မပြစ်မှားမိအောင် သတိပြု

in #en-us7 years ago (edited)

image

မပြစ်မှားအပ်သော လူ ၊ ပုဂ္ဂိုလ် တို့ကို မပြစ်မှားမိအောင် သတိပြု နေထိုင်သင့်ပါသည်။လူသားတွေမို့ ကောင်းခြင်း၊မကောင်းခြင်း တွေကို ခွဲခြား ပြီး၊ ဖြစ်ပေါ်လာတဲ့ စိတ်ရိုင်းတွေကို ထိမ်းနိုင်ဖို့ စာရေးသူလဲ တတ်နိုင်သလောက် ထိမ်း ပါတယ်။ မကောင်းတဲ့စိတ်တွေ ဝင်လာရင် ဘယ်လို ထိမ်းမလဲ၊
ကိုယ်နေတဲ့ ပတ်ဝန်းကျင်ကလဲ ၊ ကောင်း၏ မကောင်း၏ နဲ့လည်း သက်ဆိုင်မယ် ထင်ပါတယ်။မကောင်းစိတ် တွေဝင်လာရင်၊ မကောင်းသောအလုပ် ကိုလုပ် ဖို့ စိတ်က ထက်သန်နေ တတ်ပါသည်။ ပတ်ဝန်းကျင်မှာရှိတဲ့ သူငယ်ချင်းတွေကလဲ မကောင်းတဲ့ အလုပ်ကို လုပ်ဖို့ တွန်းအားတွေ ၊
လုပ်ဖို့ တိုက်တွန်းလာရင် သူတို့
နဲ့ ပေါင်းပြီး မကောင်းသော အလုပ်
လုပဖို့ ၁၀၀ % သေချာသွားပါပြီ ဖြစ်ပါသည်။

ဒါကြောင့် ပတ်ဝန်းကျင် ကောင်းနဲ့ အနည်း အကျဉ်း သက်ဆိုင်ပါတယ် လို့ ထင်ပါသည်။ပတ်ဝန်ကျင်းကောင်းက
လူတွေကတော့ ဒါလုပ်တာ မကောင်းဘူး ဆိုးကျိုးက ဘယ်လို ၊ ကောင်းကျိုးဆိုတာ မရှိဘူး စသဖြင့် ပြောပြကြမှာပါ။
ဒီလိုဆိုရင် မကောင်းတဲ့ အလုပ် လုပ်ဖို့စိတ်တွေ လျော့ကျလာပြီး မလုပ်ဖြစ်များသွားပါပြီ။ ဒါက ပတ်ဝန်းကောင်းရဲ့ အကျိုးကျေးဇူးတွေပါ။
image
မကောင်းတဲ့ ပတ်ဝန်းကျင်လို့ တော့ မသုံးချင်ပါဘူး။နေရာတစ်ခုမှာ ကောင်းတဲ့သူရော မကောင်းတဲ့သူရော ရှိနေနိုင်တာပေါ့
ကိုယ်က လူပေါင်းမှားပြီး မကောင်းတဲ့လူမကောင်းတဲ့အလုပ် တွေ သူတို့နဲ့ ပေါင်းပြီး လုပ်တယ် ဆိုရင် မင်းအသိုင်းအဝိုင်း
ကတော့ မင်းကို လူမှားပေါင်းမိတာလို့ထင်ကြမှာပေါ့။ မကောင်းသော အလုပ်တွေ ကိုလူအများနဲ့ လုပ် ပြီး ကြာလာ
တော့ လူဆိုးစာရင်းဝင်တွေ ဖြစ်သွားတတ်ပါသည်။ တစ်ယောက်တည်းဖြစ်နေချိန်မှာလည်းမကောင်းသော အလုပ်တွေကို လုပ်နေဦးမှာပါ၊ လုပ်ဖို့လဲ ဝန်မလေးတော့ပါဘူး။
image
လုပ်ရဲကိုင်ရဲ စိတ်တွေ ရှိလာပြီ၊ မကောင်းဟူသ၍ အလုပ်တတ်နေပြီရင် အမြင်ရဖို့ဝေးသွားတတ်ပါတယ်။စိတ်ဖြင့်သော်
လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း၊ကိုယဖြင့်သော်လည်းကောင်းမမြစ်မှား အပ်သော ပုဂ္ဂိုလ် တို့ကို ပြစ်မှား
ဖို့ ဝန်မလေးတော့ပါဘူး။ မပြစ်မှားအပ်သော ပုဂ္ဂိုလ် တို့ကို တုတ်၊ဓား၊လှံ စသည့် လက်နက် တို့ဖြင့် ပြစ်မှားသော
သူမှာဆင်းရဲ၏။ပြင်းထန်သော ဝေဒနာခံစားရ၏။ဥစ္စာပစ္စည်းဆုံးရုံး၏။အနာစွဲကပ်၏။ရူးသွပ်စေတတ်၏။
စိတ်ပျံ့လွင့်၏။အစွပ်စွဲခံရ၏။ဆွေမျိုးတို့
ပျက်စီးကုန်၏။ပကတိမီး၊လောင်မီးတို့
လောင်ခြင်းခံရ၏။သေသော် ငရဲသို့ရောက်ရ၏။
ထို့ကြောင့် မပြစ်မှားအပ်သော ပုဂ္ဂိုလ်တို့
ကိုမပြစ်မှားမိအောင် သတိပြုဆင်ခြင်
သင့်၏။

အခုခေတ်လူငယ်များ မသိ၍ကျုးလွန်မိမှာဆိုးသောကြောင့် တင်ပြပေးလိုက်ခြင်း ဖြစ်ပေသည်။ ထိုတွင် စိတ်ထိန်းနိုင်မှုနှင့်မထိန်းနိုင်မှုသာ ကွာပေလိမ့်မည်။ စိတ်ထိန်းနိုင်သောသူသည် အပြစ်မရှိ၍ ဒုက္ခ မရောက်ပေ။ စိတ်မထိန်းနိုင်သောသူသည် ယခုဘ၀လည်း ဒုက္ခတွေ့ နောင်ဘ၀လည်း ဆင်းရဲပေလိမ့်မည်။
ကျွန်တော်တို့ဆင်ခြင်ကြပါစို့ ။
Credit:: google image
Author::AungSannLwin

Sort:  

ရေးစရာက မရှိတော့ ရောက်တတ်ရာရာ ရေးချလိုက်သည်။

စိတ်တော့ ထိမ်းနေတာဘဲ အဲ့စိတ်က ထိမ်းလို့ကို မရဘူးဟာ

သိတယ် ရ အောင်ထိမ်း

အားပေးနေပါသည်…

ကျေးဇူးပါ

သတိပြုသင့်ပါတယ်

ဟုတ်ပါတယ်

သတိပြူသင့်အရာပါလို့

ဟုတ်ပါတယ်လို့ 

ထိန်းသင့်တာကိုထိန်းရင်အကျိုးရှိလာမှာပါဗျာ ထိန်းနိုင်သလောက်တော့ထိန်းနေပါတယ်

ခင်​ပွန်းကြီးဆယ်​ပါး ကိုကန့်​​တော့ပြီးမှအိပ်​ပါတယ်

ဗဟုသုတမျှဝေပေးတဲ့အတွက် ကျေးဇူးပါ။
ဆက်လက်အားပေးနေပါမယ်ဗျ။

ကျေးဇူးတင်ပါတယ်

မမှားသောရှေ့နေ မသေသောဆေးသမား မရှိ တ

မှန်ပါတယ်

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 56248.57
ETH 2324.42
USDT 1.00
SBD 2.34