" ရွက်ကြွေတောက နွေခေါ်သံ " အပိုင်း - ( ၆ )
" ရှင် "
" ဇွတ်အတင်း မစီစဉ်ပါနဲ့အဖေနဲ့အမေရယ်၊
အရာအားလုံးအတွက် သမီးအဆင်သင့်မဖြစ်သေးဘူး။
သမီးကို နားလည်ပေးပါနော် "
" မရတော့ဘူး သမီး ၊ စကားတွေလွန်ကုန်ပြီ "
အမေဖြစ်သူ ဒေါ်အေးရဲ့စကားသံကြားပြီး
ဘာမှမပြောတော့ဘဲ အိပ်ခန်းထဲကို
မိခွေးမလေး ပြေးဝင်သွားတယ်၊ ဘယ်သူနဲ့မှလည်း
မတွေ့ချင်တော့ဘူး။
မိခွေးမ ဘာလုပ်ရမလဲ ၊ အခုကြည့်ပါဦး ၊
သူမ မမြင်ဖူး,မတွေ့ဖူးဘဲ ဘာမှလည်းမသိရတဲ့
လူတစ်ယောက်နဲ့ နေရာချပေးဖို့အတွက်
မိဘတွေက စီစဉ်ထားပြီးသားတဲ့
အဲဒီလူ ဘယ်လိုလူဆိုတာက် အဲဒီလူကို
မိခွေးမ မချစ်တာတော့ သေချာတယ်။
သူမ ချစ်နေမိတာက သာမန်တောသားလေး မောင်ခိုင်ထူးကို၊
သူမကို ချစ်ရေးဆိုထားတဲ့မောင်ခိုင်ထူးအတွက်
ပျော်စရာအဖြေက ရင်ထဲမှာရှိပြီးသားပါ။
အဲဒီအဖြေကိုတောင် မပေးရသေးဘူး
ပျော်ရမယ် ကြံကာရှိသေး အခုစိတ်ညစ်စရာတွေ
ကြုံလာရလေတော့ ၊ မိခွေးမလေး မဖြေသာဘူး။
သူမ ဘယ်လိုရင်ဆိုင်ရမလဲ ?
ဒီအချိန် မောင်ခိုင်ထူးဘေးမှာရှိနေရင် သိပ်ကောင်းမှာပဲ၊
အခုတော့ ဒီအဖြစ်တွေကို မောင်ခိုင်ထူးမသိရှာဘူး၊
မောင်ခိုင်ထူးဆီကို လိုက်သွားဖို့ကလည်း
အရမ်းဝေးတဲ့ရေလမ်းခရီးကို သူမ မသွားတတ်။
" ငါချစ်တဲ့သူနဲ့မှမပေါင်းရရင်
ငါမနေတော့ဘူး "
တစ်ယောက်တည်း အတွေးတွေ,အဆွေးတွေနဲ့
အိပ်မပျော်ခဲ့ဘူး။
နောက်လေးရက်တိတိ မောင်ခိုင်ထူးကို
သူမစောင့်နေခဲ့သေးတယ်။
ဒါပေမယ့် -
မောင်ခိုင်ထူး ပေါ်မလာခဲ့ဘူး။
သေချာတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချပြီး
တဲဘေးပတ်ပတ်လည် တစ်ဝိုက်မှာလူသူကင်းအောင်
စောင့်ပြီး ၊ တဲရဲ့အနောက်ဘက်ဆီကို
သူမ ဖြေးဖြေးလေး လျှောက်သွားတယ်။
တွေ့ပြီ ၊ သူမ လိုချင်တဲ့အနေအထား
သစ်ပင်အရင်းက ကြီးမားပြီးတက်ရလွယ်တယ်။
အနောက်ဘက်ကို ဖြာထွက်နေတဲ့ အကိုင်းလေးမှာ
သူမ လက်ထဲမှာအသင့်ပါလာတဲ့ ကြိုးကို
မြဲမြံအောင်ချည်လိုက်တယ်၊ ပြီးတာနဲ့ ကြိုးစတစ်ဖက်ကို
ကွင်းလျှော လုပ်ပြီး သူမလည်ပင်းမှာ
စွပ်လိုက်တယ်။
မျက်ဝန်းမှာလည်း မျက်ရည်များစွာကစီးဆင်းလျက်၊
သူမ - သူမ ခုန်ချလိုက်တယ်။
အသက်ရှူကြပ်လာပြီး အားလုံးမှုန်ဝါးဝါးနဲ့
သူမ လက်တွေ,ခြေတွေဟာ ရုန်းကန်လှုတ်ရှားပြီး
ကွေးကောက်လာတယ်။
ခဏကြာတော့ သူမငြိမ်သွားတယ်။
အရှုံးပေးလိုက်ပါပြီ၊ လောကဓံကို သူမ မခံစားနှိုင်ခဲ့ဘူး။
