အလုံခြုံရဆုံး လေကြောင်းလိုင်းများ

in #busy6 years ago

Screenshot_20180326_083150.jpg

လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ အချိန်ကုန်သက်သာပြီး သက်တောင့်သက်သာရှိစေတဲ့ သယ်ယူပို့ဆောင်ရေးတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် လေထုထဲ ပျံသန်းရတာဖြစ်တဲ့အတွက် လေယာဉ်ချို့ယွင်းတာ၊ မတော်တဆမှုတစ်စုံတစ်ရာဖြစ်ခဲ့ရင် ခရီးသည်တွေ အသက်ရှင်သန်နိုင်ဖို့ ရာခိုင်နှုန်းနည်းပါးပါတယ်။ ဒါပေမယ့်လည်း ခရီးတွင်နိုင်ရေးအတွက် လေကြောင်း သယ်ယူပို့ဆောင်ရေးကို အသုံးပြုနေရဆဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်က အလုံခြုံရဆုံးလေကြောင်းလိုင်းတွေကို ဖော်ပြပေးပါမယ်။

၁။ Air New Zealand
53633946bb878b600927e6b22ce0ea93.jpg
Ref:google image

စစ်တမ်းတွေအရ Air New Zealand လေကြောင်းလိုင်းဟာ လုံခြုံစိတ်ချရတဲ့ လေကြောင်းလိုင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလေကြောင်းလိုင်းဟာ ဆယ်စုနှစ်နှစ်စုစာလောက်အတွင်းမှာ မတော်တဆဖြစ်စဉ်ဖြစ်ပွားမှု မရှိခဲ့တဲ့လေကြောင်းလိုင်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

၂။ Alaska Airlines
16_08_Offer_Hero_AKAirMiles.jpg
Ref:google image

အမေရိကန်နိုင်ငံရဲ့ ဆိပ်ကမ်းမြို့တစ်ခုဖြစ်တဲ့ Seattle မှာ အခြေစိုက်တဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။ Alaska Airlines ဟာ ၂ဝဝဝ ပြည့်နှစ်ကစတင်ကာ သေကျေပျက်စီးနိုင်တဲ့အထိ ထိခိုက်မှုမျိုး မရှိခဲ့သေးဘူးလို့ သိရပါတယ်။

၃။ All Nippon Airways

ANA-7779X_sm.jpg
Ref:google image

ဝန်ဆောင်မှုကောင်းမွန်မြင့်မားတဲ့လေကြောင်းလိုင်းတစ်ခုဖြစ်ပါတယ်။ ၁၉၅၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ၄၅ နှစ်ကျော်ကာလအတွင်း ကြီးမားတဲ့ထိခိုက်မှုမျိုး မရှိသေးတဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။

၎။ British AirwaysBritish-Airways-A380.jpg
Ref:google image

၁၉၇၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။ ဆယ်စုနှစ် ၃ စုအတွင်း အသက်အန္တရာယ်ရှိလောက်တဲ့ မတော်တဆမှုကြီးကြီးမားမားတွေ ဖြစ်ပွားခဲ့ခြင်းမရှိတဲ့လေကြောင်းလိုင်းဖြစ်ပါတယ်။

၅။ Cathay Pacific
cathay_1_0.jpg
Ref:google image

ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်း ၁ဝ ခုထဲက တစ်ခုဖြစ်ပါတယ်။ လုံခြုံစိတ်ချရတဲ့လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး ၁၉၆ဝ ကျော်ကာလတွေတည်းက အခုအချိန်အထိ ကြီးမားတဲ့ မတော်တဆမှုကြီးတွေ ဖြစ်ပွားခဲ့ခြင်းမရှိတဲ့လေကြောင်းလိုင်းဖြစ်ပါတယ်။

Ref: KHANT HEIN THU

Sort:  

Thank you for the information @zinkochan ✯◡✯

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 59431.63
ETH 2320.14
USDT 1.00
SBD 2.50