ညှီစို့စို့အနံ့တို့နောက်ကွယ် (၈)
ညှီစို့စို့အနံ့တို့နောက်ကွယ်
အပိုင်း(၈)
[NSFW Content: Age Restricted Under 13]
======================
ဆေးခြောက်မှုန့်ကို မီးလောင်ထားသော အနံ့စူးစူးလေးက အခန်းထဲမှာ သင်းလို့နေပြီး ထို အနံ့များကြားထဲမှာတော့ မှော်ဆရာနှင့် လင်းထက်ယံတို့နှစ်ယောက်သား အနမ်းတွေကြားထဲမှာ နစ်မြောလျက်ပင်ရှိနေချေ၏ ။ အနမ်းစည်းချက်တွေကြားမှာ သူတို့နှစ်ဦးလွန့်လူးလျက်ရှိပြီး အနမ်းတွေကြားထဲမှာ လင်းထက်ယံရဲ့စိတ်တို့က တစ်ချက်တစ်ချက်တွင် ပြာဝေသွားကြသည်။ သူ့ရဲ့စိတ်ထဲမှာတော့ လိင်ကိစ္စသာယာမှုက တစ်ဝက် လိင်တူချစ်သူမဟုတ်သော သူ့ကိုယ်သူအနေနဲ့ ဘာလို့များ ဒီလို ရူးကြောင်ကြောင်အလုပ်တွေလုပ်နေရပါသလဲ တစ်ဝက်နဲ့ တွေဝေလို့နေမိသည်။ ဒီကိစ္စကို သာယာနေမိသော သူ့ကိုယ်သူလည်း အံ့သြမိသည်။ သူနှင့်မှော်ဆရာတို့နှစ်ဦးစလုံးသည် လိင်ဆက်ဆံနေကြခြင်းမဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦးသာ ပွတ်သပ်နေကြခြင်းဖြစ်သည်။ ဆေးခြောက်အနံ့စူးစူးလေးကြောင့် လင်းထက်ယံရဲ့စိတ်တို့ တစ်ချက်တစ်ချက်မှာရီဝေလို့သွားပြီး တစ်ခါတစ်ရံခေါင်းထဲမှ တဆစ်ဆစ်နှင့်ပင်ကိုက်လာတော့သည်။ သူ့အတွေးအာရုံတွေထဲမှာ သူတို့နှစ်ဦးလုံး၏ feel တက်ညည်းတွားသံတို့က တဖြည်းဖြည်းချင်းကျယ်လောင်လာလျက်ရှိပြီး လင်းထက်ယံရဲ့ခေါင်းထဲ ရီဝေဝေဖြစ်သွားပြီး မိုက်ခနဲတစ်ချက်အရောက်မှာ ကမ္ဘာလောကကြီးတစ်ခုလုံး အမှောင်ကျသွားသည်။ အရာအားလုံးအမှောင်ကျသွားသော်လည်း သူတို့နှစ်ဦးလုံး၏ feel တက်ညည်းတွားသံတို့က စည်းချက်လေးတစ်ခုအလား ပုံမှန်ပင်ထွက်လာလျက်ရှိသည်။
"မှော်ဆရာ . . မှော်ဆရာ . ."
လင်းထက်ယံက အထိတ်တလန့်နှင့်မှော်ဆရာဟုခေါ်လိုက်သော်လည်း အသံတို့က ထွက်မလာ . . ။ လည်ချောင်းထဲမှာတင် အသံတို့က ပျောက်ကွယ်သွားကြသည်။
"မှော်ဆရာ . . . "
လင်းထက်ယံက နောက်ထပ်တစ်ခါအသံပြုကြည့်မိသည်။ အသံလေးက တိုးတိုးလေးနှင့် မပီဝိုးတဝါးလေး . . .။ မျက်လုံးဖွင့်မိတော့ ဘာမှမမြင်ရ။ သူ့ကိုယ်သူ မျက်လုံးများကွယ်သွားလေပြီလားဟု ထင်မိပြီး မျက်လုံးရှေ့မှာ လက်ကို ယမ်းကာကြည့်မိသည်။ အမှောင်ထဲမှာသာမို့ ဘာမှမထူး။ သူ့ခြေထောက်အောက်မှာလည်း မြေကြီးပင်မရှိတော့သလို ဘာခံစားချက်မှလည်းမရဘဲ လေထဲမှာ မျောလွင့်နေရသလိုပင်။ လင်းထက်ယံခံစားလို့ရတာတစ်ခုကတော့ ဘယ်နားကပျံ့လွင့်လာမှန်းမသိသည့် ဆေးခြောက်ကို မီးရှို့ထားသော အနံ့က သင်းသင်းကလေး . . .