Myanmar-English

in #english7 years ago

Unicode

English အင်္ဂလိပ်ဘာသာစကားသည် မြန်မာတို့အတွက်အရေးပါပါသလား

မြန်မာ့မြေပေါ်မှာ မြစ်ဧရာကနေ သငေ်္ဘာတွေနဲ့တက်လာ ၊အမြောက်တစ်ချက်မဖောက်ဘဲ မှတ်မှတ်ရရ တန်ဆောင်မုန်းလပြည့်ကျော်ဆယ်ရက်နေ့မှာ မင်းနှစ်ပါးကို ဒီနေ့နေဝင်ရင် အချိန်မဆိုင်းဘဲသငေ်္ဘာပေါ်ကြွပါဆိုပြီး အိန္ဒိယကိုပင့်သွားတဲ့လူမျိုးရဲ့ ဘာသာစကားကို ဒီလိုအရေးတယူသင်ယူစရာလိုသလားဆိုတော့ ..........

သမိုင်းတစ်ခေတ်ဒုတိယအလှည့်အပြောင်းလို့ခေါ်တဲ့ ဥရောပရဲ့အမှောင်ခေတ်အလွန် စက်မှုတော်လှန်ရေးဦးဆောင်နိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်၊ပြင်သစ်၊ဂျာမနီ၊အီတလီတို့ဟာ သိပ္ပံနဲ့နည်းပညာမှာ အဲဒီခေတ်အခါက ကမ္ဘာမှာ နံပါတ် ၁ ပါ။ အမှောင်ခေတ်လို့သိကြတဲ့ ဥရောပအလယ်ခေတ်ဟာ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးခဲ့ကြတာကြောင့် သာသနာပိုင်ဘုန်းကြီးက ဘုရင့်ထက် တန်ခိုးကြီးလိုကြီး၊ သိပ္ပံဆိုင်ရာ တစ်ခုခုကို တွေ့ရှိရင်တောင်မှ စုန်းလို့စွပ်စွဲ၊ ဘာသာရေးကျမ်းနဲ့ ဆန့်ကျင်တယ်ဆိုပြီး အမျိုးမျိုးသောနှိပ်စက်မှုနဲ့ သေဒဏ် ပေးခဲ့ကြတာ သမိုင်းမှာ ရေလို့တောင်မရနိုင်။ ဒါကို အံတုပြီး သိပ္ပံတွေ့ရှိချက်တွေကို ရဲရဲဝံ့ဝံ့ချပြခဲ့ကြတဲ့ သူရဲကောင်းများမွေးဖွားရာ ဇာတိဖြစ်တဲ့ဥရောပ ။ စက်မှုတော်လှန်ရေးမြစ်ဖျားခံရာ နိုင်ငံရေးနဲ့ လူမှုရေးပြောင်းလဲခြင်းရဲ့အစ သိပ္ပံပညာကို ဘာသာရေးကနေ တစ်သီးတစ်သန့်ခွဲထုတ်လိုက်နိုင်ခဲ့တဲ့ဖြစ်ရပ်တွေ၊ သိပ္ပံဆိုင်ရာ သီဝရီတွေကို လက်တွေ့အဖြစ်ပြောင်းလဲပြီး လူသားတို့အကျိုးစီးပွားကို ဖြစ်ထွန်းစေခဲ့တာ လူ့သမိုင်းမှာ အကြီးမားဆုံးအလှည့်အပြောင်းပါ။ အင်္ဂလန်က နယူတန်နဲ့ ချားလ်စ်ဒါဝင်၊ ပြင်သစ်က လားပလေ့စ်၊ သြစတြီးယားက ဒေါ့ပလာ၊ဆွစ်ဇာလန်က ဘာနောလိ စတဲ့ ပညာကျော်တွေ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြိုင်အဆိုင်ရှာကြဖွေကြ စူးစမ်းကြတာ။ အင်္ဂလန်နိုင်ငံ ကမ်းဘရစ်ချ်တက္ကသိုလ်ရဲ့ လူကာစီရင်ပါမောက္ခရာထူးရဲ့ထိုင်ခုံကို နယူတန်ထိုင်ခဲ့ရာကနေ အခုဆိုရင် စတီဖင်ဟော့ကင်းထိုင်နေတာလေဗျ။ သူတို့နေတဲ့ ဥရောပကိုကျော်လွန်ပြီး အပြိုင်အဆိုင်မြေချဲ့ထွင်သိမ်းသွင်းခဲ့ကြတာ ကမ္ဘာမှာ ပထမဆုံးနေမဝင်အင်ပါယာကို တည်ဆောက်နိုင်တာ အင်္ဂလန်နိုင်ငံပါ။ နယ်ချဲ့တာတွေ ကျွန်ပြုတာတွေဆိုတာ ရှေးခေတ်သမိုင်းမှာလုပ်ခဲ့ကြတဲ့အတိုင်း ရက်စက်တဲ့နိုင်ငံ ၊ဓားပြိုင်ခုတ်နိုင်တဲ့နိုင်ငံ၊မြားပစ်တော်တဲ့နိုင်ငံတွေနဲ့မတူကွဲပြားစွာ ပညာရေးကို အခြေပြု တိုးတက်လာတဲ့နည်းပညာနဲ့ သေနတ်တစ်ချက်မဖောက်ဘဲ မင်းနှစ်ပါးကို သယ်သွားတာ ပညာ့တန်ခိုးပါ။
