မဆိုင်​သူ ဝင်​မပါရ

in #esteem6 years ago

*** မသက်​ဆိုင်​သူ ဝင်​မပါရ ***

အပြစ်​သားက ကိုယ်
စီရင်​ချမဲ့သူက သူမ
ဒဏ်​ရာ​တွေနဲ့
တဆတ်​ဆတ်​ တုန်​ယင်​​နေခဲ့တာက
ကိုယ့်​နှလုံးသား
ဘယ်​လို အမိန့်​​တော်​များလဲ ???

ခေါင်းကို​မော့ ရင်​ကို​ကော့ပြီး
ရဲရဲကြီး ခံယူပါ့မယ်
သူမ .......
ကိုယ့်​ရှိုက်​သံကို​တော့
မကြားပါ​စေနဲ့ ....
ကြင်​နာတတ်​တဲ့
သူမရဲ့ နှလုံးသား​လေး
အဖျားခတ်​မှာ
စိုးတယ်​​လေ.....။

သူမရဲ့ စီရင်​ချက်​မှာ
ကိုယ်​က အပြစ်​သား
ဘယ်​သူမှ
လာမတားပါနဲ့ ............
သူနဲ့ကိုယ့်​ရဲ့ ဆက်​သွယ်​ချက်​မို့
ကိုယ်​တို့​တွေပဲ
နားလည်​​နေပါ​ရ​စေ ........။

ဒီအဖြစ်​အပျက်​​တွေကို
မြင်​ခွင့်​ရခဲ့ရင်
ညီမျှခြင်း​တွေပဲ
ချ​ပေးကြဖို့ ​တောင်းဆိုပါရ​စေ
ဘယ်​သူ့အ​ပေါ်မှာမှ
အပြစ်​မတင်​​ကြေး ...........

Please , ................

I'm ATM.
Photo crd image

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.13
TRX 0.24
JST 0.032
BTC 83581.18
ETH 2065.09
USDT 1.00
SBD 0.63