✏📒

in #esteem7 years ago

@့်​​ကောလိပ်​များတွင်
..ပယ်​ရမည်​ထင်သည့် ​​အရာများ.😁..

(၁) Assignment နဲ့ သင်​ပြမှုပုံစံ
ဘာလုပ်​​နေမှာလဲ ကြည့်​ပြီး​တော့​ရေးတာကို
အမှတ်​​ပေး​နေတာ..စာရွက်​ကုန်​တာနဲ့လက်
ညောင်းတာပဲ အဖက်​တင်​တယ်​...

?​ကျောင်းသား​တွေကို စာဖတ်​​စေချင်​လို့လား
ဒါမှမဟုတ်​ အမှတ်​အလကားရ​အောင်​လို့လား
အဲဒါ​တွေ​ရေးခိုင်း​နေတာ..
အခု​ခေတ်​မှာမလို​တော့ဘူး​လေ
သိချင်​တဲ့အရာသာ ​မေးလိုက်
ဖုန်းတစ်​လုံးကိုင်​ပြီး ​ဖြေလို့ရ​နေp..

စာဖတ်​​စေချင်​လို့​ပေးတာဆိုရင်​..
ဘယ်​ဟာအ​ကြောင်းဖတ်​ခဲ့​ဟေ့
ဘယ်​​နေ့​မေးမယ်ဆိုပြီး ​မေးလိုက်​​ပေါ့
ပြီးရင်​ အမှတ်​​ပေးလိုက်​​လေ ပြီးတာပဲ..

အခုဟာက ​ရေးရတာဘာသာကနည်းတာ
မဟုတ်​ဘူး ..ဆရာ​ရေးဆိုလို့သာ ကူး​ရေးလိုက်​ရတာ ဘာတစ်​ခုမှ မသိလိုက်​တဲ့သူက ခပ်​များများ......
သင်​ပြမှုပုံစံ​ရေးထား​တာက တစ်​မျိုး သင်​ကြား
တော့ က​လေး​တွေမူတည်​ပြီး​တော့ ကြည့်​သင်
သွားရတာပဲ ...မလိုအပ်​ဘူး​လေ..

-(၂). စကား​ပြေနှင့်​ က​ဗျာ

စကား​ပြေ​ရေးတတ်​​စေချင်​လို့ ထည့်​သင်​​တာလား အဲ့ဒါဆိုရင်​လည်း စကား​ပြေ​ရေးနည်း
တွေကို အတန်းငယ်​ကတည်းက
သင်​​ပေးလိုက်​ပါလား..
ဒါမှမဟုတ်

ဗဟုသုတနဲ့အသိဥာဏ်​ပညာ​တွေ
တိုးပွား​အောင်​ လို့လား?
.$အဲ့ဒါဆိုင်​လည်း ဘာလို့ကျက်​ပြီး ​ဖြေခိုင်း
နေရတာလဲ ..အခုဟာက
ုစကား​ပြေသာ​ပြောတာ
နားလည်​ဖို့​တောင်​ အချို့  အပုဒ်​​တွေ
မနည်းဖတ်​​နေရတယ်​..

#က​ဗျာ​ရေးတတ်​​စေချင်​တာလား
ဒါဆိုလည်း က​ဗျာ​ရေးနည်းသင်​​ပေးလိုက်​​လေ
အခုဟာက
သူများ​ရေးပြီးသား က​ဗျာ​တွေကို ကျက်​ပြီး​ဖြေ
နေရတယ်​ဆိုတာက သဘာဝမကျဘူး​​ဗျ..

-(၃)Chemistry and Physics
ဒါ​တွေသင်​ပြီး ဘယ်​နားသွားအသုံးချရမှာလဲ
ကိုယ့်​ မြန်​မာစာနဲ့​ရေးထားတဲ့ ဘာသာ​တွေ
တောင်​ နားလည်​ဖို့မလွယ်​တာ သိရက်​နဲ့
ဘာလို့ Englishလို chemနဲ့phy ​တွေကို
သင်​​နေရတာလဲ....
..
ဘွဲ့မရ၊ဆယ်​တန်းမ​အောင်​တဲ့က​လေး​တွေ
တောင်​ ​လေယာဉ်​ပျံတီထွင်​နိုင်​​သော်​လည်း

