Eternity

in #artzone7 years ago

image

သံသရာ
@~~~@
စ/ဆုံး
မစန္ဒာ

“မေမေ”
သမီးက ခေါ်လိုက်သည်။
“တီချာ့ဖို့ ပေးလိုက်မယ်ဆို”
“အင် ဟုတ်သားပဲ”
မေကျော့လွင်သည် လက်သည်းဆိုးဆေးလေးကို ညီအောင် သတိ ထား၍ ဆိုးနေရင်းမှ အိမ်မှာ ဘာများအဆင်သင့်ရှိပါလိမ့်ဟု အပြေးအအလွှား စဉ်းစားသည်။
“အတော်ပဲ၊ မနေ့တုန်းကသမီးဖေဖေ နက်စ်ကော်ဖီတစ်ပုလင်း လက်ဆောင်ရလာတယ်”
နက်စ်ကော်ဖီမှုန့်က အင်္ဂလန်ဖြစ်တော့ မဟုတ်ချေ။ အိန္ဒိယပြည်ဖြစ် ဖြစ်လေသည်။ သို့သော် ပုလင်းကြီးဆိုတော့ တစ်ရာကျော်တော့ တန်လိမ့် မည်ထင်သည်။
“မနေ့တုန်းက မေသန္တာအေးရဲ့ အမေကတော့ တီချာ့ကို ထောပတ် တစ်ဘူး ပေးနေတာ တွေ့တယ်”
“ဟုတ်လား”
ထောပတ်နှင့် ကော်ဖီမှုန့်ဆိုလျှင် ကော်ဖီမှုန့်က တန်ဖိုးကြီးတာပေါ့ ဟု ကျေနပ်စွာတွေးရင်း စားပွဲပေါ်ရှိ ပုလင်းကို ယူကြည့်သည်။ အိန္ဒိယ ပြည်မှာလုပ်သည်ဟူသော စာလုံးနေရာတွင် အတန်ငယ် စွန်းပေနေသည် ကို တွေ့ရသည်။
“မေမေ ဒီနားမှာ နည်းနည်းပေနေတယ်”
“ကိစ္စမရှိပါဘူး သမီးရယ်၊ နက်စ်ကော်ဖီဆိုတာ ပုလင်းက အဖိုးတန် တာမှ မဟုတ်တာ၊ အမှုန့် အဖိုးတန်တာပဲဟာ ဟုတ်ဘူးလား”

