Advertise

in #artzone6 years ago

၁။ နယ်မြေက မငြိမ်းချမ်း ။ သူပုန်တွေ ရှိတယ် ။ ဆက်ကြေးကောက်တယ် ၊ လူသစ်စုတယ် ၊ မိုင်းထောင်တယ် ၊ တပ်စခန်း ရဲစခန်းတွေကို အလစ်ဝင်တိုက်တယ် ။ ဆက်ကြေးကောက်တာဆို ကုမ္ပဏီတွေသာမက အစိုးရဘဏ်ကိုပါ စာပို့ ပြီး ကောက်တယ် ။

တတလင်းဂျိတ်နဲ့ တုံးသော နီပေါတစ်ချို့  က အဲဒီလုပ်ရပ်တွေဟာ ကေအိုင်အေ က တပ်ကို မကျေနပ်လို့  တိုက်တာလို့ ထင်နေတယ် ။ သူတို့ မာမား အစိုးရကိုပါ သမနေတာလို့ မမြင်ဘူး ။

အဲဒီလို မမြင်တဲ့ အတွက် လွန်စွာသနားဖွယ်ကောင်းသော ကေအိုင်အေတို့ အား ရက်စက်ကြမ်းကြုတ်သော မြန်မာ့တပ်မတော်ကြီးမှ ၀ိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေသဖြင့် အရပ်ဝတ်ဒုက္ခသည်အများအပြား ပိတ်မိနေလေပြီ ။ သပိတ်စခန်းတို့ ဖွင့်လှစ်ကြကုန်လေပြီ ။

အရောင်အသွေးကင်းမဲ့ သော အဖြူထည်သက်သက် သပိတ်မှောက်ဆန္ဒပြသူတို့ အား ငါတို့  နီပေါအပေါင်းတို့  ၀ိုင်းရံကြကုန်အံ့ လို့  ကြွေးကြော်လှုံ့ ဆော်ကြလေတယ် ။


image
image

၂။ တစ်ခါ နီပေါဆိုတဲ့ ဘွဲ့ ထူးဟာ မတန်မရာ ရထားခြင်းမဟုတ် ၊ လွန်စွာမှ ထိုက်ထိုက်တန်တန်ရထားကြောင်း သက်သေပြုတဲ့  အနေနဲ့  သယံဇာတတွေကုန်လျှင် စစ်ကရပ်သွားမှာ ၊ တပ်မတော်ကို ICC တင်ကြ ၊ နှစ်ဘက်တပ်ခေါင်းဆောင်တွေ ချိန်းပြီးချပါလား ၊ အမေစုအစိုးရ အကျပ်ရိုက်အောင် တမင်လုပ်နေတာ အစရှိသော တစ်ရာဖိုး သုံးပုဒ်ကောမန့် များကိုလဲ လူမူကွန်ယက်မှာ တွင်တွင် ရေးသားတော်မူကြတယ် ။

ရေးနေတဲ့ သူအများစုဟာ KIA အထိနာတိုင်း ဆန္ဒပြပွဲတွေ ဒုက္ခသည်ကိစ္စတွေ ပွထလာပြီး SSPP နဲ့ TNLA တိုက်လို့ ဒုက္ခသည်တွေ ပြေးရလျှင် ဘာဆန္ဒမှ မပြ ဘာသပိတ်စခန်းမှ မဖွင့်တာကို သတိမမူမိကြဘူး ။

ဥပမာဆိုရလျှင် ကျောက်မဲဘက်က ကျောင်းအုပ်ဆရာမကြီးကို TNLA နှစ်ယောက်က အိမ်ထဲဝင် မုဒိန်းကျင့်တဲ့  ကိစ္စ ဘယ် ၀ိုးမန်းရိုက်က စောက်သံထွက်တာ တွေ့ ဖူးလဲ ။ ဘယ်CSO က ကြေငြာချက်ထုတ်တာ တွေ့ ဖူးလဲ ။


၃။ ဖန်တောင်းလို့ ကောင်းတဲ့ Event တစ်ခုခုပေါ်လာတိုင်း အရပ်ဖက် လူမူအဖွဲ့ အစည်း တစ်ရာကျော်က လက်မှတ်ထိုး တောင်းဆိုတယ်တို့  ဘာကွန်ယက် ညာအဖွဲ့ အစည်း နှစ်ရာကျော်က ထုတ်ပြန်ချက် အတူထုတ်တယ်တို့  လုပ်နေတာတွေ သတိထားမိလား ။

တစ်ချို့ ကိစ္စတွေက သိပ်ရယ်စရာကောင်းတယ် ။ သယ်ချင်း ငါတို့ က ဒီကိစ္စလေးလုပ်ဖို့  မန်းဒိတ်ရထားတယ် ဖန်လဲရထားတယ် ။ အဲဒါ ကြေငြာချက် ထုတ်မလို့ ထောက်ခံပေးပါအုန်းဆိုလျှင် အားလုံးပက်ပက် စက်စက် ၀ိုင်းထောက်ခံပေးတယ် ။ လက်မှတ်ထိုးပေးတယ် ။

