ဘွတ်ဖိနပ်စီးတဲ့ ကြောင်ပူစီ အပိုင်း ( ၁ )

in #cunning7 years ago

စက်ရုံပိုင်ရှင်တစ်ယောက်မှာ သားသုံးယောက်ရှိတယ် သူဟာအရမ်းကိုဆင်းရဲတယ် သူသေသွားတဲ့အခါ စက်ရုံရယ် မြည်းကောင်ရယ်နဲ့ ကြောင်တစ်ကောင်ကျန်ခဲ့တယ်။ အမွေတွေခွဲကြတယ် အကိုကြီးကစက်ရုံကိုယူတယ် အကိုလတ်ကမြည်းကိုယူတယ် ညီငယ်လေးကိုကြောင်လေးပေးလိုက်တယ်။ ညီငယ်လေးကကြောင်လေးကိုယူလိုက်ကာ သက်ပြင်းချမိတယ် ပူစီလေးကငါ့အတွက်ဘာမှအသုံးမဝင်ဘူး ပြီတော့သူကိုကျွေးမွေးဖို့ဆိုတာကလည်း ငါ့မှာအရမ်းဆင်းရဲတယ်။ အဲ့အချိန်မှာ ကြောင်ကလေးသခင်ဖြစ်သူကိုစကားပြောလေတယ် ဘာမှမစိုးရိမ်ပါနဲ့သခင်ရယ် ကျွန်တော်စီးဖို့ဘွတ်ဖိနပ်တစ်ရံနဲ့ အိတ်တစ်လုံးကိုသာပေးပါ။ သခင်တွေးသလိုကျွန်တော်တို့ ဘဝတွေမဆိုးသေဘူးဆိုတာသခင်မြင်စေရမယ်။ ညီငယ်လေးကစကားပြောတက်တဲ့ကြောင်လေးကြောင့် အရမ်းကိုအံ့သြသွားတယ်။ သူကစကားပြောတဲ့ကြောင်တွေဟာ သူတို့ဂတိပေးတဲ့အတိုင်း လုပ်ဆောင်လေ့ရှိကြတယ်လို့ တွေးမိတယ်။ ဒါကြောင့် ဘာဘဲဖြစ်ဖြစ်ဆိုပြီး သူ့လက်ကြန်ငွေကလေးနဲ့ ကြောင်ကလေးအတွက် ဘွတ်ဖိနပ်တစ်ရံနဲ့အိတ်တလုံးကို ဝယ်ပေးလိုက်တယ်။ ဘွတ်ဖိနပ်ကိုရတဲ့အခါ ကြောင်ကလေးဟာအရမ်းကိုပျော်နေတယ်။ သူဟာဘွတ်ဖိနပ်ကိုဝတ်ပြီး သူသခင်ရှေ့မှာ ထော့နင်းထော့နင်းနဲ့ လမ်းလျှောက်ပြတယ်။ ပူစီလေးကဘွတ်ဖိနပ်ကိုစီးရတာကြောင့် မာန်တက်နေတယ်။ သူသခင်ဟာ သူကိုကြည့်ပြီး ဟက်ဟက်ပက်ပက် ရယ်မိတယ်။ အဲ့ဒီချိန်ကစပြီး ညီငယ်က ကြောင်ကလေးကို ဘွတ်ဖိနပ်စီးတဲ့ကြောင်ကလေးလို့ပဲ ခေါ်တော့တယ်။ တစ်နေ့တော့ကြောင်ကလေးဟာ အိတ်ကိုပခုံးပေါ်တင်ပြီး ဥယျာဉ်ဆီကိုထွက်သွားတယ်။ အဲ့ဒီက လတ်လတ်ဆက်ဆက်အရွက်တချို့ခူးပြီး အိတ်ထဲထည့်ယူခဲ့တယ်။ ပြီးတော့ ယုတ်ဖမ်းဖို့အတွက် လယ်ကွင်းတွေကိုဖြတ်ပြီး တောအုပ်တစ်နေရာက ယုန်တွင်းတစ်ခုစီးကိုသွားတယ်။ ယုန်တွင်းဆီရောက်တော့ ဆလပ်ရွက်တွေထည့်ထားတဲ့အိတ်ကို ယုန်တွင်းနားထားကာ အိတ်ကကြိုးကိုကိုင်ရင်း တစ်နေရာကနေချောင်းနေလိုကိတယ်။ လတ်ဆက်တဲ့ဆလပ်ရွက်ရဲ့အနံ့ကြောင့် မကြာခင်မှာပဲ ယန်တွင်းထဲကနေယုန်တစ်ကောင်ထွက်လာတယ်။ ပြီးတော့ဆလပ်ရွက်အိပ်ထဲကိုဝင်ကာ ဆလပ်ရွက်တွေကိုဝင်စားတယ်။ အဲ့ဒိအချိန်မှာ ကြောင်ကလေးက လျှင်မြန်စွာနဲ့ အိတ်ကကြိုးကိုဆွဲလိုက်တာကြောင့် အိတ်ရဲ့အဝဟာ ပိတ်လျှက်သားဖြစ်သွားပြီး ယုန်းကလေးလည်း အိတ်ထဲမှာ မိနေတော့တယ်။ ကြောင်ကလေးက ယုန်ကလေးကိုယူပြီး နန်းတော်ဆီထွက်သွားတယ်။ နန်းတော်ကိုရောက်တော့ ဘုရင်ကြီးဆီသွားကာ ဦးညွှတ်အရို အသေပေးကာဆိုတယ်။ ဘုရင်ကြီးခင်ဗျား ကျွန်တော်ရဲ့သခင်က ယုန်ကလေးကို လက်ဆောင်အဖြစ်ပေးလိုက်တာကြောင့် ကျေးဇူးပြု ပြီးလက်ခံပါ ဘုရင်ကြီးဟာ ဘွတ်ဖိနပ်စီးထားပြီး စကားပြောတက်တဲ့ကြောင်ကလေးကို တွေ့လိုက်ရတာကြောင့် ပျော်ရွှင်မြူးတူးနေတယ်။ ဘုရင်ကြီးကဆိုတယ်။ မင်းရဲ့သခင်ကိုပြောလိုက် ဘုရင်ကြီးကသူရဲ့လက်ဆောင်ကိုလက်ခံပြီး ကျေးဇူးအရမ်းတင်လျှက်ရှိနေပါတယ်လို့ ပြောလိုက်ပါ။

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 62943.85
ETH 2464.43
USDT 1.00
SBD 2.55