Myanmar Payment Union(MPU)steemCreated with Sketch.

in #credit7 years ago

ကောင်းမွန်စွာ ငွေကြေးစီမံခန့်ခွဲခြင်း။

ငွေကြေး ကို ကောင်းကောင်းစီမံဆောင်ရွက်တတ်ဖို့ဆိုတာ လူတိုင်းအတွက်ကြုံတွေ့ရနိုင်တဲ့ နေစဉ်အခက်အခဲတစ်ခုဖြစ်ပါတယ်။

မိမိတို့အတွက် အသုံးဝင်နိုင်မည့် ငွေကြေးစီမံမှုများမှာ-

အဆင့်(၁)- မိမိတို့ရဲ့ ဝင်ငွေ ကို သိပါ။

မိမိတို့ ရဲ့ ဝင်ငွေ အနေအထားကို သိပြီး ဘယ်လောက် အတိုင်းအတာထိ သုံးလို့ရမလဲဆိုတာ အသေအချာသိထားဖို့လိုပါတယ်။ တကယ်လို့ ပုံမှန် လစာဝင်ငွေရှိတဲ့ အစိုးရဝန်ထမ်း ၊ ကုမ္မဏီဝန်ထမ်းတွေ ဖြစ်နေခဲ့လျင် မိမိအနေနဲ့ ဒီအချက်တွေကို ပိုမိုသိရှိထားဖို့လိုပါတယ်။
မိမိလုပ်ငန်းက လစာကို ATM ကတ် (သို့) MPU ကတ်ထဲထည့်ပေးတာမျိုးဆိုရင် လစာထုတ်ပေးတဲ့ရက်
ရောက်တဲ့အခါ ကတ်ထဲက ငွေအကုန်မထုတ်ပဲ MPU ကတ်ဖြင့် ဈေးသွား
ဝယ်တာမျိုးကလည်း မိမိရဲ့ငွေကြေး စီမံခန့်ခွဲနည်းတစ်ခုပါပဲ။

အဆင့်(၂) မိမိ ရဲ့ပုံမှန်အသုံးစရိတ်ကို သိပါ။

မိမိတွင် ပုံမှန် အသုံးစရိတ်အားလုံးကိုစဉ်းစားလိုက်ပါ။ အရင်လ က MPU ကတ်ဖြင့် ဈေးဝယ်ခဲ့လျှင်လည်း သုံးစွဲခဲ့တာတွေ ကို ကိုယ်ဝယ်ခဲ့တဲ့
Transaction များကို ပြန်ကြည့်လို့ရပါတယ်။ဒါကြောင့် မိမိ ရဲ့ပုံမှန်အသုံးစရိတ်များကို
သေချာစီမံတတ်လာပါမည်။

အဆင့် (၃) ငွေကြေးသုံးစွဲမှုကို မှတ်တမ်းတင်ထားပါ။

MPU ကတ်ကိုင်ဆောင်ခြင်းဖြင့် Transactionများ ပြန်ကြည့်နိုင်တဲ့အတွက်
အသုံးစရိတ်ဆိုင်ရာမှတ်တမ်းတွေအတွက် ထိရောက်မှုရှိစေပါတယ်။

အဆင့်(၄) နေ့စဉ်အသုံးစရိတ်ကို သိအောင်လုပ်ပါ။

MPU ကတ်ဖြင့် ငွေပေးချေခြင်းအားဖြင့် မိမိဝယ်ယူလိုက်တဲ့ ငွေပမာဏကို နေ့အလိုက်
ပြန်ကြည့်လို့ရပါတယ်။ ဒီလို ပြန်ကြည့်လို့ရသည့်အတွက်
မိမိတို့ရဲ့ နေ့စဉ်အသုံးစရိတ်ကို သိရှိပြီး မျှတစွာ သုံးစွဲတတ်လာပါမယ်။

(ဥပမာ – မလိုအပ်သည့်ပစ္စည်းကို မဝယ်ဖြစ်တော့ယူဘဲ တကယ်လိုအပ်မှ ဝယ်ယူတာမျိုး အလေ့အကျင့်ကောင်းများ ပြုမူတတ်လာပါလိမ့်မယ်။)

အဆင့်(၅)။ MPU ကတ်ကိုင်ဆောင်ဖို့အတွက် ဘဏ်အကောင့်တစ်ခုဖွင့်ထားပါ။

MPU ကတ်ကိုင်ဆောင်ဖို့အတွက် ဘဏ်အကောင့်တစ်ခုဖွင့်ထားခဲ့ရင် ငွေကြေးကိုသေချာစုဆောင်းတတ်လာပြီး ငွေကြေးသုံးစွဲရာမှာလည်း စနစ်တကျသုံးစွဲတတ်လာပါလိမ့်မယ်။
ငွေကြေး သုံးစွဲခြင်း နှင့် ငွေကြေး စုဆောင်းခြင်းတို့ကို မျှတအောင်လုပ်ဆောင်ခြင်းဟာ မိမိတို့ရဲ့
ကောင်းမွန်စွာ ငွေကြေးစီမံခန့်ခွဲခြင်း အထောက်အကူဖြစ်စေပါတယ်။

မိမိတို့အတွက် အသုံးစရိတ်များကို ထိန်းချုပ်မှု ရှိလာတာနဲ့တစ်ပြိုင်နက် ငွေကြေးစီမံမှုတွေကို သေသေချာချာ စီမံတတ်လာပါလိမ့်မယ်။FB_IMG_1499332406779.jpg

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 59169.46
ETH 2597.10
USDT 1.00
SBD 2.42