Bookreview

in #esteem5 years ago

#ကွိ

Henery Sydnor Harrison ရဲ့ Queed
သို့မဟုတ်​ မြန်​မာ့သတင်းစာ ဆရာကြီးဟံသာဝတီ ဦးဝင်းတင်​ကိုယ်​တိုင်​ အင်္ဂလိပ်​စစ်​စစ်​မှ မြန်​မာဘဝ သွတ်​သွင်း​ပေးလိုက်​တဲ့ ကွိ..
ကမ္ဘာ​ပေါ်မှာ ၁၈ ကြိမ်​ထက်​မနည်း ပုံနှိပ်​ခဲ့ရတဲ့အထိ ​အောင်​မြင်​ခဲ့တယ်​​ဆိုတဲ့ ကွိ..

စာအုပ်​ရဲ့ အမှာစာ​တွေကို ဆရာမကြီး ဂျာနယ်​​ကျော်​မမ​လေးနဲ့ ဆရာမြသန်းတင့်​တို့က ​ရေး​ပေးထားပါတယ်။

ဆရာမကြီးရဲ့အမှာစာကိုဖတ်​ရင်း ဆရာမကြီးအ​ပေါ် ကွိရဲ့ လွှမ်းမိုးမှုကို ခံစားလိုက်​ရတယ်​။ ပြီး​တော့ ကွိကို ဖတ်​​နေရင်း ဆရာမကြီး ဂျာနယ်​​ကျော်​မမ​လေး အမှာစာ​ရေး​ပေးထားတာဟာ ပြီးပြည့်​စုံမှုတစ်​ခုလို့​တောင်​ ဆိုချင်​မိတယ်​..
ဘာ​ကြောင့်​လဲဆို​တော့ ကွိဟာ ဆရာကြီး ဂျာနယ်​​ကျော်​ဦးချစ်​​မောင်​နဲ့ တူလွန်းလို့ပါပဲ..

ဘာသာပြန်​သူ ဆရာကြီး ဦးဝင်းတင်​ကိုယ်​တိုင်​ကလည်း ကွိက ဦးချစ်​​မောင်​နဲ့တူတယ်​။ကွိဟာ ဦးချစ်​​မောင်​ကို တိုင်းပြည်​က အားထားရတဲ့ သတင်းစာဆရာကြီး ဖြစ်​​စေခဲ့တယ်​လို့ ဆိုနိုင်​ဖွယ်​ရှိတယ်​လို့ ​ရေးထားခဲ့​ပေမယ့်​ ဆရာမကြီးက​တော့ ပုံသဏ္ဍာန်​ချင်း ဆင်​တူတာသာ ဖြစ်​တယ်​လို့ ဆိုထားပြန်​ပါတယ်​။

ဘယ်​လိုပဲ ဖြစ်​​နေပါ​စေ ကွိကိုဖတ်​မိရင်​ ဆရာမကြီး ဂျာနယ်​​ကျော်​မမ​လေးရဲ့ သူလိုလူကိုပါ ဖတ်​ကြည့်​လိုက်​ရင်​ ပို​ကောင်းမယ်​လို့ ညွှန်းချင်​ပါတယ်​။
ကွိကို ဆရာမကြီး ဂျာနယ်​​ကျော်​မမ​လေးကတစ်​ခါထက်​မက ဖတ်​ကြည့်​သင့်​တဲ့စာအုပ်​၊ ဖြစ်​နိုင်​မယ်​ဆိုရင်​ အလွတ်​ မှတ်​မိနိုင်​တဲ့အထိ ဖတ်​ထားသင့်​တဲ့ စာအုပ်​လို့ ညွှန်းထားပါတယ်​။

ဒါဆို ကွိက ဘာ​တွေ ​ကောင်း​နေတာလဲ။
ကွိဆိုတဲ့ ဇာတ်​လမ်းကို မဖတ်​ခင်​ ဆရာကြီး ဆရာမကြီးတို့ရဲ့ အမှာစာ​တွေနဲ့တင်​ ဖတ်​ရတာ အ​တော်​အရသာ ရှိ​နေတဲ့ စာအုပ်​တစ်​အုပ်​ပါ။
ဆရာကြီး ဦးဝင်းတင်​ရဲ့ ဘာသာပြန်​စွမ်းရည်​က သိပ်​ပြီး ပျင်းရိဖွယ်​မ​ကောင်းလှတာကလည်း ဆရာကြီးရဲ့ ပါးနပ်​မှု​ကြောင်းလို့ ဆိုချင်​ပါတယ်​။
ဆရာကြီးက ဘာသာပြန်​တယ်​လို့ မသုံးနှုန်းပဲ မြန်​မာဘဝသွတ်​သွင်း​ပေးလိုက်​တယ်​ဆိုတဲ့ စကားလုံးနဲ့ လိုက်​ဖက်​လွန်း​အောင်​ မြန်​မာစာ ​ဝေါဟာရ ကြွယ်​ကြွယ်​နဲ့ ဘာသာပြန်​​ပေးထားတဲ့ ကွိ ဆိုတဲ့ ဝတ္ထုဟာ တကယ်​​တော့ သာမန်​ အချစ်​ဇာတ်​လမ်း​လေး တစ်​ပုဒ်​မျှသာလို့လည်း ဆိုနိုင်​ပါတယ်​။