+++++++++++++++++++++
“အင်း သောက်လိုက်ရရင်တော့ တော်တော် အရသာရှိမယ်”
ဒေါ်လှလှအေးက အဖုံးကိုဖွင့်ပြီး ခဲသားအပိတ်ကို လက်နှင့်ပွတ် ကြည့်ရင်း တွေးမိသည်။ အသာအယာနမ်းကြည့်မိတော့ သင်းပျံ့သောရနံ့ က ရင်ထဲအထိ ထိုးဖောက်ဝင်ရောက်သွားလေသည်။
“ဒီနှစ်ထဲရောက်လာတဲ့ ကလေးမိဘတွေက အတော်ချမ်းသာပုံရတ တယ်၊ ထောပတ်ပေးတဲ့သူနဲ့၊ ကော်ဖီမှုန့်ပေးတဲ့သူနဲ့၊ သပျစ်သီးခြောက်ပေးတဲ့သူနဲ့၊ ပန်းသီးပေးတဲ့သူနဲ့”
ဆရာမတစ်ယောက်အနေနှင့် မိမိ၏တပည့်များအပေါ်တွင် သာတူညီ မျှ လူတန်းစားမရွေး တန်းတူဆက်ဆံရမည်ကို ခံယူပြီးဖြစ်သည်။ ဒေါ်လှလှအေးက ကိုယ့်လိပ်ပြာ ကိုယ်လုံလေသည်။ သို့သော် မိမိသားသမီးကိုတော့ မျက်နှာသာ ရစေချင်သော ကျောင်းသားမိဘများက ကောင်းနိုးရာရာကလေးများ လက်ဆောင်ပေးလာသည်ကိုလည်း ငြင်းပယ်ရန် မသင့်တော်ပေ။
“ဦးသာဌေးကိုလည်း ဘာမျှ မကန်တော့ရသေးဘူး၊ ဒီကော်ဖီမှုန့် တစ်ဘူးဆိုရင် မဆိုးဘူးထင်တယ်”
ဦးသာဌေးသည် ဒေါ်လှလှအေးကို ယခုကျောင်းတွင် ရစေရန်ကူညီဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။ ဒေါ်လှလှအေး ယခင်လုပ်သောကျောင်းက မြို့သစ်ပိုင်းတွင်ဖြစ်သည်။ ဘတ်စ်ကား သုံးတန် လောက်စီးရသည်။ ကျောင်း ကလည်း အလယ်တန်းကျောင်းဖြစ်သည်။ ယခုကျောင်းကတော့ ဘတ်စ် ကား တစ်တန်တည်းစီးရသည်။ နာမည်ကြီး အထက်တန်းကျောင်းလည်း ဖြစ်သည်။ ယခင်က မိုးလင်းလျှင် ကျောင်းမီရန် ကတိုက်ကရိုက်သွား၊ နေဝင်မှ အိမ်ပြန်ရောက်သော ဒေါ်လှလှအေးသည် ယခုတော့ ရှစ်နာရီခွဲ အိမ်မှထွက်ကာ ကျောင်းအဆင်း ဈေးဝင်ဝယ်ပြီးမှ အေးအေးဆေးဆေး ပြန်၍ရသည်။ အိမ်ပြန်ရောက်သည်နှင့် ခြင်းတောင်းချကာ သားငါးကိုင် ရင်း ဦးသာဌေး ကျေးဇူးကြီးလှသည်ဟု မကြာခဏ စဉ်းစားမိသည်။
နက်စ်ကော်ဖီမှုန့်ဘူးရယ်၊ ကိတ်မုန့်တစ်လုံးရယ်ဆိုရင် မဆိုးဘူး၊ နည်းနေသေးရင် လိမ္မော်သီး
ဆယ်လုံး ထပ်ထည့်လိုက်မယ်။ ဒေါ်လှလှအေး စဉ်းစားရင် ကျေနပ်သွားသည်။
+++++++++++++++++++++++++++++

