Myanmar to japan job 1
ကျွန်တော် ယခု ဂျပန်နိုင်ငံမှာအလုပ်သင် သင်တန်းသားအဖြစ် လက်ရှိလုပ်ကိုင်လျက်ရှိပါတယ်။ မြန်မာမှဂျပန်ကိုလာချင်တဲ့သူတွေအတွက် ကျွန်တော်တွေ့ကြုံရတဲ့ အခက်အခဲ တွေ ပြင်ဆင်သင့်တာတွေကို ပြန်လည်ပြောပြပေးချင်ပါတယ်။ ဒါမှသာ ကျွန်တော်တို့လိုအခက်အခဲမကြုံရမှာဖြစ်ပါတယ်။ ကျွန်တော်ခုရေးမယ့်အကြောင်းအရာက ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အကြောင်းသာ ဖြစ်ပြီး အခြားသူများနှင့်ကွဲလွဲနိုင်ပါတယ်။ မည်သူတဦးတယောက်ကိုမျှ ထိခိုက်စေရန်မရည်ရွယ်ပါကြောင်း ကြိုတင်တောင်းပန်အပ်ပါတယ်။ ကဲစပြီပေါ့ဗျာ.....
Ref Link: www.google.com
အရင်တုန်းက ကျွန်တော်က ကုမ္ပဏီ တခုမှာ အလုပ်လုပ်နေတာဗျ အလုပ်မှာလဲပျော်ပါတယ် အချိန်ကုန်မှန်းမသိကုန်သွားတာ ၆ နှစ်ဆိုပါတော့ ရာထူးတွေလဲတက်ခဲ့ပါတယ် ။ ဒါပေမယ့် ခက်တာက ရရသုံးသုံးဖြစ်နေတော့ ပိုက်ဆံ မစုမိဘူးပေါ့ ။ အဲချိန်မှာ နိုင်ငံခြား သွားချင်တဲ့ပိုးက၀င်လာပါတယ်။ ဒါနဲ့ဘယ်နိုင်ငံသွားမလဲစဉ်းစားမိတော့ ခုနောက်ပိုင်း ကိုရီးယား ဂျပန် ကကောင်းတယ်ပေါ့ ။ ကျွန်တော်က နယ်မြို့ကလဲဖြစ်တယ် အလုပ်ကလဲထွက်လို့မဖြစ်တော့ (စားဝတ်နေရေးရှိသေးသဗျှ) ကို့မြို့မှာရှိတဲ့ ဂျပန် စာသင်တန်းလေး စတက်ဖြစ်တယ်ဆိုပါတော့ ( အပိုင်း ၂ ဆက်ရေးပါမည်)
mso noလေကေရေပေးပါ