။ လင်းထက်ယံက ဆေးခြောက်အနံ့လာသည်ဟု ထင်ရသောဆီကို ခြေလှမ်းလိုက်သည်။ သိပ်တော့အခြေနေဆိုးမသွား။ အောက်မှာ မြေသားမရှိလို့ဆိုပေမယ့်လည်း သူ့ခန္ဓာကိုယ်ရွေ့လျားသွားတာကိုတော့ သူ သတိထားမိလိုက်သည်။ လင်းထက်ယံက ဆေးခြောက်အနံ့လေနောက်ကို လိုက်ရင်းလိုက်ရင်းနှင့် မှိန်ပျပျအလင်းစက်လေးကို မြင်လာရသည်။ ထိုမြင်နေရသည့် အလင်းစက်လေးအတိုင်း ရှေ့သို့တိုးရင်း တိုးရင်းနှင့် နောက်ဆုံးမှာတော့ အနံ့လာရာကို သူတွေ့လိုက်မိသည်။ အရှေ့တွင် အခမ်းအနားလေးတစ်ခုလိုကို တွေ့လိုက်ရပြီး ဆေးခြောက်မီးရှို့နံ့သည် ထို အခမ်းအနားလေးဆီမှ ထွက်လာနေခြင်းပင်ဖြစ်သည်။ လင်းထက်ယံက ထိုအခမ်းအနားဆီသို့တစ်လှမ်းချင်းလျှောက်သွားလေတော့ မင်္ဂလာပွဲဟုယူဆရသော အခမ်းအနားမှန်း နီးမှသိတော့သည်။ ဆေးခြောက်မီးရှို့ထားသည့် မီးပုံထားမှာတော့ မှော်ဆရာက လက်ကိုပိုက်ကာ မတ်တပ်ရပ် နေပြီး လင်းထက်ယံကို မြင်တော့ ပြုံးပြလိုက်ပြီး -
"လူတွေရဲ့ မသိစိတ်ကမ္ဘာကနေ ကြိုဆိုပါတယ်"
ဟုပြောလိုက်သည်။ လင်းထက်ယံက အေးစိမ့်စိမ့်နှင့် မြူဆိုင်းလျက်ရှိနေသည့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကာကြည့်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်တို့ ဒါဘယ်ရောက်နေတာလဲ . ."
"မင်းလေ့လာရမယ့်တစ်ခုပေါ့ . . .ဒါက မင်္ဂလာဆောင် . . လာ . . အထဲဝင်ရအောင် . . ."
မှော်ဆရာကထိုသို့ပြောရင်း လင်းထက်ယံကို မင်္ဂလာဆောင်ပွဲရှိရာသို့ခေါ်သွားလေတော့သည်။ မင်္ဂလာဆောင်ပွဲမှာတော့ လာသမျှလူများအားလုံးက တစ်ယောက်မှမျက်နှာကြည်ကြည်လင်လင်မရှိကြ။ သတို့သားသည် တစ်ခါတစ်ရံတွင် ပြုံးပြတတ်သော်လည်း သူလည်း လေးလံလို့နေကာ သူ့မင်္ဂလာဘောင်းဘီဂွကြားသည် တစ်စုံတစ်ခုကြောင့် ဖုဖောင်းကာထနေသည်။ လင်းထက်ယံနှင့်မှော်ဆရာတို့က နေရာလွတ်တစ်ခုလေးမှာထိုင်လိုက်သည်။ သတို့သားနှင့် သတို့သမီးက ထိုအခါ သူတို့ဝိုင်းသို့ရောက်လာပြီး -
"ထိုင်ပါဗျ . . .ကြွပါ . . သုံးဆောင်ပါဦးနော် . . ဒါကျွန်တော် တစ်သက်လုံး ကုတင်ပေါ်မှာဗျင်းဖို့ ဆုံးဖြတ်လိုက်တဲ့ကောင်မလေးလေ . . ."
