Doxylamine (ဒေါက်ဆီလမင်း)
Photo;Credit
ဆေးအသုံးပြုရန်ရောဂါ
အိပ်ငိုက်စေတတ်သည့် သတ္တိများသော ဆေးဖြစ်ပါသည်။ပိုရီဒေါက်ဇင်းနှင် ပေါင်းစပ်ထုတ်လုပ်လေ့ရှိသော ဆေးပင်ဖြစ်ပါသည်။
ကိုယ်ဝန် လနုနယ်စဉ် ပြင်ထန်စွာ ပျို့အန်ခြင်းအတွက် အသုံးပြုလေ့ရှိပါသည်။
ဆေးအညွှန်းနှင့် အသုံးပြုပုံ
ဤဆေးတလုံးတွင် ဒေါက်ဆီလမင်းနှင့် ပိုင်ရီဒေါက်ဇင်း ၁၀မီလီဂရမ်ဆီ ပါဝင်ပါသည်။
ညအိပ်ယာဝင် စားဆေးနှစ်လုံး သောက်နိုင်ပါသည်။ လိုအပ်မှုရှိပါက နောက်နေ့နံက်တွင်တစ်လုံး မွန်းလွဲပိုင်းတွင် တစ်လုံး ထပ်၍ အသုံးပြုနိုင်ပါသည်။
ဘေးထွက်ဆိုးကျိုးများ
ခေါင်းကိုက်ခြင်း အာခြောက်ခြင်း ဒယိမ်းဒယိုင်ဖြစ်ခြင်း မျက်စိပြာခြင်း ဆီးမသွားနိုင်ခြင်း ချွဲသလိပ်များခြင်း ဝမ်းချုပ်ခြင်း စားချဥ့်ပြန်ခြင်းနှင့် ဆေးစွဲခြင်းများ ဖြစ်နိုင်ပါသည်။
သတိပြုရန်နှင့် ရှောင်ရန်
အလွန်အိပ်ငိုက်စေသောဆေးဖြစ်သဖြင့် အန္တရာယ်ရှိနိုင်သော အလုပ်များ ဤဆေးသောက်ပြီး မလုပ်သင့်ပါ။အရက် အိပ်ဆေး စိတ်ငြိမ်ဆေး စသောဆေးများနှင့် တွဲ၍မသောက်သုံးသင့်ပါ။ဆေး၏ အာနိသင် ပိုမိုမြင့်မားစေသောကြောင့် ဖြစ်ပါသည်။
ပန်းနာရင်ကြပ်ရှိသူများနှင့် ရေတိမ်ရောဂါရှိသူများ ရှောင်ကျဉ်ရပါမည်။
အားလုံးသိရှိနိုင်ရန် ဆေးပညာဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါသည်ခင်ဗျာ။
ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ခင်ဗျာ။
မြန်မာ steemit ချစ်သူအားလုံးအပေါင်းကို အစဉ်လေးစားလျှက်ပါ။
MSU
NO;017
thanks
ဒီကောင် နားလည့်လား