Are you afraid?(ကြောက်နေလား.......?)
လွမ်းဆွေးရမှာကြောက်နေလား.....
အစကတည်းက သံယောဇဉ်မထားမိအောင်
ကြိုးစားလေ။
ရှုံးနိမ့်သွားမှာ ကြောက်နေလား......
အဲ့တာဆိုရင်တော့ အောင်မြင်မှုဆိုတာ
ကိုယ့်ရဲ့ မိတ်ဆွေ ဖြစ်မလာနိုင်တော့ဘူးလေ။
ဆုံးရှုံးသွားမှာ ကြောက်နေလား......
အစကတည်းက ပိုင်ဆိုင်ဖို့ မကြိုးစားခဲ့နဲ့လေ။
အထီးကျန်နေရမှာ တွေးကြောက်နေလား......
နဂိုကတည်းက အဖော်မရှာခဲ့နဲ့လေ။
စိတ်ညစ်ရမှာ ကြောက်နေလား......
အဲ့တာဆိုရင်တော့ ပျော်ရွှင်မှုဆိုတာ
ကိုယ့်ဆီ မျက်စိလည်ပြီးတောင် လမ်းမှားရောက်လာမှာ
မဟုတ်ဘူးလေ။
အောက်ပြုတ်ကျမှာတွေးပြီး ကြောက်နေလား......
အောက်ပြုတ်ကျမှာကြောက်နေရင်တော့
မြင့်မားနေတဲ့ဘဝတွေကို အားမကျခဲ့နဲ့လေ။
ဘယ်အရာပဲဖြစ်ဖြစ်
အဆိုးနဲ့အကောင်း အကျိုးနဲ့အကြောင်းဆိုတာ
ဒွန်တွဲနေတာ သဘာဝပါ
တစ်ခုလိုချင်ရင် တစ်ခုပြန်ပေးရတတ်သလို
နေရိပ်လိုချင်ရင်တော့ အရင်နေပူခံရတာပါပဲ။
တစ်ခုခုကို မလုပ်ခင် မစခင်ကတည်းက
တွေးပြီးကြောက်နေရင်
ပန်းတိုင်ဆိုတဲ့အရာက ကိုယ့်ကို
အမြင်ကပ်ပြီး လမ်းလွဲထားခံနေရမှာပဲ။
ဘာပဲလုပ်လုပ် မလုပ်ခင်စဉ်းစား
လုပ်တော့မယ်ဆိုရင်လည်း ဖြစ်လာနိုင်သမျှ
အဆိုးနဲ့အကောင်းကို ကြံ့ကြံ့ခံနိုင်မှ
ပျော်ရွှင်မှုအစစ်အမှန်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။