Mi Max3

in #ananda6 years ago

တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Xiaomi အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က စမတ်ဖုန်း ပရိသတ်တွေ ကြားမှာ အချိန် အတော်ကြာ ရေပန်းစားနေတဲ့ Mi Max Series စမတ်ဖုန်းတွေရဲ့ မျိုးဆက်သစ် မော်ဒယ် Xiaomi Mi MaX 3 ကို တရားဝင် မိတ်ဆက် ပေးခဲ့ပါတယ်။IMG_20180722_062435.jpg

Xiaomi Mi Max 3 မှာ ၆.၉ လက်မ အရွယ်အစားရှိ FHD+ Resolution (2160 x 1080 Pixels) Resolution Display ကို အသုံးပြု ထားပါတယ်။ 18:9 Aspect Ratio ဖြစ်တာကြောင့် Xiaomi Mi Max 3 မှာ ကျဉ်းမြောင်းတဲ့ ဘေးဘောင်တွေကိုသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Split Screen Feature ကိုလည်း Support လုပ်ပေးသွားမှာ ဖြစ်တာကြောင့် Screen အကြီးကြီးမှာ ဗွီဒီယိုကြည့်ရင်း နဲ့ အင်တာနက် သုံးမလား အဆင်ပြေပြေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Processor ပိုင်းမှာတော့ Xiaomi Mi Max 3 မှာ Qualcomm ရဲ့ Snapdragon 636 SoC ကို အသုံးပြု ထားပါတယ်။ အရင်တုန်းက ထွက်ရှိထားတဲ့ Mi Max 2 မှာ အသုံးပြုထားတဲ့ SD 625 SoC နဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင် SD 636 ဟာ စွမ်းဆောင်ရည်ပိုင်းမှာ ၃၀ ရာခိုင်နှုန်းခန့် ပိုမို ကောင်းမွန်ပြီး ပါဝါ အသုံးပြုမှုလည်း ပိုမို သက်သာ စေမှာ ဖြစ်တယ်လို့ သိရပါတယ်။

Xiaomi Mi Max 3 ကို RAM 4 + Internal 64, RAM 6 + Internal 128 စတဲ့ မော်ဒယ် နှစ်မျိုး အနေနဲ့ မိတ်ဆက် ပေးခဲ့တာ ဖြစ်ပြီး ဂိမ်းကစားရာမှာ အဆင်ပြေ ချောမွေ့စွာ ဆော့ကစားနိုင်စေရန် အတွက် Game Toolbox, One-Click Acceleration စတဲ့ Features တွေ ပါဝင်သလို Video Capture, Quick Reply စတဲ့ Feature တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

Xiaomi Mi Max 3 မှာ Rear Camera အနေနဲ့ 12MP + 5MP AI Dual Camera Setup ကို အသုံးပြုထားပြီး AI နည်းပညာ ပါဝင်တာကြောင့် အလင်းရောင် အပြည့်အဝ မရရှိတဲ့ နေရာတွေမှာပါ သေသပ် လှပတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Xiaomi Mi Max 3 မှာ ၆.၉ လက်မ အရွယ်အစားရှိ FHD+ Resolution (2160 x 1080 Pixels) Resolution Display ကို အသုံးပြု ထားပါတယ်။ 18:9 Aspect Ratio ဖြစ်တာကြောင့် Xiaomi Mi Max 3 မှာ ကျဉ်းမြောင်းတဲ့ ဘေးဘောင်တွေကိုသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Split Screen Feature ကိုလည်း Support လုပ်ပေးသွားမှာ ဖြစ်တာကြောင့် Screen အကြီးကြီးမှာ ဗွီဒီယိုကြည့်ရင်း နဲ့ အင်တာနက် သုံးမလား အဆင်ပြေပြေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
SOURCE
PHOTO- GOOGLE

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 66498.47
ETH 3469.97
USDT 1.00
SBD 2.62