အာရှဒေသရဲ့ အကောင်းဆုံး တက္ကသိုလ်များ

in #busy7 years ago

Screenshot_20180325_075424.jpg

ပညာရေးဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် အရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။
“ပညာရဲရင့်ပွဲလယ်တင့်” ဆိုတဲ့စကားပုံအတိုင်း ပညာရေးဟာလူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အဲဒီပညာရေးနယ်ပယ်ထဲမှာ တက္ကသိုလ်တွေကလည်း အရေးပါတဲ့ တစ်ထောင့်တစ်နေရာက ပါဝင်ပါတယ်။ အခြေခံပညာသင်ကြားတတ်မြောက်လာသူတွေကို အဆင့်မြင့်ပညာရပ်တွေ၊ အသက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ကြားပေးရာ နေရာတွေလည်းဖြစ်ပါတယ်။ အာရှဒေသက အကောင်းဆုံး တက္ကသိုလ်တွေအကြောင်း ဖော်ပြပါမယ်။

၁။ Nanyang Technological University
e.jpg
Ref:google image

စင်ကာပူနိုင်ငံမှာတည်ရှိတဲ့တက္ကသိုလ်ဖြစ်ပါတယ်။ အာရှဒေသရဲ့ ထိပ်တန်းတက္ကသိုလ်လည်းဖြစ်ပါတယ်။ နည်းပညာဆိုင်ရာဘာသာရပ်တွေကို သင်ကြားတဲ့ တက္ကသိုလ်ဖြစ်ပြီး ဓာတုနဲ့ မြို့ပြအင်ဂျင်နီယာဘာသာရပ်တွေအပါအ၀င် ကမ္ဘာ့အကောင်းဆုံးဘာသာရပ်ပေါင်း ၃၁ ခုကို သင်ကြားပေးနေတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး တက်ရောက်သင်ကြားတဲ့ ကျောင်းသား ၃သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

၂။ National University of Singapore
e.jpg
Ref:google image

ဒီတက္ကသိုလ်ကလည်း စင်ကာပူနိုင်ငံမှာပဲ တည်ရှိတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် စစ်တမ်းတွေအရ အာရှဒေသရဲ့ ဒုတိယအကောင်းဆုံး တက္ကသိုလ်ဖြစ်ပါတယ်။ အင်ဂျင်နီယာပညာ၊ သိပ္ပံ၊ ဗိသုကာ၊ ကိန်းဂဏန်းအချက်အလက်စတဲ့ဘာသာရပ်တွေ အပါအ၀င် ကမ္ဘာ့အကောင်းဆုံးဘာသာရပ်ပေါင်း ၃၆ ခုကို သင်ကြားပေးနေတာဖြစ်ပါတယ်။ ၁၉၀၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိ တက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသား စုစုပေါင်း ၃ သောင်း ၈ ထောင်ကျော်ရှိပါတယ်။

၃။ The Hong Kong University of Science and Technology
nus.png
Ref:google image

ဟောင်ကောင်မှာတည်ရှိတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ လူငယ်တွေတက်ရောက်တဲ့တက္ကသိုလ်တစ်ခုဖြစ်ပြီး အာရှဒေသရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ သိပ္ပံနဲ့ နည်းပညာဆိုင်ရာဘာသာရပ်တွေကို အဓိကသင်ကြားပို့ချတဲ့တက္ကသိုလ်ဖြစ်ပြီး ပညာတက်ရောက်သင်ကြားတဲ့ ကျောင်းသား စုစုပေါင်း ၁ သောင်း ၄ ထောင်ကျော်ရှိပါတယ်။ တက္ကသိုလ်ရဲ့ ဧရိယာအကျယ်က ၆၀ ဟက်တာလောက်ရှိတယ်လို့ သိရပါတယ်။

၎။ Korea Advanced Institute of Science and Technology
hkust.jpg
Ref:goole image

တောင်ကိုရီးယားနိုင်ငံ၊ ဒဲလ်ဂျောင်းမှာတည်ရှိတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ ၂၉၇၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားရဲ့ ပထမဆုံးသိပ္ပံနဲ့အင်ဂျင်နီယာဆိုင်ရာတက္ကသိုလ်ဖြစ်ပါတယ်။ သိပ္ပံဘာသာရပ်အပါအ၀င် တီထွင်ဆန်းသစ်မှုဆိုင်ရာဘာသာရပ်တွေကို သင်ကြားပို့ချပေးတဲ့တက္ကသိုလ်ဖြစ်ပါတယ်။ ကျောင်းသား ၁ သောင်းဝန်းကျင်ရှိပြီး တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်မှာလည်း ထပ်မံဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

၅။ University of Hong Kong
hku-jonw-0421-net_0.jpg
Ref:google image

ဟောင်ကောင်မှာတည်ရှိတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ အခုနှစ်စစ်တမ်းတွေအရ အာရှဒေသရဲ့ အကောင်းဆုံးတက္ကသိုလ်စာရင်းရဲ့ အဆင့် ၅ နေရာမှာ တည်ရှိပါတယ်။ ၁၉၁၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဟောင်ကောင်ရဲ့ အိုမင်းဆုံးတက္ကသိုလ်လည်းဖြစ်ပါတယ်။ ဒီတက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသားပေါင်း ၂ သောင်း ၈ ထောင်ကျော်လောက်ရှိပါတယ်။

Ref: KHANT HEIN THU

Sort:  

မြန်မာမပါဘူးလားအကို

အခုတော့မပါသေးဘူး နောက်လည်းမပါဘူးထင်ပါတယ်

အထင်ကိုမကြီးတာလား

Coin Marketplace

STEEM 0.15
TRX 0.17
JST 0.028
BTC 68754.67
ETH 2469.20
USDT 1.00
SBD 2.37