Myanmar to Japan job 2

in #esteem7 years ago

image
Photo Ref link : money.cnn.com ဂျပန်​စာမှာ တခြားနိုင်​ငံသား​တွေထက်​မြန်​မာက သင်​ရတာပိုအားသာတယ်​ဗျ။ ဘာဖြစ်​လို့လဲ ဆို​တော့ သဒ္ဒါ စီပုံက တူတယ်​။ တရုတ်​စာတို့ အင်္ဂလိပ်​သာတို့က မြန်​မာနဲ့ ​ပြောင်းပြန်​မဟုတ်​လား။ တနင်္လာ ​သောကြာ အလုပ်​လုပ်​ စ​နေ တနင်္ဂ​နွေ သင်​တန်းတက်​ တယ်​​ပေါ့ဗျာ ။ ဆရာက သ​ဘော​ကောင်း သလို အတန်း​ဖော်​​တွေကလဲ ​ပျော်​ဖို့​ကောင်းဗျ (မိန်းက​လေး​ချော​ချော ပါရင်​ပို​ပျော်​ဖို့​ကောင်းမယ်​ ) အခက်​အခဲ မရှိ​သေးဘူး ဆိုပါ​တော့ ။ တခု​တော့ဆိုးတယ်​ဗျ ။ သင်​တန်း ​ကျောင်းက ယူနီ​ဖောင်း ၀တ်​ရတယ်​ ။ ရှူးနဲ့ဘာနဲ့ဆို​တော့ ကိုမြို့က ​တောမြို့​လေ နဲနဲ​တော့ ​ပေါသလိုလို ​တော့​နေသား။ ဒီလိုနဲ့ ​လေးပတ်​​မြောက်​ တစ်​လ ဆိုပါ​တော့ အဲဒီမှာ အလုပ်​​ခေါ်စာ ​တွေ ​ကြော်​ငြာ ကပ်​ပါတယ်​။ ၃ ခု​လောက်​​တော့ရှိမယ်​ဗျ ။ ဘာ​ရွေး​ရွေး စိတ်​ချ သက်​သာတာ တခုမှမပါဘူးဗျ ။ ဘာ​တွေလဲ ဆို​တော့ သံချည်​သံ​ကွေး၊ လက်​သမား ၊ လမ်းတံတားဗျ။ အ​တွေ့အကြုံရ​အောင်​ တခု​တော့​ဖြေမယ်​ ​ပေါ့ ။ ဆရာကလဲ ​မြှောက်​​ပေး ကိုကလဲတက်​​အောင်​က ဟုတ်​ပါဘူး ကိုကလဲကြိုးစား ဟီးဟီး ။ စကားမစပ်​ ဂျပန်​က လုံးလုံး မတတ်​​သေးသ​လောက်​ပဲဗျ ၈ ရက်​ဘဲသင်​ရ​သေးသကိုး။ ဒီလိုနဲ့ ရန်​ကုန်​ ​ရွှေမြို့​တော်​ ကြီးဆီ ချီတက်​ဖို့ ရက်​ချိန်းထွက်​လာခဲ့ပြီ​ပေါ့ဗျာ (အပိုင်း ၃ ဆက်​​ရေးပါမည်​)
MSO No.45
Some words are missing in my phone.I am sorry about that.

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 58647.98
ETH 2291.48
USDT 1.00
SBD 2.46