ပြောချင်တာက ပညာကို တန်ဖိုးထားတတ်မှုနဲ့အတူ စူးစမ်းလေ့လာမှု၊ မှတ်တမ်းကောင်းရေးမှတ်တတ်တဲ့အကျင့်နဲ့ ပညာရှင်ကို ပညာရှင်နေရာရအောင်ထားတတ်မှုတို့ပါ။
သူတို့ အင်္ဂလိပ်သဒ္ဒါကို စနစ်တကျပြုစုထားတာ ဆရာဦးဖေမောင်တင်တောင် မှီးငြမ်းပြီး မြန်မာသဒ္ဒါကိုပြုစုခဲ့ရတဲ့အဆင့်ပါ။ မြန်မာနဲ့ အိန္ဒိယကို သိမ်းသွားတာ အရှေ့အိနိ္ဒယကုမ္ပဏီပါ။ နယ်မြေကိုကုမ္ပဏီပိုင်သိမ်းပြီးမှ သူတို့နိုင်ငံရဲ့ ဘုရင်ကို နှစ်သစ်လက်ဆောင်ပေးလိုက်တာ။ ဒီက ခံစားရတဲ့သူတွေဆိုတော့ ရင်ထုမနာပေါ့ဗျာ။ ဒါကို သူတို့နိုင်ငံရဲ့လွှတ်တော်မှာ သူတစ်ပါးနယ်နိမိတ်ကို ဒီလိုသိမ်းယူတာ မသင့်ဘူးဆိုပြီး ကန့်ကွက်ကြတာ ပွက်ပွက်ညံပါပဲ။ ကမ္ဘာစစ်ကြီးလည်းနှစ်ခါဖြစ် ဒီဘက်က ဗိုလ်ချုပ်တို့ကလည်း လွတ်လပ်ရေးအတွက် ကြိုးစားကြတာကို ဟိုအင်္ဂလန်နိုင်ငံက လွှတ်တော်မှာ သိမ်းယူနိုင်ငံများကို လွတ်လပ်ခွင့်ပေးသင့်ကြောင်း အပြင်းအထန်ဆွေးနွေးကြတာ ။ တကယ်လို့ ကျွန်တော်တို့နိုင်ငံက ဒီလို ကိုလိုနီနယ်ချဲ့နိုင်ငံဖြစ်နေရင် ဒီလိုကိုယ်သိမ်းထားတဲ့နယ်မြေကို ပြန်ပေးဖို့အတွက် သူတို့လို ဆွေးနွေးရဲမယ်လို့ထင်ပါသလားခင်ဗျာ။ နယ်မြေကိုလည်းသိမ်းပြီးရောဒီအတိုင်းလက်လွတ်စပယ် သယံဇာတတွေကို ဖျက်လိုဖျက်ဆီးလုံးဝမလုပ်ခဲ့တာ သမိုင်းသက်သေပါ။ စနစ်တကျတူးဖော် စနစ်တကျခုတ်ယူခဲ့ကြတာပါ။ ကျွန်တော်တို့သာ သူတို့နေရာမှာ တစ်ခြားသူနယ်မြေကိုသိမ်းယူပြီးရင် ဒီလိုမျိုး စနစ်တကျတူးဖော် စနစ်တကျခုတ်ယူကြမယ်လို့ ယုံကြည်ပါသလား။ အိနိ္ဒယတိုက်ငယ်နဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်ကို သိမ်းအပြီး ဒီဒေသရဲ့အကြောင်းဖြစ်တဲ့ပထဝီ၊ သမိုင်း၊ဘူမိဗေဒ၊မနုဿဗေဒ၊ ဇီဝဗေဒ၊ရုက္ခဗေဒ၊သတ္တဗေဒစတဲ့ ပညာရပ်ဆိုင်ရာတွေကို သိမ်းယူစဉ်ကစလို့ ထွက်ခွာသွားချိန်အထိ တစ်စိုက်မတ်မတ်လေ့လာခဲ့ကြတာ အခုခေတ်အထိသူတို့ရဲ့ မြေပုံတွေ ၊မှတ်တမ်းတွေကို နေရာတကာမှာ ကိုးကားနေရတာ။ သူတို့မှ ကမ္ဘာမကျော်ရင် ဘယ်သူကျော်မတုန်းဗျာ။
ယနေ့ခေတ် ကမ္ဘာမှာ တစ်ခုခုကိုပြောချင်တယ်ဆိုရင် ကမ္ဘာသုံးဘာသာတစ်ခုခုနဲ့ပြောမှထိရောက်မှာ သက်သေပြစရာကိုမလို။ ဒီလိုမျိုး လိုအပ်နေတဲ့နေရာမှာ အင်္ဂလိပ်ဘာသာက ဘာလို့ကမ္ဘာသုံးဖြစ်လာတာလဲဆိုရင်တော့ စစ်ကြီးမဖြစ်ခင်က တစ်ကမ္ဘာလုံးနေရာအနှံ့သူတို့ရဲ့ပိုင်နက်နယ်မြေဖြစ်ဖူးခြင်း၊ သဒ္ဒါပိုင်းဆိုင်ရာလွယ်ကူခြင်း၊ ဝေါဟာရအသစ်အမြဲတမ်းပေါ်နေခြင်းနဲ့ သင်ယူရလွယ်ကူခြင်းကြောင့်ပါ။ ဒီဘက်ခေတ် သိပ္ပံနဲ့နည်းပညာမှာ ဂျာမနီကပဲတွေ့တွေ့၊ ဂျပန်ကပဲတွေ့တွေ့၊ တရုတ်ကပဲရှာရှာ၊ ပြင်သစ်ကပဲရှာရှာ နောက်ဆုံးကမ္ဘာသိဖြစ်အောင်ရေးရာမှာ အင်္ဂလိပ်ဘာသာကိုပဲ သုံးနေရတာ ဒါ့ကြောင့်ပါ။

