###Knowledge the read###

in #artzone6 years ago

image
The author written great.

The life of a glass of wine ..... ..
.................................................. .........

We are about the environment sometimes we tend to hear different viewpoints.

Label Some social drinking. Some cause speech is more friendly and familiar said. Sometimes, they are perceived as nothing has nothing bamboo big title. Alcohol drinking Sometimes everything else a good good man said. But these days, all the rest, good and bad, oblivious to the gradual changes caused.

If you see the religious standpoint alcohol consumption has been committed by one of the five precepts. That alone, however, incites to commit the remaining four.

A form of alcohol will interfere with the heart drug. The original was lost when a clash broke out when the murderer be automatically violate already. Hobbies do not yet feel the issue of a woman is able to commit. Family situation, you do not tell your mother. The subsequent problems is indescribable.

Nowadays, however, many of the occasional alcoholic drink ban modern matter designated drinking, drink with friends. If you drink it as outdated. Fashioned view, he was again considered.

The aversion to alcohol consumption is not philosophy standards knowledge can not be accepted.

In fact, alcohol consumption is not directly caused by problems caused indirectly by the date it has been difficult to directly accused.

A foreign ME graduates of alcohol to drink like this.. He has family and drinking a sin was not like anything else, Women and children who love the mud.

His wife was able to drink in front of his drink onto private meeting in Naypyitaw, but can not find. I have a drink with friends when the morning when the police found from the fall into the canal from the morning when the police found was no longer sought, How is spared. Alcohol and a life changer.

Sometimes because of some alcohol, such as problems emerged publicly. Alcohol is extremely interested in women who like less .. Only one exit to the disintegration of families go to seek pleasure in my own again.
This one does
Most days, the rest usually does not fail. The men were considered an ornament shows a clear conscience.

However, no matter how disciplined or drink or drink, or family member, if he is miserable because he is emotional abuse on the family.

Sometimes, the daughter of her parents drinking ban and if we get down to Tan. And psychological abuse on children.

Some alcoholic family, I have to do is, if these are suspicious on it so I do, you must accept a drink was sometimes used to force the attitude.

The family also fulfill the requirement to ban the happiness of their families, in the opinion of the assets received for it or not accept what you are doing for it or not, seeking to restrain and tolerance.

The location of the quality of drinking alcohol before the age. Life does not have many.
However,
However, selling alcohol is a sure sell.

The drink still drink brand is a dream.

For example, giving a variety of excuses.

Are still dead.

Consider the men shaking wildly sell weak liquor has proven bells ringing.


Alcohol Alcohol
Talking comment roller ...
Cemeteries lane
non ...,,

စာရေးဆရာမ ပုညခင် ရေးထားတာလေး အရမ်းကောင်းလို့ မျှဝေလိုက်ပါတယ်။

တစ်ခွက်တစ်ဖလား.....ဘဝများစွာ..
...........................................................

ကျမတို့ပတ်ဝန်းကျင်တွင် တစ်ခါတရံ၌ အရက်နှင့်ပတ်သက်၍ ကွဲပြားခြားနားသော ထင်မြင်ချက်များကို ကြားရလေ့ရှိသည် ။

တချို့ကအရက်သောက်ခြင်းကို လူမှုရေးဟုခေါင်းစဉ်တပ်သည် ။ တချို့က သူငယ်ချင်းအချင်းချင်းအရက်သောက်၍စကားပြောဆိုခြင်း က ပို၍ရင်းနှီးချစ်ခင် အကျွမ်းတဝင်ဖြစ်စေသည်ဟုဆိုသည် ။ တစ်ခါတလေပါပဲ ဘာမှ မဖြစ်ပါဘူးဟုထင်မြင်တတ်ကြကာ ဆေးဖြစ်ဝါးဖြစ်ဟုပင် ခေါင်းစဉ်ကြီးကြီးတပ်ကြသည် ။ အရက်လေး တစ်ခါတလေပဲသောက်တာ ကျန်တာအားလုံးကောင်းတဲ့ လူကောင်းတစ်ယောက်ပါဟုဆိုတတ်ကြသည် ။ သို့သော် ထိုအရက်ကလေးကပင် ကျန်တာအားလုံးကို အကောင်းမှအဆိုးသို့တဖြည်းဖြည်း ပြောင်းလဲသွားစေတာကို သတိမမူမိကြပေ ။

