Poem

in #esteem5 years ago

*** ဆု​ပေး ဆုခံ ***
..............................

နှစ်​တိုတို​လေး​တွေက
ခဏ​လေးနဲ့ ​ဟောင်း​ကုန်​ကြတယ်

အချိန်​​တွေ အကြာကြီး
စာမြုံ့ပြန်​​နေဖို့​တော့
လုံ​လောက်​တယ်

အ​ဝေးက ​ဆွေး​မြေ့မှု​တွေကို
ကြေကွဲစွာနဲ့ ငါကြည့်​တယ်

တစ်​ခါတစ်​​လေ
ဝမ်းသာစက်​လက်​ မျက်​ရည်​စက်​​တွေ
သွန်​ချရတာ
ဘယ်​လို အရသာမျိုးမှန်း ငါမသိ...

ဘဝမှာ ဘယ်​လိုအရသာ​တွေကို
တပ်​မက်​ရမှန်း မသိ​တော့လို့

အချစ်​အမုန်း အကင်းဆုံးအရပ်​ကို
ဦးတည်​ ဆု​တောင်းလိုက်​တယ်

နှလုံးသားကို အရင်​ဆုံး
ဗလာကျင်းပစ်​ရမယ်​တဲ့

ခံယူချက်​ တစ်​ဖျစ်​​လောက်​နဲ့
မောက်​လိုက်​ရတဲ့ ဂုဏ်
ကိုယ့်​ကိုယ်​ကိုလည်း ​မော
ဘဝထဲမှာလည်း ​မျှော လို့

နောက်​​တော့
ဘယ်​ဆု​တောင်းမှလည်း
မပြည့်​ခဲ့ပါဘူး....

ကိုယ့်​ဖက်​က
လက်​ကမ်းရမှာကို
ရှက်​စရာလို့ မြင်​​နေတတ်​ခဲ့စဉ်
တ​လျှောက်​လုံး​ပေါ့​လေ....

I'm ATM.
Photo crd. image

Sort:  

@ayethatmon, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 57647.49
ETH 2274.93
USDT 1.00
SBD 2.50