📷✏📄

in #artzone6 years ago

I am grateful to you for making me wise.
ငါ့ကို ဥာဏ်ရှိအောင်လုပ်ပေးလို့ငါနင့်ကိုကျေးဇူးတင်မိ ပါတယ်နော်× (Facebook ပေါ်မှ)

make sb wise (ပြောပြတာ /သတင်းပေးတာ/လက်တို့ တာ/ဖောက်သည်ချတာ)ဆိုတဲ့ English အသုံးကို မသိလို့ မှားတာမှန်တာ အသာထား မြန်မာလို ဖတ်ကြည့်ရတာကို တော်တော်ယုတ္တိမဲ့နေ မှန်း ဘာသာပြန်သူအနေနဲ့ သိသင့်တယ် လို့ မြင်မိပါတယ် ပြီးတော့ ဝါကျအချိတ်အဆက်ကိုလည်း သတိပြုသင့်တယ်လို့ ပဲမြင်မိတယ် ဘာသာပြန်တဲ့အခါ မသေချာရင် English အဘိဓာန်ကြည့်ဖို့ လိုပါတယ် အဘိဓာန်လှန်နေရင် ကြာတယ်လို့ ယူဆပြီး မလှန်ချင် မကြည့်ချင်ဘူးဆိုရင်တော့ ဒီလို ပရမ်းပတာ ဘာသာပြန်ဆိုချက်တွေထွက်လာဦးမှာပါပဲ အဘိဓာန်ဆိုတာတောင် တစ်ခါတစ်လေ Oxford Dictionary လောက်ကြည့်ရုံနဲ့ အဆင်မပြေတာလေးတွေလည်း ရှိတတ်တာမို့ တခြာ့း လက်လှမ်းမီရာ English Dictionaries လေးတွေလည်းကြည့်ဖို့ လိုပါမယ် အဘိဓာန်လှန်ကြည့်ရင် put/make sb wise (to sth) ဆိုတာ ဘယ်လို အဓိပ္ပာယ်ဆိုတာ သိနိုင်ပါတယ်

ဒါကြောင့်ဖော်ပြပါဝါကျကို 'နင် ငါ့ကို ပြောပြတဲ့အတွက်/အသိပေးတဲ့အတွက်/သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် 'လို့ ပဲဘာသာပြန်ရမှာပါ

1.You might just as well put her wise.
or

You might just as well make her wise.
နင်သူ့ ကို ပြောပြလိုက်တာ အကောင်းဆုံးပဲ

2.Shall we put her wise to our plans.?
or
Shall we make her wise to our plans?
သူ့ ကို ငါတို့ ရဲ့ အစီအစဉ်တွေ ပြောပြလိုက်ရင်ကောင်းမလား

3.If only you had put me wise to that incident.
or
If only you had made me wise to that incident.
နင်သာ ငါ့ကို အဲဒီကိစ္စပြောပြခဲ့ရင် သိပ်ကောင်းမှာပဲ

4.Don't you dare put her wise to it.
or
Don't you dare make her wise to it.
ဒီကိစ္စနဲ့ ပတ်သက်ပြီး နင်သူ့ ကို ပြောပြရဲ ပြောပြကြည့်

5.How dare you put my parents wise to it.
or
How dare you make my parents wise to it.
နင်မို့ လို့ ငါ့မိဘတွေ ကို ဒီကိစ္စပြောပြလိုက်တယ်

အလားတူပဲ be/get wise to sb/sth ဆိုတာလည်း ဥာဏ်ရှိလာတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး

မဟုတ်တာသိတယ/် မရိုးသားတာသိတယ်/ အရူးလုပ်လို့ မရဘူး/ မကောင်းတာဖြစ်ပျက်နေတာကိုသိတယ် စသည်ဖြင့် အဓိပ္ပာယ်ရပါတယ်

1.I am wise to you.
နင်မရိုးသားတာ ငါသိတယ် (နင်ငါ့ကို အရူးလုပ်လို့ မရဘူး)

2.She deserted me the minute she got wise to my scheme.
သူ ကျွန်တော့်အကြံအစည်ကို သိသိချင်း ကျွန်တော့်ကို ထားသွားတယ်

3.Don't try to take me for a ride-I am wise to you.
ငါ့ကို လှည့်စားဖို့ မကြိုးစားနဲ့ နင်ကလိမ်ကကျစ်ဆိုတာ ငါသိတယ်

image
@alay1

Sort:  

World of Photography
>Visit the website<

You have earned 5.45 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.09
Server time: 02:52:05
Account Level: 0
Total XP: 79.25/100.00
Total Photos: 15
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 53801.93
ETH 2252.31
USDT 1.00
SBD 2.26