Knife Story

in #artzone6 years ago

ဓါးပုံပြင်

''ဟျောင့် သံတုံး မင်းလာဦး''

''ဗျာ ''

''အေး မင်းကိုပုံပြောင်းပစ်ရမယ်
မင်းကြည့်ရတာ အူတူတူ အတတနဲ့ ''

သံတုံးတစ်ယောက် မျက်နှာငယ်လေး
နဲ့ ကြည့်တယ်

''မင်း ဓါးမဖြစ်ချင်ဘူးလား''

''ဟာ မဖြစ်ချင်ပါဘူး
ကျနော့်ဘော်ဒါတစ်ယောက်ပေါ့
ဓါးဖြစ်ချင်လို့ ဆိုပြီး သူ့ ကိုယ်သူ
ပန်းပဲသမားဆီသွားအပ်တာ
ဟိုက မီးကင်လိုက် တူထုလိုက်နဲ့ ''

''အဲ့ကောင် ဓါးဖြစ်သွားပြီလား''

''ဘယ်ကလာဖြစ်ရမှာလဲ
ဟိုမရောက်ဒီမရောက် နဲ့ 
ထွက်ပြေးလာတာလေ
အပူမခံနိုင်လို့ ဆိုပြီး''

''ဒီကောင်တော်တော်ပျော့ညံ့တဲ့
ကောင် .... အဆင့်မြင့်ချင်ရင်
အနစ်နာခံရတယ်ဟ
မင်းကရော တစ်သက်လုံး
သံတုံးဘဝနဲ့ နေသွားမှာလား
မင်းကို သန့် စင်ပေးထားတဲ့သူ
တွေကိုအားမနာဘူးလား''

''မနာပါဘူး ဘာလို့ နာရမှာလဲ''

''မင်းစဉ်းစားကြည့်စမ်း
မင်းကို သံရိုင်းဘဝကနေ
ူသံစိမ်းဘဝရောက်အောင်
ပြောင်းလဲပေးခဲ့တယ်
သံစိမ်းဘဝကနေ အခု သံပွ
ဘဝကိုရောက်လာပြီ ...
ပြောရရင် မင်း ဟာ အသုံးဝင်ဖို့ 
အဆင့်တစ်ခုဖြစ်လာပြီ...''

''ကျနော်ပူမှာကြောက်တယ်
တူနဲ့ လည်း အထုမခံနိုင်ဘူး''

''ဟ ဒါတွေကမင်းကိုနှိပ်စက်နေတာ
မှမဟုတ်တာ ...
မင်းအရည်အချင်းတွေ ချွန်မြထက်ရှ
လာအောင်... ပြုပြင်ပေးနေတာ
မင်းကို ပူပါစေတော့ နာပါစေတော့
ရယ်လို့ ရည်ရွယ်ပြီးလုပ်တာမှ
မဟုတ်တာ''

''ကျနော်မှ မခံနိုင်တာ''

'မင်းမှားတယ် မင်းကမခံနိုင်တာ
မဟုတ်ဘူး မခံချင်တာ
မင်းဟာ ထက်မြတ်လိုစိတ်
တိုးတတ်လိုစိတ်မရှိတာ
မင်းကြားဖူးလား
မီးနာမှ သံကောင်းတယ်
သံကောင်းမှဓါးထက်တယ်တဲ့''

သံတုံး ငြိမ်သက်ပြီးနားထောင်နေ
တယ်...

''တကယိတော့ မင်းမှာခံနိုင်ရည်
ရှိတယ်... အေး အကန့် အသတ်
တော့ရှိတာပေါ့ကွာ
မင်းကို အပူချိန် ၁၀၀၀ ဒီဂရိ ဆယ်ဆီရပ် ကျော်ကျော် အပူပေး
လို့ ရတယ် အန္တရာယ်တော့များ
တာပေါ့ကွာ....
တန်ဆေးလွန်ဘေးတဲ့
မင်းခံနိုင်ရည်တဲ့ပမာဏအတွင်းမှာ
ကြံ့ကြံ့ခံပြီး အကောင်းဆုံး
ပြောင်းလဲပစ်စမ်းပါကွာ....''


''ဗျို့  ပန်းပဲဆရာကြီး''

''ဟေ့ ဘယ်သူတုန်းကွ''

''ကျနော်သံတုံးပါ''

''ပြော ဘာကိစ္စလဲ '

''ကျနော် ဓါးဖြစ်ချင်လို့ ပါ''

''လာပြန်ပြီ နောက်တစ်ကောင်
ဟိုအရင်ကောင်လိုတော့
လာမလုပ်နဲ့ ...
သေချာမှ ပြော...''