မြန်မာကလည်း အရင့်အရင်ခေတ်များက ကမ္ဘာနဲ့အမှီရင်ပေါင်တန်းနိုင်ခဲ့စဉ် အင်္ဂလိပ်ဘာသာကို ဂျောင်းဂျောင်းပြေးတတ်ခဲ့ကြတာ ဗိုလ်ချုပ် တက္ကသိုလ်တက်စဉ် အိုးဝေမဂ္ဂဇင်း အယ်ဒီတာဖြစ်စဉ်က မဂ္ဂဇင်းမှာပါတဲ့ ဆောင်းပါးကို အခုတင်ပြထားပါတယ်။ဒီလိုမျိုး သူတို့ဘာသာစကားနဲ့ ပိဿာလေးဘေးပစ်ပြောနိုင်မှသာ ကျွန်တော်တို့ကို ဖိနှိပ်ထားတာပေါ်လွင်ပြီး ထိမှာပေါ့ဗျ။ အခုခေတ်မှာ ဒီလိုရေးနိုင်သားနိုင်ကြတဲ့ တက္ကသိုလ်ကျောင်းသားများ များများစားစားရှိစေချင်ပါတယ်ဗျာ။ ဖတ်ကြည့်ကြပါခင်ဗျာ။
နောက်ဆုံးတစ်ခုပြောချင်တာက နယ်ချဲ့တာတွေ သိမ်းယူတာတွေဆိုတာ မေ့မရတာအမှန်ပါ။ ဒီတစ်ခုတည်းနဲ့ အင်္ဂလိပ်ဆိုတာနဲ့ကို အသားလွတ်အခြောက်တိုက် မုန်းနေတာ တစ်ခုခုလွဲနေပါပြီ။ အခုခေတ်မှာ ကိုယ်ထိလက်ရောက် နယ်မြေသိမ်းစရာမလို ဟိုသမုဒ္ဒရာတစ်ဖက်ကနေပြီး အားလုံးကို ထုတ်ယူစုပ်ယူနေကြတဲ့နည်းတွေအများကြီးပါ။ နောက်တစ်ခုက သူတို့ရဲ့ စနစ်တွေ သင်ယူပုံတွေ ပညာကိုတန်ဖိုးထားတတ်မှုတွေကို လစ်လျူရှုနေမယ်ဆိုရင် အမှားကြီးမှားပါပြီ။ ဘာသာရေးနဲ့ လူမျိုးရေးဆိုတာ ခံစားကြည့်လို့ကောင်းတဲ့ အကြောင်းပြချက်သက်သက်မျှသာ။ ဒါ့ကြောင့် ခေတ်ပညာတတ်ဖြစ်ပြီး ခေတ်နဲ့အညီ ရှာဖွေဖော်ထုတ်တီထွင်ကြံဆချက်တွေကို ချပြဖို့ရာနဲ့ သူများရှာတွေ့ထားတာတွေကို လေ့လာသင်ယူဖို့ရာ အင်္ဂလိပ်ဘာသာစကားဆိုတာ မသိမဖြစ် မတတ်မဖြစ် ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။