ဒါမှ ကိုယ့်အဖွဲ့  အလှည့်ကျလဲ အဲဒီလို ပဲ တစ်ဘက်က ပြန်လုပ်ပေးကြတာကိုး ။ ရီး CSO လို့  ပြောရမှာပေါ့လေ ။ CSO အစစ်အမှန်တွေ နာမည်ပျက်ရတဲ့ ကိစ္စရပ်တွေထဲ အဲဒီလို ကိစ္စတွေက အဓိကနေရာက ပါတယ် ။

CSO အတော်များများဟာ ဘယ်အဖွဲ့ အစည်းက ငွေတွေနဲ့  ရပ်တည်နေလဲ ။ ဘာ မန်းဒိတ်တွေ ပေးထားပြီး ဘာပရောဂျက်တွေ လုပ်ကိုင်နေလဲဆိုတာ အစိုးရအနေနဲ့  အသေအချာ စိစစ်ကြီးကြပ်သင့်တယ် ။


၎။ ကချင်စစ်ဘေးရှောင် ဒုက္ခသည်တွေကိစ္စ ပြည်ပ မီဒီယာ နှစ်ခုသုံးခုက စွတ်ဘေးတီးနေသလို ပြည်တွင်းက CSO တစ်ချို့  ဖျာဝင်ခင်းဖို့  ကြိုးစားလာတဲ့  ပုံစံက တောထဲမှာ ဒုက္ခသည်တွေ ပိတ်မိနေပြီ ။ အစာရေစာလဲ ငတ်ပြတ်နေပြီ ။ အစိုးရ နဲ့  လူမူရေးအသင်းတွေက ဒုက္ခသည်တွေကို ကယ်ထုတ်ချင်တယ် ။ တပ်က ခွင့်မပြုလို့  တားထားလို့  မသွားရဘူးဆိုတဲ့  ပုံမျိုး ဘေးတီးနေကြတယ် ။

တကယ့်တကယ် တပ်ဘက်က ပြောနေတာက နယ်မြေရှင်းတဲ့  အချိန် ရွာတွေကို ထိခိုက်မှုမရှိအောင် သူတို့  ထိန်းထိန်းသိမ်းသိမ်းလုပ်တယ် ။ နယ်မြေရှင်းပြီးတဲ့  ဒေသတွေမှာ ရွာတွေကို ပြန်လာနိုင်ပြီ ။အစိုးရရော ၊ တပ်ရော ၊ အသင်းအဖွဲ့ တွေကရော လိုအပ်တဲ့ ထောက်ပံ့ မှုတွေ ပြုနေတယ် ။

တကယ်လို့  ဒုက္ခသည်စခန်းကိုပဲ သွားနေချင်တယ်ဆိုလျှင်တော့ လိုအပ်တဲ့ စိစစ်မှုတွေ ပြုပြီးမှ သွားရမယ် ။ ဘာလို့ လဲဆိုတော့ အဲဒီဒေသတွင်းမှာ အရပ်သားနဲ့  သူပုန်နဲ့ ရောနေတယ် ။ ဒီတိုင်း ထွက်ခွာခွင့်ပေးလိုက်လျှင် နယ်မြေရှင်းနေတဲ့ ဧရိယာထဲက သူပုန်တွေ အများကြီး ရောပါသွားကုန်မယ် ဆိုတဲ့ သဘောဖြစ်တယ် ။

အဲဒီသဘောထားကို အစိုးရပြောရေးဆိုခွင့်ရှိသူကလဲ အတည်ပြုတယ် ။


၅။ ဗဟုသုတရချင်လို့ မေးရလျှင် တိုက်ပွဲဖြစ်နေတဲ့  ဒေသအတွင်း အရပ်သားလို့ ဆိုသော လူထောင်ကျော်ကို CSO ဟုဆိုသော အဖွဲ့ တစ်ချို့ က ဘာစိစစ်ကြီးကြပ်မှုမှ မရှိဘဲ ခေါ်သွားချင်ပါတယ်ဆိုတာ ကမ္ဘာပေါ်က ဘယ်တိုင်းပြည် ဘယ်ဒေသမှာ ခွင့်ပြုခဲ့ဖူးသလဲ ။

အစိုးရရော သက်ဆိုင်ရာ လူကယ်ပြန်တွေရော ဘာညာတွေ ရှိနေပါလျှက်နဲ့  သူတို့ နဲ့  ပေါင်းပြီးမသွားဘဲ ကိုယ့်ဖာသာတစ်ဖွဲ့ တည်းဝင်ပြီးသွားခေါ်ချင်တယ်ဆိုတာမျိုး ဘယ်ဂြိုလ်မှာ ခွင့်ပြုခဲ့ဖူးလဲ ။


၆။ ဒုက္ခသည်အစစ်အမှန်တွေ ဒုက္ခပိုရောက် ကြန့် ကြာကုန်ရတဲ့  အကြောင်းက တိုက်ပွဲတွေကြောင့်မဟုတ် ။

ဒုက္ခသည်တွေကို အသုံးချပြီး စစ်ရေး ၊ နိုင်ငံရေးအမြတ်ထုတ်ချင်သူတွေကြောင့်သာ ဖြစ်တယ် ။


ရဲမိုး

ဖိုတို - ခရက်ဒစ်

Sort:  

Hi LOVE YOUR POST MAN!!! LIKE MY POST TOO!!!!! HERE IS THE LINK: https://steemit.com/bots/@abusereports/last-minute-upvote-list-2018-05-02

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67657.28
ETH 3498.77
USDT 1.00
SBD 2.70