Bitcoin ကိုရယူဖို့ အကောင်းဆုံး နည်းလမ်း
Bitcoin ကိုရယူဖို့ အကောင်းဆုံး နည်းလမ်း
သွားချင်ရာ သွားစားချင်ရာစား ပျော်တာမပျော်တာတွေ နောက်ထား အလုပ်လေးနည်းနည်းလောက်တော့ လှမ်းကြည့်ရအုံးမှာပဲ။ ခေါင်းစဉ်ကတော့ Bitcoin ရယူဖို့ အကောင်းဆုံးနည်းလမ်းတဲ့။ ဆိုတော့ကာ ကျွန်တော် ဒီစာစုလေးရေးသားတဲ့အခါ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုသည့်ရည်ရွယ်ချက်မရှိပါ။ ကိုယ့်အနည်းသိသမျှလေးကို စေတနာ ဗလပွဖြင့် ဝေမျှပေးရုံသာဖြစ်ပါသည်။ တစ်ဖက်သတ်ရေးသားပြောဆိုခြင်းလည်းမဟုတ်၊ ကျွန်တော်၏ လေ့လာမှုအားနည်းချက်ကြောင့် အနည်းငယ်လွဲချော်မှုသာဖြစ်ပါလိမ့်မည်။ သို့အတွက် အမှားအယွင်းများ ပါလာခဲ့သည်ရှိသော် သီးခံခွင့်လွတ်ပေးဖို့ ကြိုတင်တောင်းပန်အပ်ပါသည်။
Bitcoin ရဲ့တန်ဖိုးဟာ အရမ်းကိုမြင့်မားလွန်းတာကြောင့် Bitcoin ရယူဖို့ ကျွန်တော်တို့ ကြိုးစားလာရတယ်။ ဒီလိုမျိုး Bitcoin ဆိုတဲ့ Cryptocurrency အတိုင်း တခြား Cryptocurrency များစွာလည်း ပေါ်ပေါက်လာပါတယ်။
Bitcoin (15145$)
Ethereum (1119$)
Litecoin (252$)
Dogecoin (0.015333$)
Ripple (2.46$)......
စသဖြင့် Cryptocurrency ပေါင်းထောင်ကျော် ဈေးနှုန်းအသီးသီး ဖြင့်ရှိပါတယ်။ ကဲ Bitcoin ရယူမယ်ဆိုတော့ ကျွန်တော်တို့ ပထမဆုံးစဉ်းစားမိတယ်၊ Bitcoin ရချင်ရင်တူးလို့ရတယ်ဗျ၊ Bitcoin Mining ပေါ့ဗျာ၊ Bitcoin Mining အကြောင်းနည်းနည်းလောက်ဖောကြည့်မယ်နော်၊ ကျွန်တော်တို့ Bitcoin ဆိုတဲ့ စနစ်ကို စထွင်လိုက်ပီ ဆိုပါစို့။ ဒီလို စထွင်ပီးတဲ့နောက်ပိုင်းမှာ bitcoin ပမာဏ တစ်ခုကို Wallet တစ်ခုကနေ Wallet တစ်ခုကို Transaction လုပ်လိုက်တယ်ပဲဆိုပါစို့။ အဲ့ဒီအခါ ဒီ Bitcoin ပမာဏ တစ်ခုက blockchain ဆိုတဲ့ ကွန်ရက်တစ်ခုကို ဖြတ်သွားရပာတယ်၊ blockchain အကြောင်းတော့ မပြောပြတော့ပါဘူး။ ဒီblockchain ကပဲ Bitcoin လွဲပြောင်းတဲ့ History တွေကိုမှတ်တမ်းတင်ပေးပါတယ်၊ ဒီလိုမျိုး လွဲပြောင်းတဲ့အခါမှာ Blockchain စနစ်အရ ကိုယ့်လွဲလိုက်တဲ့ wallet ထဲရောက်ဖို့ သူ့လမ်းကြောင်းမှာ key တွေနက်သွားပါတယ်၊ key ပေါင်း 256 လုံးရှိပြီး အက္ခတွေ ဂဏန်းတွေပါဝင်ပါတယ် ဒီ key တွေကို Ramdom သတ်မှတ်ပါတယ်။ ကိုယ်လွဲလိုက်တဲ့ Bitcoin ဟာသက်ဆိုင်ရာ wallet ထဲရောက်ဖို့ ramdom ဖြစ်နေတဲ့ key ကိုမှန်ကန်အောင် ကွန်ပျူတာ တွေ လျှပ်စစ်တွေနဲ့ တပ်ဆင်ပြီး တွက်ချက်ပေးရပါတယ်။ ဒီလို တွက်ချက်ပေးတဲ့သူတွေကို bitcoin mining လုပ်သူ လို့ခေါ်ပါတယ်။ ဒီလို ရှုပ်ထွေးတဲ့ problem တွေ သချာင်္လိုအရာတွေကို gpu cpu တခြား mining ပစ္စည်းတွေနက် အမြန်ဆုံးနဲ့ အမှန်ကန်ဆုံး တွက်ချက်ပေးနိုင်တဲ့သူကို bitcoin တွေ reward အဖြစ်ပေးလိုက်ပါတယ်။ ဒီရရှိတဲ့ bitcoin တွေဟာ ကျွန်တော်တို့် ဈေးကွက်ထဲမှာ သုံးစွဲနေတဲ့ bitcoin တွေမဟုတ်ပဲ သူ့အလိုလို ထွက်လာတဲ့ bitcoin အသစ်တွေဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့ mining လုပ်မယ်ဆို သက်ဆိုင်ရာ ပစ္စည်းတွေလိုမယ်။ လျှပ်စစ်မီးလိုပါတယ်...