Book reading

in #esteem5 years ago

နတ်​​ရေးငယ်​ရွှေစာ ထံသို့....

ဝတ္ထု​ရေးသူက ဂျာနယ်​​ကျော်​မမ​လေးလို့ ဆိုလိုက်​ကတည်းက ဝတ္ထုရဲ့ အ​ရေးအသားက သံသယရှိဖွယ်​ မရှိ​တော့ဘူးလို့ ကျွန်​မက​တော့ လက်​ခံလိုက်​မိပါတယ်​။

ခေါင်းစဉ်​​လေးက " နတ်​​ရေးငယ်​​ရွှေစာ " တဲ့ ။သိပ်​လှတဲ့ အမည်​နာမနဲ့ ဝတ္ထုတစ်​ပုဒ်​။စာမျက်​နှာ နှစ်​ရာ​ကျော်​​လောက်​ပဲ ပါတဲ့ ဝတ္ထုတစ်​ပုဒ်​ဆီမှာ လက်​က မချချင်​​လောက်​ဖွယ်​ ဆွဲ​ဆောင်​ထားတဲ့ အ​ရေးအသား​တွေနဲ့ ရင်​ထဲအထိ စူးနစ်​ဖွယ်​ ဇာတ်​​ကောင်​​တွေကို အားမလို အားမရဖြစ်​မှု​တွေကပဲ နတ်​​ရေးငယ်​​ရွှေစာကို ပိုပြီး ​ပြောင်​​မြောက်​​စေသလား ထင်​မိပါတယ်။

လှဆို​သော မိန်းက​လေးမှ ဇာတ်​ကို ​ပြောပြထားသလို ဖန်​တီးထားပြီး တကယ်​တမ်း လှ သည်​ မြဆို​တဲ့ မိန်းက​လေးရဲ့ သူငယ်​ချင်းမျှသာ။
မြ ဆိုတာ ဘယ်​လို မိန်းက​လေးလဲ..
ဘယ်​လို စိတ်​​နေ စိတ်​ထားမျိုးလဲ..
လှရဲ့ စိတ်​က​ရော ဘယ်လို​လဲ။မြနဲ့ လှရဲ့ ကြားထဲက ဆက်​ဆံ​ရေးက​ရော ဘယ်​လိုများ ပတ်​သက်​မှုရှိ​နေခဲ့တာလဲ။

လှရဲ့ အ​တွေးအ​ခေါ် အယူအဆ​တွေ ကိုလိုနီ​ခေတ်​က မြန်မာ​မိန်းက​လေးတစ်​​ယောက်​အ​ပေါ် မိဘ​တွေရဲ့ အုပ်​ထိန်းပုံ​တွေကို လှဆီက​နေ သိနိုင်​ပါလိမ့်​မယ်​။

ဒါ​ပေမယ့်​ ဒီဝတ္ထုကို ဖတ်​လိုက်​တဲ့အခါ မြဆိုတဲ့ မိန်းက​လေးတစ်​​ယောက်​ အ​ကြောင်းက ပိုပြီး အခရာ ကျ​နေတာလည်း ​တွေ့ရပါလိမ့်​မယ်​။
မြ........

ငယ်​ကတည်းက ရှက်​​ကြောက်​မှု​တွေနဲ့ ရုပ်​ရည်​လှပသ​လောက်​ ​​စိတ်​​ပျော့တတ်​တဲ့ မိန်းက​လေးတစ်​​ယောက်​၊​ပြောရရင်​ မိန်းက​လေးပီပီ မှီခိုမှုကို အားသန်​တတ်​တဲ့ မြ။သူ့မှာရှိတာ လှဆိုတဲ့ မာ​ကျော​ကျော သူငယ်​ချင်းတစ်​​ယောက်​၊ ကိုလိုနီ​ခေတ်​က မြန်​မာ​တွေရဲ့ မရိုးနိုင်​တဲ့ ဇာတ်​​ကြောင်းတစ်​ခုလို ချစ်​တီးထံမှာ အ​ပေါင်​ဆုံးပြီးမှ ကိုယ့်​အိမ်​ကိုယ်​ယာကို ပြန်​ငှါး​နေရတဲ့ အ​ကြွေး ပတ်​လည်​နဲ့ မိသားစု။ဒါဟာ အစပိုင်း မြရဲ့ဘဝက ဒါပဲ။

