Note9

in #ananda6 years ago

Samsung အနေနဲ့လက်ရှိအချိန်မှာ GALAXY NOTE 9 ကိုနိုင်ငံ
တကာ ဈေးကွက်မှာ ရောင်းချဖို့အတွက် ခွင့်ပြုချက်တွေ ရယူနေ
တဲ့ အချိန်လည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Note 9 ဖု
န်းဟာ ထိုင်ဝမ်နိုင်ငံရဲ့ NCC ခွင့်ပြုချက်ကို ရရှိသွားပြီဖြစ်သလို
တရုတ်နိုင်ငံနဲ့ ဘရာဇီးနိုင်ငံတို့မှာ ရောင်းချခွင့်အတွက် TENAA
နဲ့ ANATEL တို့ရဲ့ အသိအမှတ်ပြုမှုကိုလည်း ရရှိထားပြီးဖြစ်ပါတ
ယ်။ ထိုင်ဝမ်မှာတော့ မော်ဒယ်နံပတ် SM-N960F/DS နဲ့တင်
ထားပြီး dual-SIM အသုံးပြုနိုင်မယ့် ဗားရှင်းလို့ သတ်မှတ်နိုင်ပါ
တယ်။IMG_20180722_210224.jpg

Galaxy Note 9 ရဲ့ အချက်အလက်ပိုင်းတွေနဲ့ ဈေးနှုန်းတွေပါ ဒီဇ
မှာထွက်ရှိလာပါတယ်။ သူ့မှာ screen ကို 6.3 inches မှာ
Super AMOLED 2K display နည်းပညာသုံးလာမှာဖြစ်ပြီး
18.5:9 အချိုးနဲ့ဖြစ်မှာပါ။ ဒါ့အပြင် Samsung အနေနဲ့ ဘက်ထ
ရီစွမ်းအားပိုင်းမှာ 4000mAh ကိုသုံးလာမှာဖြစ်ပြီး S Pen ဟာ
Bluetooth-controller စွမ်းဆောင်ချက် ထောက်ပံ့လာမှာဖြစ်ပါ
တယ်။ ကင်မရာပိုင်းအတွက် နောက်ကျောဘက်မှာ Dual ဖြစ်ပြီး
12MP အဓိကကင်မရာကို သုံးလာမှာဖြစ်ပြီး ဒုတိယကင်မရာရဲ့
အရည်အသွေးကိုတော့ မသိရသေးပါဘူး။ အရှေ့ဘက်မှာတော့
8MP ကင်မရာကို သုံးထားမှာပါ။

ပရိုဆက်ဆာပိုင်းမှာတော့ Exynos 9810 နဲ့ Qualcomm
Snapdragon 845 ဆိုပြီးခွဲခြား ထွက်ရှိလာမှာပါ။ Galaxy Note
9 ကို 6GB RAM နဲ့အတူ 64GB, 128 (သို့) 256GB နဲ့ထွက်ရှိ
လာမှာဖြစ်ပြီး အထူးဗားရှင်း အနေနဲ့ 8GBRAM 512GB သို
လှောင်မှုနဲ့ပါ ထုတ်လုပ်လာပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်ကထွက်ထား
တဲ့ Note 8 နဲ့အဓိက ကွာခြားချက်အနေနဲ့ fingerprint scanner
ကို dual ကင်မရာရဲ့ အောက်ဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပါတ
ယ်။ ဈေးနှုန်းတွေကတော့ 128GB မော်ဒယ်ကို ယူရို 1050 (ဒေါ်
လာ 1230) နဲ့ 512GB ကို ယူရို 1250 (ဒေါ်လာ1460) ဖြစ်လာ
မယ်လို့ သိရပါတယ်။
SOURCE™

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 65898.24
ETH 3442.24
USDT 1.00
SBD 2.62