စာများများဖတ်ကြပါ။

image

Zawgyi

English အဂၤလိပ္ဘာသာစကားသည္ ျမန္မာတို႕အတြက္အေရးပါပါသလား

ျမန္မာ႕ေျမေပၚမွာ ျမစ္ဧရာကေန သေဘၤာေတြနဲ႕တက္လာ ၊အေျမာက္တစ္ခ်က္မေဖာက္ဘဲ မွတ္မွတ္ရရ တန္ေဆာင္မုန္းလျပည့္ေက်ာ္ဆယ္ရက္ေန႕မွာ မင္းနွစ္ပါးကို ဒီေန႕ေနဝင္ရင္ အခ်ိန္မဆိုင္းဘဲသေဘၤာေပၚျကြပါဆိုျပီး အိႏၵိယကိုပင့္သြားတဲ႕လူမ်ိဳးရဲ႕ ဘာသာစကားကို ဒီလိုအေရးတယူသင္ယူစရာလိုသလားဆိုေတာ့ ..........

သမိုင္းတစ္ေခတ္ဒုတိယအလွည့္အေျပာင္းလို႕ေခၚတဲ႕ ဥေရာပရဲ႕အေမွာင္ေခတ္အလြန္ စက္မႈေတာ္လွန္ေရးဦးေဆာင္နိုင္ငံေတြျဖစ္တဲ႕ အဂၤလန္၊ျပင္သစ္၊ဂ်ာမနီ၊အီတလီတို႕ဟာ သိပၸံနဲ႕နည္းပညာမွာ အဲဒီေခတ္အခါက ကမၻာမွာ နံပါတ္ ၁ ပါ။ အေမွာင္ေခတ္လို႕သိျကတဲ႕ ဥေရာပအလယ္ေခတ္ဟာ ဘာသာေရးနဲ႕ နိုင္ငံေရး ေရာေထြးခဲ႕ျကတာေျကာင့္ သာသနာပိုင္ဘုန္းျကီးက ဘုရင့္ထက္ တန္ခိုးျကီးလိုျကီး၊ သိပၸံဆိုင္ရာ တစ္ခုခုကို ေတြ႕ရွိရင္ေတာင္မွ စုန္းလို႕စြပ္စြဲ၊ ဘာသာေရးက်မ္းနဲ႕ ဆန္႕က်င္တယ္ဆိုျပီး အမ်ိဳးမ်ိဳးေသာနွိပ္စက္မႈနဲ႕ ေသဒဏ္ ေပးခဲ႕ျကတာ သမိုင္းမွာ ေရလို႕ေတာင္မရနိုင္။ ဒါကို အံတုျပီး သိပၸံေတြ႕ရွိခ်က္ေတြကို ရဲရဲဝံ႕ဝံ႕ခ်ျပခဲ႕ျကတဲ႕ သူရဲေကာင္းမ်ားေမြးဖြားရာ ဇာတိျဖစ္တဲ႕ဥေရာပ ။ စက္မႈေတာ္လွန္ေရးျမစ္ဖ်ားခံရာ နိုင္ငံေရးနဲ႕ လူမႈေရးေျပာင္းလဲျခင္းရဲ႕အစ သိပၸံပညာကို ဘာသာေရးကေန တစ္သီးတစ္သန္႕ခြဲထုတ္လိုက္နိုင္ခဲ႕တဲ႕ျဖစ္ရပ္ေတြ၊ သိပၸံဆိုင္ရာ သီဝရီေတြကို လက္ေတြ႕အျဖစ္ေျပာင္းလဲျပီး လူသားတို႕အက်ိဳးစီးပြားကို ျဖစ္ထြန္းေစခဲ႕တာ လူ႕သမိုင္းမွာ အျကီးမားဆံုးအလွည့္အေျပာင္းပါ။ အဂၤလန္က နယူတန္နဲ႕ ခ်ားလ္စ္ဒါဝင္၊ ျပင္သစ္က လားပေလ႕စ္၊ ျသစျတီးယားက ေဒါ့ပလာ၊ဆြစ္ဇာလန္က