ဆုံးဖြတ်​ချက်​ မခိုင်​မာတတ်​တဲ့ မြ ၊ ​လောကကြီးမှာ အချစ်​ဆိုတာကိုလည်း ရှာ​တွေ့ခဲ့ပါရဲ့။ဒါ​ပေမယ့်​ စိတ်​ကူးထဲက မင်းသားတစ်​ပါးဆီမှာ ရှာ​တွေ့ခဲ့တဲ့ အချစ်​​တော့ မဟုတ်​ခဲ့ပြန်​ဘူး။အဲ့ဒီအချစ်​အတွက်​ စွန့်​လွှတ်​ စွန့်​စားဝံ့တဲ့ သတ္တိမျိုး မြ ဆီမှာ ရှိမ​နေခဲ့​တော့တာက ကံစီမံရာဆိုတာထက်​ အ​မေစီမံရာဆိုတာမျိုးနဲ့ ​ငွေတိုက်​ဝန်​​ထောက်​ဆိုတဲ့ ကိုယ့်​ထက်​ အသက်​အများကြီးကြီးတဲ့ လူနဲ့ ညားပါ​လေ​ရော။
ကိုယ့်​ကို မချစ်​တဲ့ ​​ကောင်​မ​လေး။ အထူးသဖြင့်​ ​ချော​မော​လှပလွန်းတဲ့ စိတ်​အ​ပျော်​ကို စွဲလမ်းတတ်​တဲ့ မိန်းက​လေးတစ်​​ယောက်​ကို ​ငွေ​ပေးပြီး အလိုလိုက်​ အကြိုက်​​ဆောင်​​ပေးခြင်းနဲ့သာ ​မျှော​နေတတ်​တဲ့ ​ငွေတိုက်​ဝန်​​ထောက်​ဆိုတဲ့ လူဟာ မြကို ကြိုးတစ်​စကိုင်​ထားတာကလွှဲရင်​ ဘယ်​လိုမှ မတားဆီးနိုင်​ခဲ့​ဘူး။မြဆိုတာ မိခင်​ရင်​ခွင်​မှာကတည်းက ​ခြေစုံကန်​ချင်​တဲ့ ဉာဉ်​ဆိုး​လေးနဲ့ မိန်းက​လေး​လေ။လင်​​ယောက်ျားရဲ့ အလိုလိုက်​မှု​နောက်​မှာ အရွဲ့တိုက်​မှုအတတ်​ပညာကိုပါ ကျွမ်းကျင်​လာတာက​တော့ မြအတွက်​ ထွက်​​ပေါက်​တစ်​ခုကို ရှာ​တွေ့ခြင်းလို့ပဲထင်​မိတယ်​။

အိမ်​​ထောင်​ဆိုတာ ဘာလဲလို့ ​မေးရ​လောက်​​အောင်​ ​လေလွှင့်​ချင်​​နေတဲ့ မြ။ သားသမီးဆိုတဲ့ သံ​ယောဇဉ်​အ​ပေါ်မှာ​တောင်​ အ​လေးအနက်​မထားတတ်​​တော့တဲ့အထိ မြဆိုတဲ့ မိန်းက​လေးတစ်​​ယောက်​ရဲ့ အုံနဲ့ကျင်းနဲ့ သ​န္ဓေတည်​ခဲ့တဲ့ မ​ကျေနပ်​မှုများစွာက မြဆိုတဲ့ တည်​ငြိမ်​ရှက်​​ကြောက်​​အေး​ဆေးခဲ့ဖူးတဲ့ မိန်းက​လေးတစ်​​ယောက်​ကို သတ်​ပစ်​လိုက်​ပါ​တော့တယ်​။

အချစ်​တွေ အမုန်း​တွေ မ​ကျေနပ်​မှု​တွေနဲ့ မြရဲ့ဘဝက သနားစရာ ​ကောင်းသလို ရွံရှာဖွယ်​လည်း အတိ၊ စက်​ဆုပ်​ဖွယ်​ကလည်း အပြည့်​.....ဒါ​ပေမယ့်​ မြကို မှားတယ်​လို့ ယူဆဖို့ မြ​ရဲ့​နေရာကိုများ တခဏဖြစ်​ဖြစ်​ ​ခံစားကြည့်​မိရင်​ မြကို စာနာလာတယ်​။ နားလည်​လာမိတယ်​။

လှဟာ မြရဲ့ဘဝထဲ ဘယ်​လိုပတ်​သက်​ခဲ့သလဲ။
မြရဲ့အချစ်​ဦးဟာ မြကို သိပ်​ချစ်​ခဲ့ရက်​နဲ့ မြကလည်း သိပ်​ကို ချစ်​မြတ်​နိုးခဲ့ပါရက်​နဲ့ ဘယ်​လို အ​ကြောင်းမတိုက်​ဆိုင်​မှု​တွေက သူတို့ကို ​ဝေးကွာ​စေခဲ့တာလဲ။မြဆိုတဲ့ မိန်းက​လေးက ဘယ်​အတိုင်းအတာအထိ ​ပြောင်းလဲသွားခဲ့သလဲ။ မြဆိုတဲ့ မိန်းက​လေးရဲ့ အိမ်​​ထောင်​သည်​ဘဝကို ဘယ်​လို ဖြတ်​သန်းခဲ့သလဲ။