ဟုပြောလိုက်ရာ သတို့သမီးကလည်း ပြုံးလိုက်ပြီး -
"သုံးဆောင်ပါဦးရှင့် . . . ကျွန်မလည်းတစ်သက်လုံးသူ့ကိုပဲ ခံသွားမှာလေ . . အဟင်းဟင်းဟင်း"
ဟုပြောလိုက်သည်။
လင်းထက်ယံရဲ့စိတ်တို့ နားမလည်ဟန်ဖြင့် ဇဝေဇဝါဖြစ်သွားသည်။ ထိုအချိန်တွင် အခြားဧည့်သည်လာသဖြင့် သတို့သားနှင့်သတို့သမီးတို့နှစ်ဦးလုံး အခြားစားပွဲဝိုင်းရှိရာသို့ထွက်သွားပြီး ထိုလူများကိုလည်း သူတို့ကိုပြောသည့်အတိုင်းပင်ပြောလေသည်။ လင်းထက်ယံကတော့ မှော်ဆရာကိုကြည့်ပြီး -
"မှော်ဆရာ . . သူတို့ . သူတို့အဲဒါ ဘာတွေဖြစ်နေတာလဲ . . နောက်ပြီး ကျွန်တော်တို့ဘယ်ရောက်နေကြတာလဲ . "
ဟုမေးလိုက်ရာ မှော်ဆရာကတော့ တစ်ချက်ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။
"ငါတို့အခုမင်္ဂလာပွဲရောက်နေတာပဲ . . .ဒါပေမယ့် မင်္ဂလာပွဲမှန်ပေမယ့် မင်္ဂလာပွဲကလူတွေရဲ့နောက်ကွယ်က မသိစိတ်နယ်ပယ်ထဲကိုရောက်နေတာ . . . လူတိုင်းဆီမှာ အမှောင်စိတ်လေးတွေ ကိုယ်စီရှိကြတယ်လေ . . ဒါက အဲ့ဒီအမှောင်စိတ်တွေ ကူးသန်းသွားလာရာ လောကပါပဲ . . "
"ဒါ . . . ဒါပေမယ့် သီရိနဲ့ ဒါနဲ့က ဘာဆိုင်လို့လဲ . . ."
"As above so below ဆိုတာ ကြားဖူးလား . . . ရင့်ကျက်ဆဲလူတစ်ယောက်ဟာ တစ်စုံတရာနဲ့ပတ်သတ်ပြီး အထက်တန်းကျ တည်ငြိမ်နေသယောင် အပြင်မှာ ဟန်ဆောင်လေလေ အပြင်မှာတည်ငြိမ် အထက်တန်းကျနေလေလေ အတွင်းထဲမှာတော့ စိတ်ဓာတ်က အောက်ဆုံးကို ပိုရောက်လေလေပါပဲ . . . "
"ဒါ . . ဒါဆို . .သီရိ အပြင်မှာ မြန်မာဆန်ပြီးတည်ငြိမ်တာတွေက"
"အမှန်ပဲ . . .အခု ဒီကိုလာတာ သူ့အတွင်းစိတ်ကို ပြသဖို့လာတာပါပဲ . . . "
မှော်ဆရာက ပြောရင်းဆိုရင်း ထရပ်လိုက်ကာ အဝေးတစ်နေရာကို လှမ်းငေးလိုက်သည်။ ဆေးခြောက်ငွေ့တွေ မြူတွေကြောင့် ဘာကိုမှအသေအချာမမြင်ရ။ အရာရာတိုင်းကတော့ မပီဝိုးတဝါးလို ပုံစံမျိုးလေးဖြစ်နေသည်။ သို့သော် မြူလိုအရာမျိုးလေးထဲမှ အဖြူရောင်အလင်းစက်လေးကို သူတို့နှစ်ဦးလုံးရုတ်တရက်ဆိုစလိုပင်တွေ့လိုက်ကြရပြီး ထိုအလင်းစက်လေးထဲမှလည်း လင်းထက်ယံနှင့် သီရိတို့၏ခိုးခိုးခစ်ခစ် အသံလေးများကို ကြားနေရသည်။ မှော်ဆရာက သတို့သားသတို့သမီးကို နှုတ်မဆက်တော့ဘဲ တစ်လှမ်းချင်းတစ်လှမ်းချင်းနှင့် ထိုအလင်းစက်လေးရှိရာသို့ လျှောက်သွားနေမိသည်။ လင်းထက်ယံကလည်း မှော်ဆရာကို တစ်ချက်ရပ်ကြည့်နေပြီးတော့မှ သူကိုယ်တိုင်လည်း မှော်ဆရာရဲ့နောက်ကို တဖြည်းဖြည်းချင်းနှင့်သာလိုက်ပါသွားပါတော့သည်။
အသံတို့က အလင်းစက်နားသို့နီးလေလေ ပိုမိုပြတ်သားလာလေလေဖြစ်ပြီး အလင်းစက်လေးဆီကိုတော့ သူတို့နှစ်ဦးလုံးအတော်လျှောက်ယူနေရသည်။ လင်းထက်ယံတစ်ယောက် အနောက်ကို ပြန်လှည့်ကြည့်မိတော့ ခုနက မင်္ဂလာဆောင်လည်း အဝေးရောက်သွားသဖြင့် မမြင်ရတော့ပြီ။ သို့သော် အခိုးအငွေ့များနှင့် ဆေးခြောက်ရနံ့တို့က သင်းပျံ့နေဆဲ . . . ။
သူတို့နှစ်ဦးလုံးအလင်းစက်လေးနားသို့ရောက်သောအခါ အလင်းစက်လေးရဲ့အတွင်းထဲမှာ လင်းထက်ယံနှင့် သီရိတို့ နောက်ဆုံးအကြိမ်က ချိန်းတွေ့နေသော ပုံရိပ်လေးတို့ကို မြင်လို့နေရသည်။
"ဒါ . . ဒါ သီရိမသေခင် ရက်ပိုင်းလောက်အလိုက ကျွန်တော်တို့ နောက်ဆုံးချိန်းတွေ့ခဲ့တဲ့အချိန်ပဲ "
လင်းထက်ယံက ပုံရိပ်များကို သေချာကြည့်ရင်းပြောလိုက်သည်။ မှော်ဆရာကတော့ သူ့လက်တို့ကို နောက်သို့ပစ်လိုက်ရင်းဆက်ပြောသည်။
"မင်း . . .သီရိကို မေးစရာတွေရှိသေးတယ်မဟုတ်လား . . သိချင်တာတွေရှိသေးတယ်မဟုတ်လား . . ."