ဒီအတွက် အရင်းနှီးအရမ်းကြီးပါတယ်။ ပြီးတော့ bitcoin ကို အကန့်အသတ်နဲ့ ထုတ်မှာမို့ လက်ရှိ bitcoin ဟာ 1.6 သန်းကျော်ရှိနေပီး 2.1 သန်းသာ ထုတ်နိုင်မှာဖြစ်ပါတယ်။ ဒီတော့ မိုင်းတူတွေများလာရင် reward ပေးတဲ့ bitcoin ပမာဏ ကနည်းလာပြီး mine တူးဖို့ ခက်ခဲလာပါလိမ့်မယ်။ သို့ကြောင့် mine တူးမယ်ဆို သင်ဟာ အရင်းအနှီးရှိသူဖြစ်လျင် ယခုအချိန်မှစ၍ mining လုပ်ငန်းကို စတင်သင့်ပါတယ်၊ ဒါဟာ အလွန်ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။
Cloud mining ဆိုတာဘာလဲ၊ Cloud Mining ဆိုတာကတော့ ကျွန်တော်တို့ mining လုပ်ငန်းကို လုပ်ကိုင်တဲ့အခါ mining ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူသုံးစွဲရပါတယ်။ ဒီလို ဝယ်ယူပြီး mining လုပ်တဲ့အခါ တခြားသော mining လုပ်ချင်တဲ့ သူတွေကို share အဖြစ်ခေါ်ယူပြီး အမြတ်ကို အချိုးကျ ပြပန်လည် ခွဲဝေးပါတယ်၊ အမှန်တယ်လဲ mining hardware တွေနက် mining လုပ်ကြပါတယ်၊ share ဝင်သူတွေကိုလည်း ပြန်လည် ခွဲဝေပေးပါတယ်၊ ဥပမာ genisis mining ကိုပြောရပါမယ်၊ genisismining ကတော့ အမှန်အကန် mineတူနေပီး အတော်နာမည် ကြီးတဲ့ cloud mining အဖြစ် ထင်ရှားပါတယ်၊ ဒီလို cloud Mining အတိုင်း အမှန်တကယ် mining မလုပ်ပဲ share ခေါ် တဲ့ cloud mining ပေါင်းများစွာလည်း ရှိပါတယ်၊ အကယ်၍ သင်ဟာ mining ဆက်စပ်ပစ္စည်းဖြင့် mine မလုပ်နိုင်သော်လည်း Cloud mine မည်ဆိုပါက Genisis လို ခိုင်မာတဲ့ site မှာ share ဝင်သင့်ပါတယ်၊ သို့သော် genisis mining က ကောင်းကောင်း မလည်ပတ်နိုင်တော့တဲ့ အခါ သင့်ရဲ့ share လည်းရှုံးဆုံးနိုင်ပါတယ်၊ 99% လောက်ထိ risk ရှိနိုင်ပါတယ်၊ ဒါဟာ bitcoin ရယူဖို့ အကောင်းဆုံး နည်းလမ်း မဟုတ်နိုင်ပါဘူး risk ရှိနေပါတယ်။ မည်သည့် investment site မဆို risk 99% လောက်ထိရှိပါတယ်၊ 😁
ဒါဆို bitcoin ရယူဖို့ အကောင်းဆုံး နည်းလမ်းက ဘာလဲ? Cryptocurrency ပေါင်းထောင်ကျော်ရှိပါတယ်၊ ဒီ currency ထဲမှာ top 100 မှာပါတဲ့ currency ကိုအလကား ရနိုင်တယ်ဆိုပါစို့။ ဒီလိုဆို ဒီ အလကားရတဲ့ currency ကို bitcoin နဲ့ exchange လုပ်မယ်ဆို ကျွန်တော်တို့ bitcoin ကိုရနိုင်ပါတယ်။ ဒီလိုအလကားရနည်းကတော့ ကျွန်တော်တို့ bitcoin ရယူဖို့ အကောင်းဆုံး နည်းလမ်းလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ Bitcoin နဲ့ Exchange ဖို့ တခြား currency