“လက်ရွေးစင် ကော်ဖီမှုန့်တောင် တစ်ပေါင် လေးဆယ်နီးပါးဖြစ်နေတာ၊ နက်စ်ကော်ဖီဆိုရင်တော့ ဈေးသေးမှာ မဟုတ်ဘူး မိန်းမရေ”
ဦးသာဌေးက သူ့မိန်းမအား လှမ်းပြောသည်။ ကလေးသုံးယောက် အား ကိတ်မုန့်တစ်ချပ်စီ လှီးပေးနေသော မိန်းမကလည်း ပြုံးနေသည်။
“ဘယ်လောက် တန်မလဲ မသိဘူးနော်”
“ဈေးထဲမှာတော့ တွေ့နေသား၊ ဝယ်ဖို့ စိတ်မကူးတော့ ဈေးတောင် မမေးမိပါဘူး ကိုကိုရယ်”
“လုပ်ပါဦး မိန်းမရ၊ ညကျရင် နက်စ်ကော်ဖီလေးကို သကြားစစ်စစ်လေးနဲ့ ဖျော်ပေးစမ်းပါ”
ဦးသာဌေးက နှစ်သက်လိုလားစွာ ပြောသည်။ မတတ်သာ၍သာ ခြိုးခြံ၇သော်လည်း တတ်များတတ်နိုင်လျှင် ဒီလျှာတစ်ချောင်း၏ အလိုကို အဆုံးအစမရှိ လိုက်လျောလိုက်ချင်သည်။
“ကိုကိုရယ် သူများကန်တော့လို့ ရှားရှားပါးပါးလေး ရလာတာ အလကား သောက်မပစ် စမ်းပါနဲ့”
“ဟ အလကား သောက်မပစ်လို့ ဘာလုပ်ရမှာလဲ၊ အနံ့ပဲရှုနေရမှာ လား၊ အလှပဲ ကြည့်နေရမှာလား”
“ကိုကိုကလည်း ခက်တော့တာပဲ”
သူ့မိန်းမက သူ့အား မသိသာ ဆိုးဝါးရန်ကောဟူသော မျက်နှာထား နှင့် လှမ်းကြည့်သည်။
“ကိုကို ဂျပန်ကို လေ့လာရေးသွားဖို့ကိစ္စက ဦးမောင်မောင်သွင် ပြီး မှ ဆို”
“အေးလေ”
“ဒီတော့ သူ့ကိုပဲ လက်ဆောင်ပေး လိုက်ပါလား ကိုကိုရယ်၊ အိမ်မှာ လည်း သီတင်းကျွတ်တုန်း က ဟိုဖြူဖြူပိန်ပိန် ဆရာတစ်ယောက် လာကန် တော့ထားတဲ့ တက်ထရစ် တိုက်ပုံတစ်စရှိတယ်၊ အဲ့ဒီတိုက်ပုံစကိုပါ ထည့်ပေးလိုက်ပေါ့”
“အဲ ဟုတ်သားပဲ”
ဦးသာဌေးက ခေါင်းညိတ်သည်။ ဒီမိန်းမ ဒါတွေ တော်တာဟု စဉ်းစားရင်း ပြုံးမိလေသည်။
++++++++++++++++++++++++++++++++++++++++++++++
“ဆရာဝန်ကို ဘာပေးရမလဲ စဉ်းစားနေတာ အတော်ပဲ”
ဒေါ်တင်တင်စိန်က အညိုရောင် တက်ထရက်စကို ဖြန့်ကြည့်သည်။
“အဲဒီအရောင်လေး သားကို ဘောင်းဘီချုပ်ပေးပါလား မေမေ”
“သားအဖေကို တိုက်ပုံချုပ်ဖို့ ကန်တော့တဲ့ဟာကို သားက ဘောင်းဘီချုပ်လို့ ကောင်းပါ့မလား”
“ကောင်းပါတယ်ကွာ ပေးလိုက်ပါ”
ဦးမောင်မောင်သွင် က ပြောသည်။ သူ့တွင် တက်ထရက်စ် တိုက်ပုံလေး ငါးခြောက်ထည် ရှိနှင့်ပြီးဖြစ်သည်။ အသစ် မလိုသေး၊ ရနိုင်လျှင်တော့ ပင်နီတိုက်ပုံလေး တစ်ထည်လောက် လိုချင်သည်။
“ဒီလိုဆို ဆရာဝန်ကို ဘာပေးရပါ့မလဲ၊ မာမီက အခြေအနေသိပ် ကောင်းတာ မဟုတ်ဘူး၊ တော်ကြာနေ ဆေးရုံဆက်ချင် တက်နေရမှာ”
“အဲဒီ နက်စ်ကော်ဖီ ပုလင်း ပေးလိုက်ပေါ့”
“ဟင် ဒီတစ်ပုလင်းထဲလား”
“အခုဟာ ကကြိုပေးထားတာပေါ့ကွာ၊ ဆေးရုံတက်ရမယ်ဆိုတော့ ထပ်ပေးတာပေါ့။ မတက်ရဘူးဆိုရင်လည်း ပြီးတာပဲပေါ့ ဟုတ်ဘူးလား”