ဘာေနာလိ စတဲ႕ ပညာေက်ာ္ေတြ တစ္နိုင္ငံနဲ႕တစ္နိုင္ငံ အျပိဳင္အဆိုင္ရွာျကေဖြျက စူးစမ္းျကတာ။ အဂၤလန္နိုင္ငံ ကမ္းဘရစ္ခ်္တကၠသိုလ္ရဲ႕ လူကာစီရင္ပါေမာကၡရာထူးရဲ႕ထိုင္ခံုကို နယူတန္ထိုင္ခဲ႕ရာကေန အခုဆိုရင္ စတီဖင္ေဟာ့ကင္းထိုင္ေနတာေလဗ်။ သူတို႕ေနတဲ႕ ဥေရာပကိုေက်ာ္လြန္ျပီး အျပိဳင္အဆိုင္္ေျမခ်ဲ႕ထြင္သိမ္းသြင္းခဲ႕ျကတာ ကမၻာမွာ ပထမဆံုးေနမဝင္အင္ပါယာကို တည္ေဆာက္နိုင္တာ အဂၤလန္နိုင္ငံပါ။ နယ္ခ်ဲ႕တာေတြ ကၽြန္ျပဳတာေတြဆိုတာ ေရွးေခတ္သမိုင္းမွာလုပ္ခဲ႕ျကတဲ႕အတိုင္း ရက္စက္တဲ႕နိုင္ငံ ၊ဓားျပိဳင္ခုတ္နိုင္တဲ႕နိုင္ငံ၊ျမားပစ္ေတာ္တဲ႕နိုင္ငံေတြနဲ႕မတူကြဲျပားစြာ ပညာေရးကို အေျချပဳ တိုးတက္လာတဲ႕နည္းပညာနဲ႕ ေသနတ္တစ္ခ်က္မေဖာက္ဘဲ မင္းနွစ္ပါးကို သယ္သြားတာ ပညာ႕တန္ခိုးပါ။
ေျပာခ်င္တာက ပညာကို တန္ဖိုးထားတတ္မႈနဲ႕အတူ စူးစမ္းေလ႕လာမႈ၊ မွတ္တမ္းေကာင္းေရးမွတ္တတ္တဲ႕အက်င့္နဲ႕ ပညာရွင္ကို ပညာရွင္ေနရာရေအာင္ထားတတ္မႈတို႕ပါ။
သူတို႕ အဂၤလိပ္သဒၵါကို စနစ္တက်ျပဳစုထားတာ ဆရာဦးေဖေမာင္တင္ေတာင္ မွီးျငမ္းျပီး ျမန္မာသဒၵါကိုျပဳစုခဲ႕ရတဲ႕အဆင့္ပါ။ ျမန္မာနဲ႕ အိႏၵိယကို သိမ္းသြားတာ အေရွ႕အိႏိၵယကုမၸဏီပါ။ နယ္ေျမကိုကုမၸဏီပိုင္သိမ္းျပီးမွ သူတို႕နိုင္ငံရဲ႕ ဘုရင္ကို နွစ္သစ္လက္ေဆာင္ေပးလိုက္တာ။ ဒီက ခံစားရတဲ႕သူေတြဆိုေတာ့ ရင္ထုမနာေပါ့ဗ်ာ။ ဒါကို သူတို႕နိုင္ငံရဲ႕လႊတ္ေတာ္မွာ သူတစ္ပါးနယ္နိမိတ္ကို ဒီလိုသိမ္းယူတာ မသင့္ဘူးဆိုျပီး ကန္႕ကြက္ျကတာ ပြက္ပြက္ညံပါပဲ။ ကမၻာစစ္ျကီးလည္းနွစ္ခါျဖစ္ ဒီဘက္က ဗိုလ္ခ်ဳပ္တို႕ကလည္း လြတ္လပ္ေရးအတြက္ ျကိဳးစားျကတာကို ဟိုအဂၤလန္နိုင္ငံက လႊတ္ေတာ္မွာ သိမ္းယူနိုင္ငံမ်ားကို လြတ္လပ္ခြင့္ေပးသင့္ေျကာင္း