ်​နဲ့ သက်​ရှိထင်​ရှားရှိ​နေဆဲြ​ဖစ်​တယ်​။
အင်္ဂလိပ်​​တွေ ဖမ်းပြီး သတ်​လိုက်​တယ်​ဆိုတာလည်း အမှန်​ပဲလို့ဆိုတယ်​။ကိုယ်​တိုင်​မြင်​ဖူးတာလား၊​ခေတ်​တစ်​ဆက်​​လောက်​​နောက်​ကျပြီးမှ ကြားဖူးတာလားဆိုတာ​တော့ ​သေချာမ​မေးမိဘူး။

ဒီဝတ္ထုဟာ ထင်​ထားတာထက်​ ပိုပြီး ​လေးနက်​​နေတယ်​။ကျွန်​မတို့ ​ဒေသဝန်းကျင်​ဆီမှာ အ​ခြေခံထားတာမို့ ပိုပြီး စူးစူးစိုက်​စိုက်​ ဖတ်​မိတယ်​..။
ကျွန်​မတို့ ​ကျောင်းမှာ သင်​ခဲ့ရတဲ့ သမိုင်းဆိုတဲ့ သင်​ခန်း​စာကို ကျက်​ခဲ့တုန်း​ကထက်​ ပိုတဲ့ သမိုင်းသင်​ခန်းစာ​တွေကို ရလိုက်​တယ်​..။

ဒီဝတ္ထုထဲမှာ ဇာတ်​​ကောင်​​တွေပါတယ်​။ဇာတ်​လမ်း ဇာတ်​ကွက်​​တွေပါတယ်​။လေးနက်​မှု​တွေပါတယ်​။ သမိုင်းအ​ထောက်​အထား​တွေပါတယ်​..။
ထင်​မှတ်​မထားမှု​​တွေပါတယ်​..။

ကျွန်​မက​တော့ ကိုယ့်​​ဒေသက အဖြစ်​အပျက်​​တွေ ကြားဖူးနားဝ​တွေ ပိုပြီး ပါ​နေတာမို့ တအံ့တသဖြစ်​ရတယ်​...။ဆရာနတ်​နွယ်​က မြစ်​ကြီးနားသားမို့ ဒီ​လောက်​​စေ့စပ်​​သေချာတာလားလို့ ​တောင်​ ထင်​မိတယ်​..။
တကယ်​က ဆရာနတ်​နွယ်​ရဲ့ စူးစိုက်​မှု​တွေ အားထုတ်​မှု ​က ပိုပြီး ချီးကျူးဖွယ်​​ကောင်း​နေတာပါ။အချက်​အလက်​​တွေ စု​ဆောင်း​ထားတာကို လက်​ဖျားခါမိတယ်​။
အများကြီးမှ တကယ့်​ကို အများကြီး​လေ။

မတူညီတဲ့တိုင်းရင်းသားမျိုးနွယ်​စု​တွေရဲ့ ​လေယူ​လေသိမ်း​တွေ၊ရိုးရာဓ​လေ့​တွေကို ​​အ​သေးစိတ်​​ရေးထားနိုင်​တာနဲ့ကို ချီးကျူးမိတယ်​..။

မြန်​မာပြည်​ ​မြောက်​ပိုင်းမှာ တကယ်​ဖြစ်​ပျက်​ခဲ့တဲ့ အဖြစ်​​အပျက်​​တွေ၊ တကယ်​ရှိတဲ့ ​ဒေသ​တွေ၊ တကယ်​လှုပ်​ရှားခဲ့တဲ့ ​တော်​လှန်​​ရေး​တွေနဲ့ တကယ့်​ကို ရှည်​လျားပြီးအားပါးတရဖတ်​ရတဲ့ ဆရာနတ်​နွယ်​ရဲ့ ရှားရှားပါးပါးပင်​ကိုယ်​​ရေး ဝတ္ထုရှည်​တစ်​ပုဒ်​ဆိုတာပဲ ​ပြောနိုင်​​တော့တယ်​။

(စာအုပ်​ပို့​ပေးလိုက်​တဲ့ ​ဒေါက်​စည်​ imageကိုလည်း သိပ်​ကို ​ကျေးဇူးတင်​​နေမိတယ်​။)

I'm ATM.

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.028
BTC 66081.13
ETH 3315.51
USDT 1.00
SBD 2.69