ကျု ပ်​တို့လို ဒီဘာသာရပ်​​တွေကို
ကျက်​ပြီး​အောင်​လာတဲ့သူ (၁၀၀)မှာ
(၁၀)​ယောက်​​တောင်​ လက်​​တွေ့အသုံးချ
နိုင်​ခဲ့လို့လား..
..
အဲ့ဒိ ဓာတု organicအခန်း​တွေကို
ခင်​​ဗျားတို့ဘာသာကျက်​ပြီး ကိုယ်​တိုင်​သာ​ဖြေ
ကြည့်​​လေ.. ...မရူးသွားရင်​​ပြော​ပေါ့ ..ဟွန့်

-(၄)ဆရာဖြစ်​သင်​တန်း တက်​​နေတဲ့သူ​တွေက
စာ​ပေဘာသာ​တွေကို မသင်​​ပေးသင့်​ဘူး..
ထိုသို့ သင်​​ပေးခြင်းဖြင့်​ သင်​ပြနည်းနှင့်​ဖွင့်​ဖြိုး
ရေးဘာသာများအ​ပေါ် အ​လေး​ပေးမှုအား
နည်းသွားခြင်း၊ သင်​တန်းသားများရဲ့
ကိုယ်​ပိုင်​​လေ့လာသင်​ခွင့်​အချိန်​များ
လျော့နည်းရခြင်း၊ဆရာများအတွက်
်​ တာဝန်​ချိန်​များလာခြင်း​စတဲ့မ​ကောင်းကျိုး
တွေကို...ဖြစ်​​စေတယ်​​ဗျ..

.(မှတ်​ချက်​။ သင်​ပါလား သင်​တန်းသား​တွေ
(က​လေး​တွေ)ခွန်​အားဖြစ်​​စေမယ့်​ ဘာသာ​တွေ၊ စီပွား​ရေးအ​ခြေခံ​တွေ၊ကျန်းမာအသိပညာ
တွေ၊စာရိတ္တနဲ့ပြည်​သူ့နီတိ​တွေ အခု​တော့
အကျိုးမရှိတာ​တွေကို​သင်​တယ၊်​ ကျက်​ခိုင်းတယ်​၊ ​ဖြေခိုင်းတယ်​ စာ​မေးပွဲကျရင်​ ချခဲ့တယ်​..

အခုဆို က​လေး​တွေအိမ်​စာ နဲနဲပဲ​ပေးပြီး
စာသင်​ချိန်​ နဲပါးလှတဲ့ ဖင်​လန်​နိုင်​ငံက
ပညာ​ရေးထိပ်​ဆုံး​ရောက်​ပြီး အဆမတန်​အိမ်​စာ​ပေး၊ ကျူ ရှင်​​ပြေး​နေရတဲ့ မြန်​မာနိုင်​ငံပညာ
ရေးက​တော့ ​ဒေဝဒတ်​နား​ရောက်​​နေပြီ။)

(ခက်​တယ်​​ဗျ
အခု​ခေတ်​မိဘ​တွေကလည်း..
ကိုယ့်​သားသမီး စာကျက်​လို့စာ​တော်​ပြီး
ဘွဲ့ရတာကိုမှ လိုချင်​​နေကြတယ်​...)

အောက်​က(၁၈)ဘာသာက​တော့ ပညာ​ရေး​ကောလိပ်
ကျောင်းမှ သင်​တန်းသား/သူများ ​ရေး​ဖြေ၊
လက်​​တွေ့ လုပ်​ပြီးသင်​ရတဲ့ဘာသာ​တွေပါ။

(မြန်​မာသင်​ပြနည်း၊E သင်​၊သချာင်္သင်​၊သမိုင်းသင်​၊သိပ္ပံသင်​၊ပထဝီသင်​၊စိတ်​ပညာ၊သ​ဘောတရား၊

မြန်​မာစာ​ပေ၊Eစာ​ပေ၊သချာင်္စာ​ပေ၊ဓာတု၊ရူပ

ကာယ၊ဂီတ၊ပန်းချီ ၊ စိုက်​ပျိုး​ရေး၊စက်​မှု/အိမ်​တွင်းမှု)

အားလုံပဲ ဒုက္ခခပ်​သိမ်းကင်း​ဝေး၍
ချမ်းသာခြင်းနှင့်​ ပြည့်​ဆုံကြပါ​စေ..

😬👇👇🙅
စက်​ရုပ်​မဟုတ်​တဲ့ လူသားများကိုယ်​စား..

#​ကျော်​ထင်​အ​နော်​ရထာ ဘို​ကောင်း
.(ပညာ​ရေး​ကောလိပ်​ ဒုတိယနှစ်
ကျောင်းသား..)

image
@alay1

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by alay1 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.28
TRX 0.24
JST 0.041
BTC 94697.40
ETH 3266.02
USDT 1.00
SBD 6.94