ရိုးရှင်းတဲ့ အဖွဲ့အနွဲ့​တွေ၊ စာဖတ်​သူရင်​ထဲ တိုက်​ရိုက်​ ​ထိခတ်​​စေခဲ့တဲ့ ဆရာမကြီး ဂျာနယ်​​ကျော်​မမ​လေးရဲ့ က​လောင်​စူးစူး​တွေကို (အကယ်​၍ မဖတ်​ရ​သေးရင်​ )ဖတ်​ကြည့်​ကြ​စေချင်​မိပါတယ်​။

အားမလို အားမရမှုများစွာနဲ့ ရင်​တဟာဟာ ကျန်​​နေခဲ့ရမယ့်​ နတ်​​ရေးငယ်​​ရွှေစာ ချစ်​ဖို့​ကောင်းတာ​လေးက သူငယ်​ချင်းသံ​ယောဇဉ်​ရဲ့ ခိုင်​မာတဲ့ ကြိုး။
အချစ်​​တွေ အမုန်း​​တွေ မပါတဲ့ အဖြူ​ရောင်​ သူငယ်​ချင်း​တွေရဲ့ ခိုင်​မာတဲ့ သံ​ယောဇဉ်​​လေးက ချစ်​ဖို့​ကောင်းတယ်​။သူ့ဘဝက ဘာလဲ။ ကိုယ့်​ဘဝက ဘာလဲ တိုင်းတာ​မ​နေအားကြတဲ့ ခင်​မင်​ကြတဲ့ သူငယ်​ချင်းနှစ်​​ယောက်​ကြားက သန်​မာတဲ့နှောင်​ဖွဲ့မှုကို ဒီဝတ္ထုထဲ အတိုင်းသား​တွေ့မြင်​နိုင်​မှာပဲ ဖြစ်​ပါတယ်​။

ယူတတ်​မယ်​ဆိုရင်​ မက်​​ဆေ့ခ်ျ​များစွာကို ​ကောင်း​ကောင်းရနိုင်​မယ့်​ ဒီ ဝတ္ထုဟာ မြန်​မာ မိန်းက​လေး​တွေအ​နေနဲ့ အနည်းဆုံး တစ်​ခါဖြစ်​ဖြစ်​ ဖတ်​ဖြစ်​​စေချင်​မိပါတယ်​။

ဆင်​ခြင်​တုံတရား​ကင်းမဲ့သွားမှု​နောက်​မှာ ဘဝအ​​ပေါ် ဘယ်​အတိုင်းအတာအထိ သက်​​ရောက်​သွား​စေနိုင်​တယ်​ဆိုတာ ဘဝအမြင်​ ၊အသိအမြင်​​တွေ ဟင်းလင်းပွင့်​သွားသလို ခံစားမိ​စေတဲ့ နတ်​​ရေးငယ်​​ရွှေစာ...လို့ပဲ ကျွန်​မ ညွှန်းဆို ချင်​မိပါတယ်​။

အကယ်​၍ ဖတ်​ကြည့်​မယ်​ဆိုရင်​ အချိန်​အနည်းငယ်​ ​ပေးလိုက်​ရုံနဲ့ ​တွေးစရာ သိစရာများစွာကို ဒီစာအုပ်​​လေးဆီက ရရှိ​စေနိုင်​ပါလိမ့်​မယ်​လို့ ကျွန်​မ ထင်​မြင်​ယူဆမိပါတယ်​။

ကျွန်​မဆီဖတ်​ရတာက​တော့ စာမျက်​နှာစုစု​ပေါင်းစာမျက်​နှာ ၂၀၉မျက်​နှာ၊ သီဟရတနာစာ​ပေက​နေ ဒုတိယအကြိမ်​အဖြစ်​ ၂၀၀၀ ခုနှစ်​၊ ​အောက်​တိုဘာလထုတ်​​ဝေထားပြီး..
စာအုပ်​​ဈေးနှုန်းက ၁၅၀၀ ကျပ်​ဖြစ်​ပါတယ်​။( တိုက်​ထုတ်​​ဈေးမဟုတ်​ပါ)။

(ဖတ်​မိသမျှကို မှတ်​မိသလို နားလည်​သလိုပဲ ညွှန်းမိတာမို့ အကယ်​၍ အမှားများပါခဲ့​သော်​ ကျွန်​မရဲ့ ချွတ်​ယွင်းအားနည်းမှုသာ ဖြစ်​ပါတယ်​။)

I'm ATM. image

Sort:  

@ayethatmon, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

မှတ်ထားလိုက်မယ်။ တစ်ချိန်ချိန် ဖတ်ဖို့

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58192.51
ETH 2295.28
USDT 1.00
SBD 2.50