“ဟေ့ ရပ်ကွက်ထဲက အမျိုးသမီးတွေ ငါကျန်နေသေးတယ် ဟေ့ ငါကျန်နေသေးတယ် ဟ”
“ဟေ့ ရပ်ကွက်ထဲက အမျိုးသမီးတွေ ငါကျန်နေသေးတယ် ဟေ့ ငါကျန်နေသေးတယ် ဟ”
တစ်ခါတုံးက မြို့တစ်မြို့ရဲ့ အစွန်အဖျား လူသူအရောက်အပေါက်နည်းတဲ့ နေရာမှာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း တည်ရှိခဲ့ပါသတဲ့။ ဘုန်းတော်ကြီးကျောင်းဟာ လူနေအိမ်ခြေတွေနဲ့ အလှမ်းကွာဝေးတဲ့အတွက် အေးချမ်းဆိတ်ငြိမ်စွာနဲ့ တည်ရှိနေခဲ့ပါတယ်။ ဘုန်းတော်ကြီးကျောင်းကို မြို့ထဲက ဥပသကာဖြစ်ကြတဲ့ ဒါယကာ ဒါယိကာမတွေ လာရောက် ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ သောက်ရေအိုးများအား ရေဖြည့်ခြင်း၊ တံမြက်စည်းလှည်း အမှိုက်ရှင်းပေးခြင်းတွေရှိတဲ့အတွက် ဘုန်းတော်ကြီးကျောင်းဟာ အလွန်နေချင့်စဖွယ် သာယာလှပနေခဲ့ပါတယ်။ ဘုန်းတော်ကြီးကျောင်းနဲ့ မလှမ်းမကမ်းမှာလည်း မြေသားနဲ့တမံဖို့ထားတဲ့ ရေကန်ကြီးတစ်ကန်လည်း တည်ရှိနေလေတော့ သာယာလှပမှုကို ပိုမိုတင့်တယ်စေခဲ့ပါတယ်။ ရေကန်ကြီးထဲ မှာလည်း ငါးလေးတွေ ဖားလေးတွေကလည်း ပျော်မြူးနေကြလေရဲ့။ ရေကန်ကြီးထဲမှာ ပျော်မြူးနေတဲ့ ငါးလေးတွေ ဖားလေးတွေ နဲ့ သစ်ပင်တွေအုံ့ဆိုင်းနေတဲ့အတွက် ပျော်မြူးနေတဲ့ ကျေးငှက်တွေကို ရွာထဲက လူငယ်အချို့နဲ့ လူကြီးအချို့တို့ဟာ လာရောက်သတ်ဖြတ်တတ်တဲ့အတွက် ကျောင်းထိုင်ဆရာတော်က တားမြစ်ပြီး ကာကွယ်ထားရတယ်။ ဒါပေမယ့်လည်း လစ်ရင် လစ်သလိုတော့ ငါးမျှား၊ ငှက်ပစ်၊ ဖားရိုက်လုပ်တတ်ကြသေးတဲ့အတွက် ကျောင်းက သံဃာတွေက မောင်းထုတ်ရတတ်ပါသေးတယ်။
ဒီလိုနဲ့နေလာခဲ့တာ မြို့ရဲ့ တိုးတက်စည်ပင်ရေးအတွက် လမ်းတွေဖောက်၊ အိမ်မြေယာတွေတိုးချဲ့လာတော့ ဘုန်းတော်ကြီးကျောင်းလေးဟာ တိုးတက်မှုနဲ့အတူ ဆူညံမှုတွေအပြင် လူမှုအရှုတ်အထွေးတွေပါ ရောထွေးလာခဲ့တယ်။ လူနေအိမ်ခြေနဲ့ ဝေးကွာတုံးက အေးချမ်းဆိတ်ငြိမ်ခဲ့တဲ့ ဘုန်းကြီးကျောင်းဟာ လူနေအိမ်ခြေနဲ့ နီးလာတဲ့အတွက် လူတွေအ၀င်အထွက်များလာသလို လူမှုအရှုတ်အထွေးတွေက ဘုန်းတော်ကြီးဆီကို