" ဟင့်အင်း အဲလိုမဖြစ်ရပါဘူး၊ မဟုတ်ပါဘူးဗျာ၊
သူမ အသက်ရှိနေဦးမှာပါဗျာ "
မိခွေးမလေးရဲ့ အိတ်ကပ်ထဲက စာလေး
" ခင်ဗျားကို ကျနော်အရမ်းချစ်ပါတယ် ကိုခိုင်ထူး " တဲ့
မောင်ခိုင်ထူး ဘာလုပ်ရမလဲ
အရူးတစ်ပိုင်းဘဝနဲ့ မိခွေးမလေးမရှိတော့တာကို
အခုထိ လက်မခံနိုင်သေးဘူး။
" သူငယ်ချင်း မောင်ထူး ၊ သတိထားပါဦးကွာ
သူငယ်ချင်း သတိထားပါကွာ "
ပြောသာပြောနေရတာ ကျွန်တော့်မျက်ဝန်းမှာလည်း
မျက်ရည်တွေအပြည့်နဲ့ ၊ ကျွန်တော် ဘာပြောရမှန်းမသိ
ကျွန်တော့် သူငယ်ချင်းမောင်ထူးကိုကြည့်ပြီး
ကျွန်တော့်စကားတွေ ဆွံ့အနေခဲ့တယ်။
တကယ်တော့ ကျွန်တော့်သူငယ်ချင်းမောင်ထူးဟာ
ဒီနေရာကိုလာရမှာ ကြောက်နေခဲ့တာမဟုတ်ပါဘူး။
ဒီနေ့အထိ မိခွေးမလေးရှိနေတုန်းလို့ထင်နေတုန်းပါ၊
ကျွန်တော့်သူငယ်ချင်း မောင်ထူးဟာ
တစ်ခြားလူ မဟုတ်ပါဘူးဗျာ၊
တစ်ချိန်က မိခွေးမလေး စောင့်နေခဲ့တဲ့
ဝါးဖောင်ထိုးသမား မောင်ခိုင်ထူးပါပဲ။
ဒီနေရာကို သူမလာချင်ပါဘူး၊ကျွန်တော်က
အတင်းခေါ်လို့သာ လိုက်လာရတာပါ။
သူငယ်ချင်းပြောပြတာတွေကို နားထောင်ပြီးတော့
အရမ်းဝမ်းနည်းမိတယ်၊ ကိုယ်ချင်းလည်းစာမိတယ်။
မိခွေးမလေး လောကကြီးကိုအရှုံးပေးခဲ့တာဟာ
ဒီလိုနွေရက်တွေမှာပါပဲ၊
တပေါင်းလနွေသစ်ရွက်တွေကြားမှာ
အော်ဟစ်ငိုကြွေးနေတဲ့ ကျွန်တော့်သူငယ်ချင်းကိုကြည့်ပြီး
ကျွန်တော့်ရင်ထဲခံစားမိတာလေးကတော့
"ရွက်ကြွေတောက နွေခေါ်သံ" လို့ပါပဲဗျာ။
သစ်ပင်အောက်မှာ ထိုင်နေလိုက်တာ
ညနေလည်းစောင်းပြီမို့ သူငယ်ချင်းကိုတွဲထူရင်း
ကျွန်တော့်မော်တော်ဘုတ်လေးဆီပြန်လာခဲ့ပါတော့တယ်။
( ပြီးပါပြီ )
(၁၃၅၅/၆) ခုနှစ်ကာလအချိန်အခါမှာတကယ်ဖြစ်ပျက်ခဲ့တဲ့
ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို ကျွန်တော် " နောင် " မှ
ခံစားရေးသားလိုက်ခြင်းဖြစ်ပါတယ်။
မိခွေးမလေးရဲ့နာမည် ၊ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ရဲ့နာမည်တွေကိုသာ
အမှန်ဖော်ပြခဲ့ပြီး ကျန်တဲ့လူတွေရဲ့နာမည်အရင်းတွေကို
အမှန်မဖော်ပြပါဘဲ ၊ နာမည်ပြောင်းထားပါတယ်။
ဒါကလည်း ပုဂ္ဂိုလ်ရေးရာတွေရှိလို့ ဖော်မပြနိုင်တာကို
စာဖတ်သူများ နားလည်ပေးစေချင်ပါတယ်ခင်ဗျာ။
အားလုံးကိုကျေးဇူးတင်လျက်
ရိုစင်နောင် - ပန်းလောင်နဒီ
12.5.2018. 6:14. PM
ပရိတ်သက်တိုးလာတယ်နော် 51 ရောက်ရနေတာကေါ့