ဘာသာရေးရှုထောင့်မှကြည့်လျှင် ..အရက်သောက်ခြင်းသည် ငါးပါးသီလမှ တစ်ပါးကိုကျူးလွန်ခြင်းဖြစ်သည် ။ သို့သော် ထိုတစ်ပါးတည်းကပင် ကျန်လေးပါးကို ကျူးလွန်မိအောင် လှုံ့ဆော်ပေးနိုင်သည် ။

အရက်သည်လည်း စိတ်ကိုပြောင်းလဲစေနိုင်သောမူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည် ။ အရက်ကြောင့် မူလစိတ်ပျောက်သောအခါ ခိုက်ရန်ဖြစ်ပွားပြီး လူသတ်မိသည့်အခါ ပါဏာတိပါတကံကို အလိုအလျှောက်ချိုးဖောက်မိပြီးသားဖြစ်မည် ။ မိန်းမကိစ္စကို ဝါသနာမပါသည့်တိုင် ကြုံကြိုက်ပါကကျူးလွန်မိနိုင်မည် ။ စိတ်အခြေအနေပြောင်းကာ မိသားစုဝင်များကိုဖြစ်စေ မပြောသင့်တာပြောမိ မလုပ်သင့်တာလုပ်မိမည် ။ အရက်၏ နောက်ဆက်တွဲပြသနာများကားပြော၍မကုန်နိုင်ပေ ။

သို့သော် ယနေ့ခေတ်တွင် လူတော်တော်များများသည် ရံဖန်ရံခါအရက်သောက်ခြင်းကိုပင် ခေတ်မှီသော ကိစ္စတစ်ခုဟုသတ်မှတ်ကာ မသောက်ဖို့တားမြစ်သူ ၊သူငယ်ချင်းများကသောက်၍ကိုယ်ကမသောက်လျှင်ပင် ခေတ်နောက်ကျ၍ ခေတ်မမှီအမြင်မကျယ်သူဟု ယူဆတတ်ကြပြန်သည် ။

အရက်သောက်ခြင်းကိုမနှစ်သက်သူသည် အရက်အကြောင်းကို ဥာဏ်မမှီသူမဟုတ် ၊ အရက်သောက်သူများကသာအတွေးအခေါ်စံချိန်စံနှုန်းကို အရက်ကိုလက်မခံနိုင်သူ၏ ဥာဏ်မမှီနိုင်ခြင်းဖြစ်သည် ။

အမှန်တကယ်တော့ အရက်သောက်ခြင်းကြောင့်ဖြစ်ပွားတတ်သောပြသနာများသည် ..တိုက်ရိုက်ဖြစ်သည်မဟုတ်ဘဲ သွယ်ဝိုက်ဖြစ်ပွားကြသဖြင့်သာ အရက်ကို တိုက်ရိုက်စွပ်စွဲဖို့ခက်ခဲခြင်းဖြစ်သည် ။

အခါတစ်ပါးက ME ဘွဲ့ရ ပညာတတ် အရာရှိတစ်ယောက်သည် အရက်ကိုကြိုက်၍သောက်၏ ။ သူ့တွင်မိသားစုအပေါ် ထိုအရက်သောက်တာလေးသာ ရှိလျက်တခြားဘာမှအပြစ်မရှိ တာဝန်ကြေသောယောကျာ်းကောင်းတစ်ယောက် ၊ မိန်းမနှင့်ကလေးများကို ချစ်တတ် အနွံတာခံတတ်သောယောကျာ်းတစ်ယောက်ဖြစ်သည် ။

ဇနီးဖြစ်သူကလည်း သူ့ရှေ့တွင်မသောက်ဖိုသာတားနိုင်ပီး ကွယ်ရာမှာမသောက်ဖို့မတားနိုင်ရှာချေ။သို့သော် .. နေပြည်တော်သို့ အစည်းအဝေးသွားသည့်အခါ အပေါင်းအသင်းများနှင့်အတူသောက်ပြီး တမနက်လင်းအားကြီးကျမှရဲကတွေ့သည့်အခါ မြောင်းထဲသို့ပြုတ်ကျကာ မနက်လင်းအားကြီးကျမှရဲကတွေ့သည့်အခါ အသက်မရှိရှာတော့ပေ ၊ ဘယ်လောက်နှမျောစရာကောင်းသနည်း ။ အရက်နှင့်အသက်ကို လဲလှယ်ရရှာလေသည် ။

