Paracetamol(ပါရာစီတမောလ်)
Photo;Credit
အသုံး ပြုရန်ရောဂါ
မြန်မာနိုင်ငံတွင်အသုံးအများဆုံးဆေးတစ်မျိုးဖြစ်သည်။အက်စ်ပရင်ကဲ့သို့ပင်အကိုက်ခဲသက်သာစေပြီးအဖျားကျစေသောအာနိသင်ရှိသည်။အာနိသင်လည်းထက်မြက်သည်။အရောင်လျော့စေသောအာနိသင်မရှိဟုဆိုသည်။
ခေါင်းကိုက်ခြင်း၊ကိုယ်လက်ကိုက်ခဲခြင်း၊အရိုးအဆစ်နာခြင်း၊မီးယပ်ပေါ်စဉ်ကိုက်ခဲ့ခြင်းနှင့်ဖျားနာခြင်းတို့တွင်အသုံးပြုလေ့ရှိသည်။
ဆေးညွှန်းနှင့်အသုံးပြုပုံ
စားဆေး၊စအိုထဲထည့်သောဆေးတောင့်အပြင်ထိုးဆေးလည်းရှိသည်ဟုဆိုသည်။စားဆေးဝ.၅ဂရမ်မှ၁ဂရမ်တစ်နေ့လေးကြိမ်သောက်နိုင်သည်။ကလေးများအတွက်ကိုယ်အလေးချိန်တစ်ကီလိုလျှင်၁၀မီလီဂရမ်နူန်းတစ်နေ့လေးကြိမ်ပေးနိုင်သည်။
သတိပြုရန်
အသည်းကိုထိခိုက်စေနိုင်သဖြင့်အသည်းရောဂါများတွင်ဆေးချိန်များများမပေးသင့်ပါ။အရက်စွဲနေသူများသတိထားသုံးသင့်ပါသည်။
ဘေးထွက်ဆိုးကျိုးများ
ဆေးအပြစ်ပြောပလောက်အောင်မရှိပါ။အဖုအပိမ့်ထွက်ခြင်းသွေးရောဂါဖြစ်ခြင်းတို့တွေ့ရနိုင်ပါသည်။ဆေးလွန်လျှင်အသည်းပျက်စီးနိုင်ပါသည်။
ရှောင်ရန်
အစာလမ်းကြောင်းမှသွေးယိုထွက်ခြင်းလတ်တလောဖြစ်ဖူးသူများရှောင်သင့်ပါသည်။
အားလုံးသိရှိနိုင်ရန် ဆေးပညာဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါသည်ခင်ဗျာ။
ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ခင်ဗျာ။
မြန်မာ steemit ချစ်သူအားလုံးအပေါင်းကို အစဉ်လေးစားလျှက်ပါ။
MSU
NO;017
ဗဟုသုတရစေပါတယ် bro
ဟုတ်
fighting bro
@aggamun
Nice ko aung
thank u For ur Sharing
Nice sharing bro👍