အျပင္းအထန္ေဆြးေႏြးျကတာ ။ တကယ္လို႕ ကၽြန္ေတာ္တို႕နိုင္ငံက ဒီလို ကိုလိုနီနယ္ခ်ဲ႕နိုင္ငံျဖစ္ေနရင္ ဒီလိုကိုယ္သိမ္းထားတဲ႕နယ္ေျမကို ျပန္ေပးဖို႕အတြက္ သူတို႕လို ေဆြးေႏြးရဲမယ္လို႕ထင္ပါသလားခင္ဗ်ာ။ နယ္ေျမကိုလည္းသိမ္းျပီးေရာဒီအတိုင္းလက္လြတ္စပယ္ သယံဇာတေတြကို ဖ်က္လိုဖ်က္ဆီးလံုးဝမလုပ္ခဲ႕တာ သမိုင္းသက္ေသပါ။ စနစ္တက်တူးေဖာ္ စနစ္တက်ခုတ္ယူခဲ႕ျကတာပါ။ ကၽြန္ေတာ္တို႕သာ သူတို႕ေနရာမွာ တစ္ျခားသူနယ္ေျမကိုသိမ္းယူျပီးရင္ ဒီလိုမ်ိဳး စနစ္တက်တူးေဖာ္ စနစ္တက်ခုတ္ယူျကမယ္လို႕ ယံုျကည္ပါသလား။ အိႏိၵယတိုက္ငယ္နဲ႕ အင္ဒိုခ်ိဳင္းနားကၽြန္းဆြယ္ကို သိမ္းအျပီး ဒီေဒသရဲ႕အေျကာင္းျဖစ္တဲ႕ပထဝီ၊ သမိုင္း၊ဘူမိေဗဒ၊မနုႆေဗဒ၊ ဇီဝေဗဒ၊ရုကၡေဗဒ၊သတၲေဗဒစတဲ႕ ပညာရပ္ဆိုင္ရာေတြကို သိမ္းယူစဥ္ကစလို႕ ထြက္ခြာသြားခ်ိန္အထိ တစ္စိုက္မတ္မတ္ေလ႕လာခဲ႕ျကတာ အခုေခတ္အထိသူတို႕ရဲ႕ ေျမပံုေတြ ၊မွတ္တမ္းေတြကို ေနရာတကာမွာ ကိုးကားေနရတာ။ သူတို႕မွ ကမၻာမေက်ာ္ရင္ ဘယ္သူေက်ာ္မတုန္းဗ်ာ။
ယေန႕ေခတ္ ကမၻာမွာ တစ္ခုခုကိုေျပာခ်င္တယ္ဆိုရင္ ကမၻာသံုးဘာသာတစ္ခုခုနဲ႕ေျပာမွထိေရာက္မွာ သက္ေသျပစရာကိုမလို။ ဒီလိုမ်ိဳး လိုအပ္ေနတဲ႕ေနရာမွာ အဂၤလိပ္ဘာသာက ဘာလို႕ကမၻာသံုးျဖစ္လာတာလဲဆိုရင္ေတာ့ စစ္ျကီးမျဖစ္ခင္က တစ္ကမၻာလံုးေနရာအနွံ႕သူတို႕ရဲ႕ပိုင္နက္နယ္ေျမျဖစ္ဖူးျခင္း၊ သဒၵါပိုင္းဆိုင္ရာလြယ္ကူျခင္း၊ ေဝါဟာရအသစ္အျမဲတမ္းေပၚေနျခင္းနဲ႕ သင္ယူရလြယ္ကူျခင္းေျကာင့္ပါ။ ဒီဘက္ေခတ္ သိပၸံနဲ႕နည္းပညာမွာ ဂ်ာမနီကပဲေတြ႔ေတြ႔၊ ဂ်ပန္ကပဲေတြ႕ေတြ႕၊ တရုတ္ကပဲရွာရွာ၊ ျပင္သစ္ကပဲရွာရွာ ေနာက္ဆံုးကမၻာသိျဖစ္ေအာင္ေရးရာမွာ အဂၤလိပ္ဘာသာကိုပဲ သံုးေနရတာ ဒါ့ေျကာင့္ပါ။