ဒေါ်တင်တင်စိန်ကကော်ဖီပုလင်းကို လှမ်းယူသည်။ တစ်ရာကျော် လောက်တော့ တန်မှာပဲ၊ သိပ်တော့ မနည်းပါဘူး။ လိုအပ်ရင်လည်း ထပ်ပေးလို့ရတာပဲ။ ဒါမှမဟုတ် သားလိုချင်နေတဲ့ တက်ထရက်စ်စကိုပါ ချော့ တောင်းပြီး တစ်ပါတည်း အတူပေးလိုက်ရကောင်းမလားဟု အမျိုးမျိုး စဉ်းစားရင် ဦးနှောက်နည်းနည်း ခြောက်သွားလေသည်။
++++++++++++++++++++++++++++++++++++++++++++++
“မိန်းမရေ ဒီတစ်ပတ်ထဲတော့ ကော်ဖီမှုန့်ဓာတ်စာကျနေတယ် ထင်တယ်၊ တစ်ပုလင်း ရလာပြန်ပြီ”
ဒေါက်တာကျော်မိုးလွင်က သူ့ဇနီး မေကျော့လွင်အားလှမ်းပေးသည်။
“ဒီနေ့တော့ ရင်ထဲ ပြည့်ကယ်ကယ်နဲ့၊ ထမင်း မစားတော့ဘူးကွာ၊ ကော်ဖီ တစ်ခွက်သာပေး”
“မတိုးရေ၊ ကော်ဖီတစ်ခွက်ယူခဲ့ဟေ့၊ နင့်ဦးလေးဖို့နော်၊ သကြားသိပ် မထည့်နဲ့၊ ခပ်ခါးခါးလေး”
မေကျော့လွင်ကနောက်ဖေးဘက်သို့တစ်ဆင့် လှမ်းအော်လိုက်သည်။
“သားနဲ့ သမီး အိပ်ပြီလား”
“စာကြည့်ခန်းထဲမှာ စာလုပ်နေကြတယ်လေ၊ အတန်းလေးတွေ ကသာ ငယ်ပေမယ့် အိမ်စာတွေကတော့ မနည်းဘူး ကိုကိုလွင်ရေ့၊ ဟင်ဒီ ကော်ဖီမှုန့်ပုလင်းတွေကလည်း လာလိုက်ရင် ဒီနားမှာ ပေနေတာချည်းပဲ၊ ဘယ်လိုများ ဖြစ်နေပါလိမ့်”
မေကျော့လွင်က ကော်ဖီမှုန့်ပုလင်းကို စားပွဲပေါ် လှမ်းတင်လိုက်ကာ ပန်ကာခလုတ်ကို နည်းနည်းလျှော့ချ လိုက်သည်။ ခင်ပွန်းသည် အအေး ပတ်သွားမှာကို စိုးသောကြောင့် ဖြစ်လေသည်။
“အတော်ပဲ၊ မေကျော့ရေ၊ အဲဒီပုလင်း ဖောက်လိုက်ပါလား”
“ကိုကိုလွင်ကလဲ၊ နက်စ်ကော်ဖီဆိုတာ နာမည်သာကြီးသာ အိမ်မှာ အစေ့ဝယ်ပြီး ကိုယ်တိုင်ကြိတ်တဲ့ ကော်ဖီမှုန့်လောက် အရသာရှိနိုင်ပါ့မ လား၊ မေကျော့ကဖြင့် ကိုကိုလွင် ကော်ဖီစစ်စစ်သောက်ရအောင် ကော်ဖီ စေ့ကို ဈေးတကာဈေး နှံ့အောင်လိုက်ရှာပြီး မပြတ်ဝယ်ထားရတာ”
တိုက်ပုံအင်္ကျီကို ကူချွတ်ပေးရင်း မေကျော့လွင်က နှုတ်ခမ်းလေးမသိ မသာ စူကာ ခပ်ချော့ချော့ပြောသည်။
“ကဲ ကဲ ဒီလိုဆို ကော်ဖီစစ်စစ်သာ ဖျော်စေဗျား”
ဒေါက်တာကျော်မိုးလွင်က နှုတ်ခမ်းစူလျှင် ပို၍လှသော ဇနီးချောကို ကြည့်ရင်း ကြည်နူးသွားသည်။
“ဟဲ့ ကော်ဖီတစ်ပန်းကန် ဖျော်တာ ကြာလှချည်လား မတိုးရယ်၊ မြန်မြန်လာဟဲ့”
မေကျော့လွင်က သက်ပြင်းလေး ကျိတ်ချကာ နောက်ဖေးဘက်အား လှမ်းအော်သည်။ ထို့နောက် ကျေနပ်စွာ တွေးမိလေသည်။
“အင်း ဒီတစ်ခါအန်​တီချာထင်​ပါ့

Coin Marketplace

STEEM 0.23
TRX 0.21
JST 0.036
BTC 97641.56
ETH 3412.65
USDT 1.00
SBD 3.24