Huawei's 40W Charge

in #ananda6 years ago

အခုနောက်ပိုင်း အဆင့်မြင့်စမတ်ဖုန်းတွေအတော်များများက ဖုန်းတွေရဲ့ Processor တွေ၊ RAM တွေ Storage တွေအပြင် အခြားသော အချက်အလက်တွေကိုပါ အချင်းချင်းပြိုင်ဆိုင်လာကြတာပဲဖြစ်ပါတယ်။ အဲ့ဒီထဲမှာ Battery လည်း အပါအဝင်ဖြစ်ပြီးတော့ Battery ပမာဏ ဘယ်လောက်များများပါဝင်တယ်ဆိုတာအပြင် နောက်ပိုင်းမှာ Fast Charging စနစ်လို့ ခေါ်တဲ့ အားအမြန်သွင်းတဲ့စနစ်ကိုပါ ပြိုင်ဆိုင်လာကြတာဖြစ်ပါတယ်။IMG_20180721_063934.jpg

အခုလက်ရှိအချိန်မှာ စမတ်ဖုန်းတွေထဲမှာ အသုံးအများဆုံးသော Fast Charging စနစ်ကတော့ Qualcomm ရဲ့ Quick Charge နည်းပညာပဲဖြစ်ပြီးတော့ လက်ရှိအချိန်မှာ အဆိုပါ Quick Charge 4.0 အထိ ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ အမြန်ဆုံး Fast Charging စနစ်တွေကို ပြောပါဆိုရင်တော့ OnePlus ရဲ့ Dash Charging စနစ်နဲ့ OPPO ရဲ့ Super VOOC Charging စနစ်တွေကိုပဲ ပြောရမှာပါ။ OPPO ရဲ့ Super VOOC Charging စနစ်ဆိုရင် 3750mAh Battery ကို ၃၅ မိနစ်နဲ့ 100% ပြည့်အောင် အားသွင်းနိုင်တာပဲဖြစ်ပါတယ်။IMG_20180721_063945.jpg

အခုအချိန်မှာ စမတ်ဖုန်းထုတ်လုပ်သူတွေက အခုလိုမျိုး Fast Charging စနစ်ကလည်း Flagship ဖုန်းတွေအတွက် အရေးပါတယ်ဆိုတာကို သိလာကြပြီး ဒီနှစ်မှာဆိုရင် Apple ကလည်း သူရဲ့ iPhone အသစ်တွေကို 18W Fast Charger တွေထည့်သွင်းပေးလာမှာပဲဲဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ဆုံးသိထားရတဲ့ သတင်းတွေအရတော့ Huawei ကနေ အခု စမတ်ဖုန်းတွေရဲ့ Fast Charging စနစ်တွေထဲမှာ အလျှင်မြန်ဆုံးဖြစ်လာမယ့် နည်းပညာတစ်ခုကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အခုလိုမျိုးဆောင်ရွက်နေတာက ယခင် Huawei P20 ဖုန်းနဲ့အတူ မိတ်ဆက်ခဲ့တဲ့ Huawei Supercharge နည်းပညာကို အဆင့်မြှင့်တင်လာမှာဖြစ်ပြီး Maximum အနေနဲ့ 40W အထိ ရှိမှာပဲဖြစ်ပါတယ်။ အားသွင်းတဲ့အချိန်မှာလည်း လက်ရှိ စမတ်ဖုန်း Charger တွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ 10V 4A နှုန်းနဲ့ အားသွင်းမှာဖြစ်တဲ့အတွက် လက်ရှိ Huawei P20 မှာ အသုံးပြုနေတဲ့ Supercharge Fast Charging စနစ်ထက်တောင် ၂ ဆ လောက်မြန်ဆန်မယ်လို့ ယူဆရပါတယ်။

အခုလိုမျိုး Huawei ကနေ Fast Charging နည်းစနစ်အသစ်ကို စမ်းသပ်နေတယ်ဆိုတာက Huawei က ဒီနှစ် နှစ်ကုန်ပိုင်းမှာ Kirin Processor အသစ်နဲ့ Huawei Mate 20 စမတ်ဖုန်းကို ထုတ်ပြသွားဖို့ရှိနေတဲ့အတွက် အခု စမတ်ဖုန်းတွေထဲမှာ အမြန်ဆုံးဖြစ်လာမယ့် 40W Supercharge စနစ်ကို Mate 20 ဖုန်းနဲ့ အတူမြင်တွေ့ရဖို့ များနေပါတယ်။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58656.89
ETH 2307.72
USDT 1.00
SBD 2.48