🍂ဆွေး🍂

in #esteem-myanmar6 years ago

🍂ဆွေး🍂

(part☘1)(A)
image
မျက်ဝန်း တစ်စုံ သူရဲ့ညိုးဝေနေသည့် မျက်ဝန်းတစ်စုံ. . .
မျက်ဝန်းအိမ်လေးထဲတွင် မိုးသီး မိုးပေါက်လေးများ
ခိုဝင်သကဲ့သို့ သူရဲ့ မျက်ရည်သီးများ ဖွေးနုနေသည့်ထိ
ရက်စရာမရှိသောပါးပြင်ပေါ်သို့လှိမ့်ဆင်းနေလေသည်။
ထိုအရာကို မှိုင်း မနစ်ခြိုက်။သို့ပေမယ့်လည်းသူသည်
အဖေတစ်ယောက်လုံးထိခိုက်ဒဏ်ရာရလို့ဆေးရုံတင်ထား
ရသည်မဟုတ်ပေလား. . .။
သူသည် မှိုင်းအား ယခုချိန်ထိဘာစကားမှမဆို။ဘာကြောင့်လဲ??
အခြားသူတွေ သူနေရာမှာဆို
"ကျွန်တော်အဖေဖြစ်ရတာ ခငိဗျားကြောင့်''
ဟူ စွတ်စွဲချင်စွတ်စွဲပေလိမ့်မည်။ဘာကြောင့် အခုတို်င်ထိဘာ
စကားမှမပြောရတာလဲ။ဘာကြောင့်လဲ??
မှိုင်းတစ်ယောက်တည်း စိတ်ထဲတွင်နေမထိထိုင်မသာ။
ဘယ်ရယ်ကြောင့် မျက်ရည်ကျရုံသည်သာလွဲ၍ဘာမှတုန့်ပြန်
ခြင်းမရှိတာလဲ. . .။မှိုင်းတကယ်မနေနိင်တော့ဘဲ
"မင်းဘာလို့မျက်ရည်တွေကျနေတာလဲ သေ သွားတာမှ
မဟုတ်ဘဲ နောက်ပြီး မင်းအဖေရဲ့အစစအရာရာကို
ငါတာဝန်ယူတယ်''
ထိုသို့ပြောမှ သူကို စူးခနဲပြန်စိုက်ကြည့်သည်။
"ဟုတ်တယ် ငါလိုချင်တာမင်းရဲ့မခံချင်မှု ငါ့ကိုပြန်ပြောစမ်း''
မှိုင်း တိတ်တဆိတ်စိတ်ထဲတွင်ပြောလိုက်ပေမယ့်ပြန်ရလိုက်
သည့်စကားက
"ဟုတ်ကဲ့''
မှိုင်း ရေရေလည်လည်ဖျားချင်သွားသည်။ဘယ်လိုလေးပါလိမ့်
သူလေးရဲ့စိတ်ကိုမခန့်မှန်းနိင်။
"ငါဘဝမှာ စကားတွေကိုတိတ်ဆိတ်အောင်လုပ်နိင်တာမင်း
ပထမဆုံးပဲ''
ရည်ရွယ်ချက်မရှိ ပြောမိသွားတော့
"ကျွန်တော်မှတ်ထားပါ့မယ်''
ကြားရုံဆိုမျှ လေသံသဲ့သဲ့လေး . . ခေါင်းလေးပါငူံ့လိုက်ချေတော့
မျက်လွှာချလိုက်သည့်အတိုင်း ကော့ရွှန်းနေသည့် မျက်တောင်
လေးတွေ . . .။
မှိုင်း ရင်ထဲ လှိုက်ခုန်သွား၏။ဒါသည်ဘယ်လိုခံစားမှုမျိုးလဲ။
လည်ချောင်းတွေခြောက် လာသလိုလို ခံစားမှုကဘယ်လို
မှန်းကိုမသိ. . .။
သူ့အဖေရဲ့လက်ကို အားကိုးသကြီးဆုပ်ကိုင်ထားသော
ကောင်လေးသည် မှိုင်းကို အရေးတယူပင်မပြုတော့။
ပုံမှန်ချိန်ဆို မစပ်စုတက်သည့်သူကပဲ
"မင်း အဝေးသင်တက်နေတာဆို''
"ဟုတ်ကဲ့''
စိတ်ပါလက်ပါ ပြန်ဖြေသည်တော့မဟုတ်ချေ။တစ်စက်
ကလေးမှ သူ့ကိုလှည့်မကြည့်. . .။
"စာသင်နေတာဆိုကလေးတွေကို''
"အင်း''
လိုရင်း တိုရှင်းဖြေနေသည့်သူကိုဘယ်လိုရှေ့ဆက်စကား
ဆိုရမလဲ မသိတော့. .ထိုအချိန် မပြေးရုံတမယ်ရောက်
ချလာသောလူက
"light. . .''ဟု ခေါ်သောအခါ လှည့်ကြည့်သောမျက်ဝန်း
တစ်စုံ. . .
"ငါမင်းကို မျှော်နေတာ''ဟုတစ်ဖက်သို့
အားကိုးတစ်ကြီးဖြင့် ပြောပြီး ပြုံးပြသော အပြုံးတစ်ခု. .
မှိုင်းသူ့အတွက် စိတ်ပူပေးခဲ့သည်မှာအလကားပဲလား. . .
သူ့အတွက်တော့ အလကားပဲ တဲ့လား။

ကောင်းမာန် သူ့ဘေးကလူကိုကြည့်ကာ
"ခင်ဗျား မပြန်သေးဘူးလား ''
"အင်း ဟုတ်တယ် ကျွန်တော်မပြန်သေးဘူး''
မှိုင်းပြန်ဖြေလိုက်တော့ ရောင်နီက
"အစ်ကို ပြန်ချင်ပြန်ပါ ဖေကြီးကဘယ်အချိန်သတိ
ရလာမလဲမသိဘူး အစ်ကိုပြန်ပါ''
"ကောင်းပြီ ငါပြန်လာခဲ့မယ်''
"ဖြစ်နိင်ရင်ပြန်မလာခဲ့ပါနဲ့အစ်ကို''
ထိုအခါမှ ကြားရသော သူရဲ့တောင်းဆိုမှုများသည်
ရက်ရက်စက်စက်. . .။
"ငါ့ကြောင့် ဖြစ်ရတာလေမင်းရဲ့အဖေက ငါ့မှာ
တာဝန်ရှိတယ်''
"ကျွန်တော်တို့နောက်မှဆွေးနွေးကြတာပေါ့
အဲ့အကြောင်းတွေ''
"ကောင်းပြီ မင်းပြောသလို ငါတို့နောက်မှ
ထပ်ဆွေးနွေးကြတာပေါ့''

       ဆက်လက်မျော်ပါ

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 61821.96
ETH 2402.01
USDT 1.00
SBD 2.57