ျမန္မာကလည္း အရင့္အရင္ေခတ္မ်ားက ကမၻာနဲ႕အမွီရင္ေပါင္တန္းနိုင္ခဲ႕စဥ္ အဂၤလိပ္ဘာသာကို ေဂ်ာင္းေဂ်ာင္းေျပးတတ္ခဲ႕ျကတာ ဗိုလ္ခ်ဳပ္ တကၠသိုလ္တက္စဥ္ အိုးေဝမဂၢဇင္း အယ္ဒီတာျဖစ္စဥ္က မဂၢဇင္းမွာပါတဲ႕ ေဆာင္းပါးကို အခုတင္ျပထားပါတယ္။ဒီလိုမ်ိဳး သူတို႕ဘာသာစကားနဲ႕ ပိႆာေလးေဘးပစ္ေျပာနိုင္မွသာ ကၽြန္ေတာ္တို႕ကို ဖိနွိပ္ထားတာေပၚလြင္ျပီး ထိမွာေပါ့ဗ်။ အခုေခတ္မွာ ဒီလိုေရးနိုင္သားနိုင္ျကတဲ႕ တကၠသိုလ္ေက်ာင္းသားမ်ား မ်ားမ်ားစားစားရွိေစခ်င္ပါတယ္ဗ်ာ။ ဖတ္ျကည့္ျကပါခင္ဗ်ာ။
ေနာက္ဆံုးတစ္ခုေျပာခ်င္တာက နယ္ခ်ဲ႕တာေတြ သိမ္းယူတာေတြဆိုတာ ေမ႕မရတာအမွန္ပါ။ ဒီတစ္ခုတည္းနဲ႕ အဂၤလိပ္ဆိုတာနဲ႕ကို အသားလြတ္အေျခာက္တိုက္ မုန္းေနတာ တစ္ခုခုလြဲေနပါျပီ။ အခုေခတ္မွာ ကိုယ္ထိလက္ေရာက္ နယ္ေျမသိမ္းစရာမလို ဟိုသမုဒၵရာတစ္ဖက္ကေနျပီး အားလံုးကို ထုတ္ယူစုပ္ယူေနျကတဲ႕နည္းေတြအမ်ားျကီးပါ။ ေနာက္တစ္ခုက သူတို႕ရဲ႕ စနစ္ေတြ သင္ယူပံုေတြ ပညာကိုတန္ဖိုးထားတတ္မႈေတြကို လစ္လ်ဴရွဳေနမယ္ဆိုရင္ အမွားျကီးမွားပါျပီ။ ဘာသာေရးနဲ႕ လူမ်ိဳးေရးဆိုတာ ခံစားျကည့္လို႕ေကာင္းတဲ႕ အေျကာင္းျပခ်က္သက္သက္မ်ွသာ။ ဒါ့ေျကာင့္ ေခတ္ပညာတတ္ျဖစ္ျပီး ေခတ္နဲ႕အညီ ရွာေဖြေဖာ္ထုတ္တီထြင္ျကံဆခ်က္ေတြကို ခ်ျပဖို႕ရာနဲ႕ သူမ်ားရွာေတြ႕ထားတာေတြကို ေလ႕လာသင္ယူဖို႕ရာ အဂၤလိပ္ဘာသာစကားဆုိတာ မသိမျဖစ္ မတတ္မျဖစ္ ျဖစ္ပါေျကာင္း ေျပာျကားလိုပါတယ္။
စာမ်ားမ်ားဖတ္ျကပါ။

image

Coin Marketplace

STEEM 0.15
TRX 0.15
JST 0.028
BTC 54179.48
ETH 2261.18
USDT 1.00
SBD 2.31