မှော်ဆရာ့အမေးကြောင့် လင်းထက်ယံက သူ့ခေါင်းကို တဆတ်ဆတ်နှင့် ညိတ်လိုက်ပြီးနောက် -
"ဟုတ် . . အများကြီးပဲ . ."
ဟုပြောလိုက်ရာ မှော်ဆရာက သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်ပြီး -
"ကဲ မင်းသိချင်တာသွားမေးတော့ . . မင်းသိချင်တာတွေက သူ့ရဲ့ မသိစိတ်အလွှာမှာ . . ."
ဟုပြောလိုက်သည်။ ထူးဆန်းစွာပင်ရုတ်တရက်ဆိုသလို မြူထူနေသောပတ်ဝန်းကျင်မှာ လေပြင်းများတိုက်ခတ်လာပြီး သူတို့အဝတ်များက လေအတိုက်မှာ တဖျတ်ဖျတ်နှင့်လွင့်နေလေသည်။ လင်းထက်ယံက မှော်ဆရာကိုတစ်ချက်ဘေးတိုက်လှည့်ကြည့်လိုက်ပြီး-
"ဟင် . . .မှော်ဆရာက မလိုက်ဘူးလား . ."
ဟုပြောလိုက်ရာ မှော်ဆရာက လေကြောင့်လွင့်မျောနေသော သူ့ဆံသားများကို ပြန်လည်ထိန်းသိမ်းလိုက်ပြီးနောက် -
"ဒါက မင်းကိုယ်ရေးကိုယ်တာမို့ပါ . . .မင်းလွတ်လပ်စွာမေးလို့ရပါတယ် . . ."
ဟုသာပြောရင်း အလင်းစက်ရှိရာကို မေးငေါ့ပြလိုက်သည်။ အလင်းစက်လေးသည် တိုက်ခတ်လာသောလေနှင့်အတူ တဖြည်းဖြည်းချင်းကြီးလာပြီး တံခါးပေါက်တစ်ခုအရွယ်လောက်ထိ ကျယ်ပြန့်လာသည်။ ထိုအတွင်းထဲမှာတော့ လင်းထက်ယံနှင့် သီရိတို့ သီရိမသေဆုံးခင်က ချိန်းတွေ့ခဲ့သော ပုံရိပ်များကိုမြင်ယောင်လို့နေသည်။ လင်းထက်ယံက ထိုအလင်းတံခါးဆီသို့ တစ်လှမ်းချင်းတစ်လှမ်းချင်းလှမ်းလို့သွားလိုက်သည်။ အနားနီးလေလေ အတွင်းမှလေများက ပိုမိုတိုးလာလေလေဖြစ်ပြီး သူ့လက်နှင့် မျက်နှာကို ကာပြီးလေပြင်းများကြားထဲမှာ မနည်းသွားနေရလေသည်။ ထိုအခိုက်မှော်ဆရာက လှမ်းအော်ပြောလိုက်သည်။
"အဲ့ထဲရောက်ရင် မင်းတစ်ခုသတိထားရမှာတော့ရှိတယ်နော် . . မင်းဒီကိုပြန်လာချင်ရင် . . . . ."
မှော်ဆရာပြောသောစကားမဆုံးခင်မှာပဲ လေပြင်းများတိုးဝှေ့မှုကြောင့် ဘာဆိုဘာကိုမှမကြားရတော့ . . .။ အရှိန်အဟုန်ပြင်းသော လေပြင်းများ၏ ခေါ်ဆောင်မှုအတိုင်းသာ လင်းထက်ယံတစ်ယောက် လွင့်မျောလို့သွားပါတော့သည်။
အပိုင်း(၉)ဆက်ရန်
Own Feeling @ 2018 by
@AuroKarshine
#ကာရှိုင်း (ကြယ်စင်ချစ်သူ)
အရှည်ကြီးတွေရေးပီး ဘုတ်မရတာ နှမြောစရာ bro ရာ။