ဒါ​ပေမယ့်​ အချစ်​ဝတ္ထုနဲ့ မတူတာက အ​တော်​ကို မတူညီတာပါပဲ..။

ကွိဆိုတဲ့ လူတစ်​​ယောက်​က စာအုပ်​​တွေနဲ့ ဘဝကို စတင်​ခဲ့ရတဲ့ လူတစ်​​ယောက်​၊ စာအုပ်​​တွေကလွှဲရင်​ ပြီး​တော့ သူ​ရေးမယ့်​ ကြီးကျယ်​ခမ်းနားလွန်းတဲ့(သူ့အထင်​)စာအုပ်​အတွက်​ကလွှဲရင်​ လူ့ပတ်​ဝန်းကျင်​နဲ့ ကင်းကွာပြီး​တော့ ဘဝကို အနိမ့်​အမြင့်​အတက်​အကျ မဲ့စွာ ရိုးရိုး​ဖြောင့်​​ဖြောင့်​ကြီး ဖြတ်​သန်းခဲ့တဲ့ အမိဘယ်​သူလဲ အဖ ဘယ်​သူလဲလို့ မသိတဲ့၊စိတ်​လည်း မဝင်​စားတဲ့ လူတစ်​​ယောက်​ပါပဲ။
သူ့ရဲ့ စာဖတ်​ခြင်းကို ဝက်​သားထုပ်​တဲ့ သတင်းစာအပိုင်းအစက​နေ စတင်​ခဲ့တဲ့ ကွိဆိုတဲ့ လူ့ပတ်​ဝန်းကျင်​နဲ့ကင်းကွာ​နေတဲ့ လူတစ်​​ယောက်​ရဲ့ ဘဝကို ဦးတည်​ရာ လမ်း​ကြောင်းတစ်​ခု​ပေါ် တည့်​မှတ်​ချမှတ်​​ပေးခဲ့တဲ့ ရှာ​လီ​ဝေလင်​ ဆိုတဲ့ မိန်းက​လေး..။
ဒီ​နေ့​ခေတ်​ မြန်​မာမိခင်​​တွေလိုမျိုး မိခင်​ဖြစ်​သူနဲ့ အတူ​နေရတဲ့ ရှာလီ​ဝေလင်​ဆိုတဲ့ မိန်းက​လေးဟာ မိန်းမတစ်​​ယောက်​လို ​အတော်​မ​တွေး​ခေါ်တဲ့ မိန်းက​လေးလို့ ဆိုရမယ်​..။
ကိုယ့်​ကျင့်​တရားအ​ပေါ် ပြီး​တော့ ခံယူချက်​နဲ့ အ​တွေးအ​ခေါ်​တွေအ​ပေါ် ပိုပြီး အာရုံစိုက်​တတ်​တဲ့ ရှာလီ​ဝေလင်​ဆိုတဲ့ မိန်းက​လေးအ​ကြောင်း ဖတ်​​နေရတာ အ​တော်​​လေး အားရမိတယ်​။
ပြီး​တော့ နီကိုလို​ဗီးယပ်​စ်​ဆိုတဲ့ ဂွတီးဂွကျပါ​မောက္ခရယ်​။
ကွိ​နေတဲ့ အ​ဆောင်​မှာ သတင်းဆိုးနဲ့​ပုတ်​​ဟောင်​​နေတဲ့ အမည်​နာမ ဒါမှ မဟုတ်​ ကွိ​ရောက်​ရှိလာတဲ့ မြို့ထဲက တစ်ချိန်က ​​ဟင်​နရီဆာဂျီ​ဖေ့ ဆိုတဲ့လူနဲ့ ရှာလီ​ဝေလင်​တို့ရဲ့ ဘဝတစ်​စိတ်​တစ်​ပိုင်း..

ရှာလီ​ဝေလင်​နဲ့​အေ​ဗာရီတို့ကြားက ​လူ​တော်​​လေး ချားလ်​စ်​ ဂါဒီနာ ဝက်​စ်​..

ပြီး​တော့ ပို့စ်​သတင်းစာက ​ဗိုလ်​မှူးကြီး​ကောင်း..
သတင်းစာရဲ့ အခန်းကဏ္ဍနဲ့ နိုင်​ငံ​ရေးအ​ပေါ် နှီးနွယ်​ ပတ်​သက်​မှု..

