Colu မှာကိုယ်ပိုင် Currency တစ်ခုဖန်တီးခြင်း
အခုတစ်ခါတော့အဖွဲ့အစည်းတစ်ခုအတွင်းမှာအသုံးပြုလည်ပါတ်ဖို့အတွက်ကိုယ်ပိုင် Digital Currency တစ်ခုဖန်တီးပုံကိုပြောပြချင်ပါတယ်။ colu.com မှာလုပ်နိုင်ပါတယ် Coding တွေဘာတွေခက်ခက်ခဲခဲမလိုအပ်ပါဘူးအလွန်ရိုးရှင်းပါတယ်။ Digital Currency တွေ Token တွေလုပ်နိုင်တဲ့တခြား Website တွေရှိပေမဲ့ဒီကောင်ကတော့ကျွန်တော်သိတဲ့အထဲမှာ Free ရပြီး Function အစုံဆုံးဖြစ်ပါတယ်။
http://colu.com ကိုသွားပါ၊ Register လုပ်ပြီး Login ၀င်လိုက်ပါ၊ Login ၀င်ပြီးရင်အောက်ပါပုံအတိုင်း Account Dashboard ကိုတွေ့ရပါလိမ့်မယ်။
Dashboard အလယ်မှာ Icoa လေးတွေနဲ့ Local Currency, Digital Gold, Coupon, Share ဆိုပြီးမိမိလုပ်နိုင်တဲ့ Digital Currency အမျိုးအစားတွေတွေ့ရပါလိမ့်မယ်။ နမူနာအနေနဲ့ Local Currency တစ်ခုဖန်တီးပါမယ်၊ အဲဒီအတွက် Local Currency ကိုနှိပ်ပါ။ Currency Name နဲ့ထုတ်လုပ်မယ့်ပမာဏထည့်ပါ။ နောက်တစ်ချိန်ထုတ်လုပ်တဲ့ပမာဏကိုပြန်ပြင်ချင်ရင် Asset Re-Issuable ဆိုတဲ့ Box ကလေးကိုအမှန်ခြစ်ပါ။
အပေါ်ကပုံအတိုင်းပြီးရင်တော့နောက်တစ်ဆင့်ဆက်သွားပါ Wallet Webstie လိပ်စာနဲ့ Coin Value သတ်မှတ်ပါ။
မိမိဖန်တီးထားတဲ့ကွိုင်အတွက်ပေးချေမူများပြုလုပ်နိုင်ရန် Mobile Wallet App တစ်ခုပေးထားပါတယ်၊ ၄င်း App ကိုမိမိစိတ်ကြိုက်ပြန်လည်ပြင်ဆင်နိုင်သည်၊ ညာဘက်မီနူးမှ Customized App ဆိုတာကိုနှိပ်လိုက်ပါအောက်ကပုံအတိုင်းမြင်ရပါလိမ့်မယ်ကိုယ်တိုင်စမ်းပြီးကလိကြည့်ပါ…
မိမိပြန်လည်ပြင်ဆင်ထားသော App ပုံနမူနာကိုအောက်ပါပုံအတိုင်းကြည့်ရှုနိုင်ပါသည်။
၎င်း App မှတဆင့် Payment တွေပြုလုပ်တာ Withdraw လုပ်တာစတဲ့ဖန်ရှင်တွေပါပါတယ်၊ တခြား Digital Gold, Coupon, Share စတာတွေကိုလဲအထက်မှာဖော်ပြထားတဲ့တိုင်းတစ်ဆင့်ချင်းလုပ်ဆောင်သွားနိုင်ပါတယ်။ ကိုယ်တိုင်လုပ်ကြည့်ပါ၊ ထိုသို့ကိုယ်ပိုင် Currency တွေဖန်တီးနိုင်ဖို့အတွက်တော့မိမိရဲ့ Colu အကောင့်ကို Verify လုပ်ပေးဖို့လိုအပ်ပါတယ် Education Purpose အတွက်သာဖြစ်ပြီးမလျှော်မကန်အသုံးချမှူများမပြုလုပ်ကြဖို့မတ္တာရပ်ခံပါတယ်…
သုံးကြည့်အုံးမှပါ ကျေးဇူးပါဗျို့
ကျေးဇူးဘဒို
Thank for sharing Bro
ကျေးဇူးပါ :)
good
thanks for sharing,brother!
@kyawsantun got you a $6.81 @minnowbooster upgoat, nice! (Image: pixabay.com)
Want a boost? Click here to read more!