''ဟုတ် သေချာပါတယ်''


''ပူလိုက်တာဗျာ''

'ပူမယ်တပည့် မင်းကိုယ်ထဲမှာရှိတဲ့
ဂျွတ်ဆက်ဆက်အကျင့်တွေကို
ပြောင်းလဲပေးနေတာ
နောက်မို့ ဆိုမင်းကျိုးသွားလိမ့်မယ်
မင်းတူအထုခံနိုင်မှာ မဟုတ်ဘူး
ကောင်းစေလိုလို့ ပြုပြင်ပေးသူ
ကို ပျော့ပျောင်းစွာ နာခံရတယ်ကွ
မင်းအရင်လို ကျွပ်ဆက်နေရင်
ကျိုးသွားမှာ...''


ဆရာ ရေ...

'' သံတုံး ဟာ sorry
ဗိုလ်ဓါး... ဝမ်းသာတယ်ကွယ်
မင်းကြည့်ရတာ တောက်ပ
ထက်မြတ်လိုက်တာကွာ
မင်းအရည်အချင်းရှိသွားပြီ
အခုမင်း ဘာလုပ်မလဲ''

''ကျနော့်ကို ဓါးပြဗိုလ်တစ်ယောက်က
လာချိတ်တယ် ...
ကျနော့်အရည်အချင်းကို
သိပ်သဘောကျပုံရတယ်...
ကောင်းကောင်းနေရမယ်
ကောင်းကောင်းစားရမယ်တဲ့
သူ့ အတွက်ဆိုရင် ကျနော်က
သိပ်အသုံးဝင်မှာတဲ့
ကျနော့်ကို တော်တော်အထင်ကြီး
နေတဲ့ပုံပဲဗျ
အေးလေ ကျနော်ကလည်း
ထက်မြတ်တာကိုး''

''ဒီမှာ တပည့် ...
မင်းဟာ အကြောင်းတရားပေါ်
အနစ်နာခံခဲ့ပြီးပြီ...
ဒါကြောင့်မင်းဟာ
သံတုံးဘဝကနေ ဓါးဘဝကို
ရောက်ရှိခဲ့ပြီ...
မင်းမှတ်ထား ...
အကြောင်းတရားအပေါ်
အနစ်နာခံနိုင်ရင် လူတော်ဖြစ်တယ်
အေး... အကျိုးတရားပေါ် ထပ်ပြီး
အနစ်နာခံမှ သူရဲကောင်းကွ
မင်းဟာ သံတုံးဘဝမှာ အနစ်နာခံ
ခဲ့လို့ ဓါးဖြစ်လာပြီ...
မင်းအရည်အချင်းက
သူများကို နှိပ်စက်ဖို့ လား
ကယ်တင်ဖို့ လား''

''ဒါဆို ကျနော်က ဘယ်အချိန်အထိ
အနစ်နာခံနေရမှာလဲ''

''အေးလေ... လောကမှာ အများစု
ရဲ့စိတ်က အရိုင်းစိတ်ကွ...
အရိုင်းစိတ်ဆိုတာ
ကိုယ့်အတွက်ပဲ ကိုယ်သိတာကို
ခေါ်တယ်... အဲ့ဒါအများစုပဲ...
မင်းဟာ သူလိုကိုယ်လို တစ်ကိုယ်
ကောင်းဆန်ခွင့်ရှိတယ်...
အတ္တကြီးခွင့်ရှိတယ်...
သိပ်တော်တဲ့ သူတွေ
တစ်ကိုယ်ကောင်းဆန်သွားတဲ့အခါ
ပြည်တောင်ပျက်တတ်တယ်...
ပြော... မင်းဟာ ရန်လိုသူတွေကို
ကူညီဖို့ လား
ဒါမှမဟုတ်... အားနည်းသူကို
စောင့်ရှောက်ဖို့ လား''


''ဆရာ ''

''ဟာ တပည့်ကြီး ဗိုလ်ဓါး
မတွေ့ တာတောင်ကြာပြီ''

'မိစ္ဆာဘုရင်ကို ကျနော်သတ်ခဲ့တယ်
ဆရာ''

''ဘယ်ဘုရင်တုန်းကွ''

''သိုဟန်ဘွားပါဆရာ''

''မင်းကို ဘယ်သူ ဆောင်တာလဲ''

''မင်းကြီးရန်နောင်ပါ''
image
@gold-mm
တကယ်ရှိခဲ့တယ်

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 62943.85
ETH 2464.43
USDT 1.00
SBD 2.55