ရောက်ရောက်လာတော့ သံဃာတွေဟာလည်း တရားအားထုတ်နိုင်မှုနည်းပါးလာခဲ့တယ်။ လူအ၀င်အထွက်များလာတာနဲ့ အမျှ တရားအားထုတ်မှု နည်းပါးလာရုံတင်မကပဲနဲ့ ကျောင်းရှိ သံဃာတွေဟာ လည်း တစ်နှစ် သံဃာတစ်ပါးလောက် လူထွက်ပြီး အနီးနားက မိန်းမတွေနဲ့ အိမ်ထောင်ပြုကုန်ကြပါလေရော။
ကျောင်းထိုင်ဘုန်းကြီး တစ်ပါးတည်း အတွေးတွေနဲ့ ယောက်ယက်ခတ်ကုန်ပြီ။
ဒီလိုနဲ့ ကျောင်းဟာလည်း ဖရိုဖရဲ
သံဃာတွေလည်း တဖြည်းဖြည်းနဲ
အမျိုးသမီးတွေကလည်း ခပ်ကဲကဲ
အေးချမ်းမှုတွေ ပျောက်ပျက်
ပူလောင်မှုတွေရောက်ပြီး
အေးအေးချမ်းချမ်း တရားအားထုတ်ချင်လို့မှ အားထုတ်လို့မရ
ကျောင်းကလည်း ဦးပဇင်းတွေ လူထွက် အိမ်ထောင်ပြုကုန်လို့ မကျန်သလောက်ဖြစ်ကုန်ပြီ။
အရွယ်မရောက်သေးတဲ့ ကိုရင်လေးတွေနဲ့ ကျောင်းထိုင်ဘုန်းကြီးလောက်ပဲ ကျန်တော့တယ်။ ဒီအတိုင်းဆို ကိုရင်တွေ အရွယ်ရောက်ရင် လူထွက်ကုန်ကြအုံးတော့မယ်။
အုတ်တံတိုင်းပဲခြားတဲ့ ရပ်ကွက်က မိန်းမတွေက ကုန်နိုင်ဘူး။
ကျောင်းက ဦးဇင်းတွေတော့ ကုန်နေပြီ။
အမျိုးသမီးတွေ က အမြဲလာ
ဒီအမျိုးသမီးတွေကလည်း နေမကောင်းတဲ့ လူနာလိုပဲ။
တည့်တာကို မစားချင်ပဲ မတည့်တာကိုမှ စားချင်နေကြတတ်ကြတယ်။
လူမှုအရှုတ်အထွေးတွေကြားမှာ လုံးလည် ချာလည်လိုက် သာသနာတော်အတွက် သင်္ကန်းစည်းလာတာ သာသနာမစည်ပင်ပဲ သာသနာပျက်မဲ့ကိန်း
ကြာတော့ ကျောင်းထိုင်ဘုန်းကြီးလည်း သည်းမခံနိုင်။ စိတ်ညစ်လာသလို စိတ်လည်းပျက်လာမိတာပေါ့။
ခါးတောင်း မြှောင်အောင်ကြိုက်
အုတ်တံတိုင်းပေါ်ကိုတက်
လက်ကိုင် လော်စပီကာကို လက်ကကိုင်
ရပ်ကွက်ဖက်ကိုလှည့်ပြီး
“ဟေ့ ရပ်ကွက်ထဲက အမျိုးသမီးတွေ ငါကျန်နေသေးတယ် ဟေ့ ငါကျန်နေသေးတယ် ဟ” လို့
အားရပါးရ တက်အော်လိုက်တော့တာပါပဲ။
တစ်ချက်ပြုံးရင် တစ်ရက် အသက်ရှည်နိုင်ပါစေ။
@ansoe# copy
kok
Posted using Partiko Android
hi
Posted using Partiko Android
hi
Posted using Partiko Android
lover
Posted using Partiko Android
lover
Posted using Partiko Android