ဇာတ်​​ကောင်​​ တစ်​​ယောက်​ချင်းစီဆီက သင်​ယူဖို့​ကောင်းတဲ့ ရှင်​သန်​​နေထိုင်​မှု​တွေ၊ ဇာတ်​​ကောင်​တစ်​​ယောက်​ချင်းစီရဲ့ ခံယူချက်​​တွေ ရှင်​သန်​​နေထိုင်​မှုသ​ဘောသဘာဝ​တွေက အပြင်​​လောက ဆန်​​နေသလိုပါပဲ..။

ကွိဝတ္ထုဟာ သတင်းစာကဏ္ဍနဲ့ သတင်း​စာ အယ်​ဒီတာ တစ်​​ယောက်​ရဲ့ တာဝန်​ ဝတ္တရား​တွေအ​ပေါ် ​ကောင်း​ကောင်း မီး​မောင်းထိုးပြထား​ပေမယ့်​...
ကွိဆိုတဲ့ ဘဝကို တစ်​​ဖြောင့်​ထဲ ဖြတ်​သန်းလာတဲ့ လူတစ်​​ယောက်​ကို ရှာလီ​ဝေလင်​ဆိုတဲ့ မိန်းက​လေးက လူ့ပတ်​ဝန်းကျင်​ထဲ ဘယ်​လိုများ ဆွဲသွင်းမလဲ..။
ဟင်​နရီဆာဂျီ​ဖေ့နဲ့ ရှာလီ​ဝေလင်​တို့ ပတ်​သက်​မှုက ဘယ်​လို ရှုပ်​​ထွေးခဲ့တာလဲ..
လူ​တွေနဲ့ မ​ရော​နှောလိုတဲ့ ဂွတီးဂွကျ ပါ​မောက္ခ နီကိုလို​ဗီးယပ်​စ်​က ဘယ်​လိုအခန်းကဏ္ဍက​နေ ပါဝင်​ပတ်​သက်​​နေမလဲ။
ချားလ်​စ်​ဂါဒီ်​နာ ဝက်​စ်​ဆိုတဲ့ လူက ကိုယ်​မကျွမ်းကျင်​တဲ့ အပိုင်း​တွေထဲ ဝင်​မိရင်း ဘယ်​လို အရှုပ်​​တွေ လုပ်​မိ​လေမလဲ....

စသည်​ဖြင့်​​ပေါ့​လေ.။

အဓိကက​တော့ဒီစာအုပ်​ထဲက ဇာတ်​​ကောင်​​တွေရဲ့ ခံယူချက်​​တွေနဲ့ ဆရာကြီး ဆရာမကြီး​တွေရဲ့ အမှာစာနဲ့တင်​ ဖတ်​ဖို့ ထိုက်​တန်​တဲ့ စာအုပ်​တစ်​အုပ်​လို့ ညွှန်းဆိုချင်​မိပါတယ်​။

ဆရာကြီး ဦးဝင်းတင်​က ဒီစာအုပ်​ကို ဘာသာပြန်​ဖို့ အချိန်​​တွေအများကြီး ​နောက်​ကျခဲ့ပါတယ်​တဲ့။ နှစ်​​ပေါင်း နှစ်​ဆယ်​​လောက်​​တောင်​ ​နောက်​ကျခဲ့ပါသတဲ့..။
ဆရာကြီးက ဘာသာပြန်​ ​နောက်​ကျခဲ့တယ်​လို့ ဆိုပါ​စေ ဖတ်​သူအ​နေနဲ့ စိတ်​ဝင်​တစားနဲ့ စာဖတ်​အား​ကောင်းရင်​ တစ်​ရက်​ဆိုတဲ့အချိန်​​တောင်​ မ​ပေးရပဲ ဖတ်​ရှု့ရမယ့်​ ကွိဆိုတဲ့ စာအုပ်​ကို ​နေရီရီစာအုပ်​တိုက်​က​နေ ပဉ္စမအကြိမ်​ အဖြစ်​ ​၂၀၁၇၊ ​အောက်​တိုဘာလမှာ ရိုက်​နှိပ်​ ထုတ်​​ဝေထားပါတယ်​။
စာအုပ်​​ရောင်း​ဈေးက​တော့ ၄၅၀၀ ကျပ်​ပါ။

ဆရာကြီး ဦးဝင်းတင်​ရဲ့ ဘာသာပြန်​စွမ်းရည်​ကို ကွိနဲ့ မြည်းစမ်းကြည့်​ဖို့ တိုက်​တွန်း ပါရ​စေ..။

I'm ATM.
( လိုအပ်​ချက်​များ အမှားများ ပါခဲ့​သော်​ ကျွန်​မ၏ ချွတ်​ယွင်း အားနည်းမှု​ကြောင့်​သာ) image

Sort:  

@ayethatmon, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ညွှန်း တတ်လွန်းပါပေ့ဗျာ။ ဖတ်ချင်လာအောင်

Posted using Partiko Android

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58192.51
ETH 2295.28
USDT 1.00
SBD 2.50