Aceclofenac(အေစီကလိုဖီးနပ်)

in #esteem6 years ago (edited)

image

Photo; Credit

ကျ​နော်​ဟာ ​ဆေးပညာ​လေ့လာခြင်းကို အလွန်​ဝါသနာပါသူဖြစ်​သည့်​အတွက်​ ​လေ့လာထားသမျှ ထိုး​ဆေး(Injection) စား​ဆေး(Tablet) များနှင့်​ ပတ်​သတ်​သည့်​ အ​ကြောင်းများကို ဗဟုသုတအ​နေဖြင့်​ အစဉ်​မပြတ်​ပြန်​လည်​ မျှ​ဝေ​ပေးသွားမှာ ဖြစ်​ပါသည်​ခင်​ဗျာ။အမှားပါခဲ့လျှင်​ ​ကောင်း​သောအမြင်​ဖြင့်​ နားလည်​​ပေးသွားကြပါရန်​ ကြိုတင်​၍ ​တောင်းပန်​အပ်​ပါသည်​ခင်​ဗျာ။
အားလုံးအတွက်​ ဗဟုသုတရရှိ​စေရန်​အတွက်​ မျှ​ဝေ​ပေးခြင်းသာ ဖြစ်​ပါသည်​ခင်​ဗျာ။တိုက်​ဆိုင်​မှုရှိခဲ့ရင်​ အသုံးပြုနိုင်​ရန်​အတွက်​ ရည်​ရွယ်​ပြီး မျှ​ဝေ​ပေးခြင်းသာဖြစ်​ပါသည်​ခင်​ဗျာ။
ဒီတစ်ကြိမ် မျှဝေပေးမှာကတော့ (Aceclofenac) ​ဆေး၏ အသုံးဝင်​ပုံအ​ကြောင်း​လေးကို တင်​ပြ​ပေးသွားမှာ ဖြစ်​ပါသည်​ခင်​ဗျာ။

image

Photo;Credit

ဆေးအသုံးပြုရန် ရောဂါမှာ-

အဆစ်ရောင်ရောဂါ၊အဆစ်အမြစ်ကိုက်ခြင်း၊ခေါင်းကိုက်ခြင်း၊ခြေလက်ကိုက်ခြင်း၊ကျောရိုးအဆစ်ရောင်ရောဂါနှင့်နာကျင်ခြင်းသက်သာရန်နှင့်အရောင်လျော့စေရန်အတွက် အသုံးပြုသော ဆေးဖြစ်ပါသည်။

ဆေးအသုံးပြုရန် အညွှန်းမှာ-

စားဆေးအဖြစ် အသုံးပြုမည်ဆိုပါက တစ်နေ့လျှင် နှစ်ကြိမ် 100mg သောက်သုံးနိုင်ပါသည်။ဆေးသောက်သုံးမည်ဆိုပါက အစာစားပြီးမှ သောက်သုံးရပါမည်။အစာမစားပဲ ဆေးသောက်သုံးခြင်း မပြုသင့်ပါ။

ဆေး၏ ဘေးထွက်ဆိုးကျိုးများမှာ-

ဝမ်းဗိုက်အတွင်း မအီမသာဖြစ်ခြင်း၊ပျို့အန်ခြင်း၊အစာအိမ်ရောင်ယမ်းခြင်း၊ဝမ်းလျှောခြင်းများ ဖြစ်တတ်ပါသည်။ယားယံခြင်း၊အဖုအပိမ့်ထွက်ခြင်း၊အသက်ရှူကြပ်ခြင်း၊ဖောယောင်ခြင်းစသည့် ဆေးမတည့်ခြင်း လက္ခဏာများ ဖြစ်တတ်ပါသည်။ထို့အပြင် ဖြစ်နိုင်သော လက္ခဏာများမှာ အိပ်ငိုက်ခြင်း၊ခေါင်းမူးခြင်း၊ခေါင်းကိုက်ခြင်း၊အိပ်မပျော်ခြင်း စသည်များလည်း ဖြစ်နိုင်ပါသည်။အစာအိမ်အနာဖြစ်ခြင်း၊အစာအိမ်သွေးယိုစီးဆင်းခြင်း၊အသည်းရောင် အသားဝါဖြစ်ခြင်းနှင့်ကျောက်ကပ်အားလျော့ခြင်းများဖြစ်လာပါက ဆေးကို အသုံးပြုခြင်းမှ ချက်ချင်းရပ်ပြစ်ရပါမည်။

သတိပြုရန်နှင့် ရှောင်ရန်များမှာ-

အစာအိမ်နှင့် ပတ်သတ်သော ရောဂါရှိသူများ သတိထား အသုံးပြုရပါမည်။ကျောက်ကပ်အားနည်းနေသူများ မဖြစ်မနေလိုအပ်ပြီး အသုံးပြုမည်ဆိုပါက ဆေးအချိန်လျှော့၍ သောက်သုံးခြင်းဖြင့် သတိပြုရပါမည်။
ကိုယ်ဝန်ဆောင်ရှိသူများ ကလေးနို့တိုက်မိခင်များ လုံးဝအသုံးမပြုပဲ ရှောင်ကျဉ်ရပါမည်။အစာအိမ်အနာဖြစ်နေသူများ၊အစာအိမ်လမ်းကြောင်းမှ သွေးယိုထွက်ထြင်းဖြစ်နေသူများနှင့် ထိုဆေးနှင့် မတည့်သူများ သတိပြုရှောင်ကျဉ်ရပါမည်။

အားလုံးသိရှိနိုင်​ရန်​ ​ဆေးပညာဗဟုသုတအဖြစ်​ မျှ​ဝေ​ပေးလိုက်​ပါသည်​ခင်​ဗျာ။
ကျန်းမာခြင်းနှင့်​ပြည့်​စုံပြီး ကိုယ်​စိတ်​နှစ်​ဖြာ ရွှင်​နိုင်​ကြပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်​ပါသည်​ခင်​ဗျာ။

မြန်​မာ steemit ချစ်​သူအားလုံးအ​ပေါင်းကို အစဉ်​​လေးစားလျှက်​ပါ။

MSU

NO;017

Sort:  

ဆေးပညာမသင်​ချင်​လို့ ဆရာဝန်​​တောင်​မလုပ်​ခဲ့ဘူး.😁

You got a 11.90% upvote from @nado.bot courtesy of @aungthurain!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

ဆာကြီးပဲ

လေ့လာထားသမျ​လေး​တွေ​ပေါဗျာ

You receive vote 100 % Vote From @sattpaing. Because You Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

You receive vote 100 % Vote From @daviddkl. Because YouTag msu. MSU is Myanmar Steemit User Group.

Thanks for sharing

ဟုတ်​​ကျေးဇူး

Good knowledge ကို​အောင်

အေး​အေး ​ညေး

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 57807.79
ETH 2287.18
USDT 1.00
SBD 2.47