တစ်ခါတစ်ရံ၌တချို့သောအရက်ကြောင့်ဖြစ်သည့်ပြသနာများသည် လူသိရှင်ကြားထွက်ပေါ်မလာတတ် ။ အရက်ကို အလွန်အမင်းကြိုက်သူသည် မိန်းမအပေါ်စိတ်ဝင်စားမှာလျော့နည်းတတ်သဖြင့် .. ဇနီးမယားက ထွက်ပေါက်ရှာသာယာမှုရှာသွားပြီး အိမ်ထောင်ပြိုကွဲရသည်များလည်းရှိတတ်ပြန်သည် ။
ဒီတစ်ခုပဲလုပ်တာ
အရက်ကြိုက်သော ယောကျာ်းအများစုသည် .. ကျန်တဲ့တာဝန်မပျက်ကွက်ဘူးဟု ကာဘာယူလေ့ရှိကြသည် ။ ယောကျာ်းတို့ပြုအပ်သည့် အဆင်တန်ဆာတစ်ခုဟုယူဆလိပ်ပြာလုံတတ်ပြသည် ။

သို့သော်မည်မျှပင် စည်းကမ်းတကျသောက်သည်ဖြစ်စေ.. ထိုသို့သောက်ခြင်းကြောင့်မိသားစုဝင်တထိုသူသည် စိတ်ဆင်းရဲပြီဆိုလျှင် ထိုသူသည် မိသားစုအပေါ်စိတ်ပိုင်းဆိုင်ရာ abuse လုပ်ခြင်းပင်ဖြစ်သည် ။

တစ်ခါတရံတွင် မိဘဖြစ်သူ၏ အရက်သောက်ခြင်းကို သားသမီးဖြစ်သူက မနှစ်မျို့သော်လည်းတားမြစ်ဖို့အားမတန်၍ ငုံ့ခံ နေရလျှင်လည်း သားသမီးအပေါ် စိတ်ပိုင်းဆိုင်ရာ abuse လုပ်ခြင်းဖြစ်သည် ။

အရက်သမားတချို့သည် မိသားစုအပေါ်တွင် ငါကနင်တို့ကို ဒါတွေ ဒါတွေ လုပ်ပေးထားတာ ဒါ့ကြောင့် ငါအရက်သောက်တာတော့ နင်လက်ခံရမယ် ဆိုသည့် သဘောထားမျိုးနှင့် အကြပ်ကိုင်လေ့ရှိတတ်ကြသည် ။

မိသားစုလိုအပ်ချက်ကိုဖြည့်ဆည်းပေးထားသဖြင့် သူတို့ ၏ပျော်ရွှင်မှုကိုမပိတ်ပင်ရဟူသော သဘောထားမျိုးလည်းရှိတတ်ကြရာ မိသားစုဝင်များသည် ထိုလုပ်ရပ်ကိုလက်မခံနိုင်သည်ဖြစ်စေ လက်ခံနိုင်သည်ဖြစ်စေ အောင့်အည်းသည်းခံကြရရှာသည် ။

ယခုအခါ တောအရပ်ဒေသတို့တွင် အရည်အသွေးမမှီသော အရက်များကိုသောက်သုံးရင်းအသက်တိုကြရရှာပြီ။ ဘဝများစွာ ပျက်ရရှာပြီ ။
မည်သို့ပင်ဖြစ်စေကာမူ
သို့သော် အရက်ဆိုသောအရာကတော့ရောင်းကောင်းမြဲ ရောင်းကောင်းဆဲ ။

သောက်သူတွေကလည်းမက်မက်စက်စက်သောက်နေကြဆဲ။

အရက်သောက်ခြင်းအတွက် ဆင်ခြေအမျိုးမျိုးပေးနေကြဆဲ ။

သေသူတွေလည်း သေနေကြဆဲ ။

လူတို့ဆင်ခြင်တုန်တရား အားနည်းခြင်းကို ရောင်းကောင်းလှသောအရက်များက သက်သေပြဆဲပင်ဖြစ်တော့သည် ။

                      ပုညခင်

အရက်​သမားကို အရက်​သမားလို့
ခေါ်ရင်​ ​ပြောရင်​ ရိုင်းတယ်​...
သုဿာန်​ကို ဖြတ်​လမ်းသွားတဲ့သူလို့ 
ပြောရတယ်​...၊၊

Coin Marketplace

STEEM 0.21
TRX 0.20
JST 0.033
BTC 97309.89
ETH 3288.22
USDT 1.00
SBD 2.99