Huawei P29pro Vs iPhoneX
Huawei ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ စမတ်ဖုန်း အလုံးရေ ၁၅၃ သန်းရောင်းချနိုင်ခဲ့ပြီးတော့ Apple နဲ့ Samsung ရဲ့ အနောက်မှာ တတိယရောင်းအားအကောင်းဆုံးစမတ်ဖုန်းအနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ Huawei က Apple ကိုတောင် ကျော်တက်ဖို့ ကြံစည်နေပြီဖြစ်ပါတယ်။
အခုသတင်းကိုတော့ Huawei ရဲ့ CEO Yu Chengdong ကိုယ်တိုင်ကပြောကြားခဲ့တာဖြစ်ပြီးတော့ Huawei ဟာ ယခုပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်းမှာ ရောင်းအားကို ၅၁ ဆ အထိ တိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးတော့ အခုနှစ်မှာလည်း ရလဒ်ကောင်းတွေရရှိမယ်လို့ ယုံကြည်နေပါတယ်။ ဘယ်လောက်ထိတောင်လဲဆိုရင် ဒီနှစ်တစ်နှစ်ထဲမှာတင် စမတ်ဖုန်း အလုံးရေ သန်း ၂၀၀ ရောင်းချဖို့ ရည်ရွယ်ထားပြီးတော့ Apple ကိုတောင် ကျော်တက်ဖို့ ကြံစည်နေတာဖြစ်ပါတယ်။
Apple ဟာ မနှစ်တုန်းက iPhone အလုံးရေ ၂၁၅ သန်းကျော်ရောင်းချရခဲ့တာဖြစ်ပေမယ့် မနှစ်က အခုလို ရောင်းအားကောင်းခဲ့တာက iPhone X ကြောင့်အများအပြားပါဝင်ခဲ့ပြီးတော့ အခုနှစ်မှာတော့ သန်း ၂၀၀ အောက်ပဲ ရောင်းချရမယ်လို့ ခန့်မှန်းထားကြတာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ Huawei ဟာ Mid Range ဖုန်းတွေအများအပြားထုတ်လုပ်နေတဲ့အပြင် ထိပ်တန်းဖုန်းတွေဖြစ်တဲ့ Huawei P20 Pro လိုဖုန်းတွေကလည်း ရောင်းအားကောင်းနေတဲ့အတွက် ဒီပမာဏကဖြစ်နိုင်တယ်လို့ ပြောလို့ရပါတယ်။
Source