ကို အလကားရနိုင်ပါတဲ့ Currency ရှိပါတယ်။ ဒါကတော့ STEEM နဲ့ Steem Dollar ဖြစ်ပါတယ်။ အလကား လို့ပြောမိတာ အရမ်းကို များသွားပါတယ်။ အမှန်တကယ်တော့ ပေးဆပ်မှုလေးတွေ ရှိနေပါတယ်။ Internet ရင်းနှီးရမယ်၊ လုံ့လစိုက်ထုတ်မှု ရင်းနှီးရမယ်၊ ကိုယ့်ရဲ့ creation စွမ်းရည် ရင်းနှီးရမယ်။ ဒီလောက်ဆို Steem ရယူဖို့ အရင်းအနှီးလုံလောက်ပါပြီ။ steem ကိုဘယ်လို ရယူမလဲပေါ့၊ steem ရယူတာ အရမ်းလွယ်ပါတယ်။ ကျွန်တော်တို့ facebook သုံးတတ်ရင် steem ရဖို့လွယ်ကူသွားပါပြီ။ ကျွန်တော်တို့တွေဟာ steem ကို www.steemit.com ဆိုတဲ့ social media ကနေရရှိနိုင်ပါတယ်၊ steemit ဆိုတဲ့ social media ပေါ်မှာ အကြောင်းအရာ တစ်ခုကို ဖန်တီးပီး တင်လိုက်မယ်၊ ဥပမာ- တားတား အီးပါနေတာ fighting လို့ပြောဝါးပေး 😂😂 ဒီလိုမျိုး ပို့စ်လေး တင်လိုက်မယ်ပေါ့ အကယ်၍ အ့ပို့မှာ သင်ဟာ like ရတယ်ဆို steem ရနိုင်ပါပြီ။ အမှန်တကယ် တင်မယ်ဆိုရင်တော့ အကျိုးရှိရာ အကြောင်းအရာ တစ်ခုခုကို တင်ပေးမှာသာလျှင် vote and comment ရမှာဖြစ်ပါတယ်။ ဒီလို အကွက်လေးတွေတော့ ရှိပါတယ်။ facebook မှာလို တစ်ရာဖိုး သုံးပုဒ်တွေ ပေါက်ကရ လျှောက်ရေးလို့မရပါဘူး copy ကူးပြီး credit ပေးလို့မရပါဘူး ဒါကြောင့် သင်ဟာ ကိုယ်ပိုင် creation စွမ်းရည်တော့ အသုံးပြုပေးရမှာဖြစ်ပါတယ်။ story တစ်ခုဟာ မြန်မာငွေနဲ့ တွက်ရင် ဆယ်သိန်း ထိရနိုင်ပါကြောင်း ခပ်လောင်းပြောရစေခင်ဗျာ။ steem coin အပါအဝင် တခြား coin ဈေးနှုန်းများ သိရှိလိုပါကလည်း coinmarketcap.com မှာ ဝင်ရောက်ကြည့်ရှုနိုက်ပါတယ်။ လက်ရှိ steem coin ပေါက်ဈေး 5$ နီးပါး (ဈေးကျ) ရှိပါတယ်။ steemit မှာ အကြောင်းအရာတွေ ဖလှယ် reward တွေရယူပြီး bitcoin နဲ့ exchange လုပ်ပြီး btc ရယူခြင်းက risk မရှိပဲ bitcoin ရယူဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချူပ်လိုက်ပါတယ်။
အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ coin ဈေးနှုန်းများ လွဲချော်မှုရှိသည်၊ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ steemit မှာ ရှာချင်ရင်တော့ ကျွန်တော့်၏ facebook chatbox သို့ လာရောက်နိုင်ပါသည်။ အထက်ပါအကြောင်းအရာကို မိမိနှစ်သက်ရာ media တွင် copy ကူးယူ၍ တင်နိုင်ပါသည်။
Nay Myo Aung 11.1.2018
@konay1997
I'm not the only one working for democracy in Burma - there are so many people who have worked for it because they believe that this is the only way we can maintain the dignity of our people.
So ?
This post has received gratitude of 1.05 % from @appreciator thanks to: @konay1997.
Thanks
Btcကတော်ပြီ
မလိုက်တော့ဘူး